Monday, January 26, 2015

သစ်တောဝန်ထမ်းများအား သတ်ဖြတ်သူဟု ယူဆရသူနှစ်ဦးကို ဖမ်းဆီးထား

ရန်ကုန်၊ ဇန်နဝါရီ ၂၄- ရှမ်းပြည်နယ် လင်း ခေးခရိုင် သစ်တောဦးစီးဌာနမှ ဝန်ထမ်း လေးဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုမှ ပြစ် မှုကျူးလွန်ကြောင်း သံသယရှိသူ နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း လင်းခေးမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး တင်မောင်ဆွေက ပြောသည်။
မသင်္ကာတရားခံ အမျိုးသားနှစ် ဦးကို တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ယခုအခါ စစ်ဆေးလျက်ရှိပြီး ပတ်သက် ဆက်နွယ်မှုရှိသည့် တရားခံတချို့ကိုလည်း ဖမ်းဆီးရမိရန် ဆောင်ရွက်နေကြောင်းသိ ရသည်။
လင်းခေးမြို့နယ် ရဲစခန်းမှစခန်း မှူး ဒုရဲမှူးတင်မောင်ဆွေက ''ပူးပေါင်း ရဲ တပ်ဖွဲ့က ဖမ်းဆီးရမိထားတာပါ။ မသင်္ကာ တရားခံအဖြစ်နဲ့ စစ်ဆေးနေပါတယ်။ ဘယ် နေရာမှာ မိတယ်၊ ဘယ်အဖွဲ့အစည်းကဆို တာကိုတော့ ထုတ်ဖော်ပြောလို့ မရပါဘူး'' ဟုပြောသည်။



၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း က ရှမ်းပြည်နယ် လင်းခေးခရိုင်အတွင်း သစ်တောဝန်ထမ်းခြောက်ဦးသည် ရှမ်းပြည် နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ သတင်းပေးပို့မှုအရ သစ်ခိုးထုတ်သူများကို သွားရောက်ဖမ်းဆီးရာမှ အပြန်တွင် အသတ် ခံရခြင်းဖြစ်သည်။ သေဆုံးသူများမှာ လင်း ခေးခရိုင် သစ်တောဦးစီးဌာနမှ ခရိုင်ဦးစီး မှူး ဦးလှမင်း၊ မိုးနဲသစ်တောဦးစီးဌာနမှ တောခေါင်း ဦးစစ်ထွေး၊ လင်းခေးသစ်တော ဦးစီးဌာနမှ တောခေါင်းဦးသန်းထိုက်အောင် နှင့် ဦးဘိုမင်းတို့ လေးဦးဖြစ်ပြီး ၄င်းတို့သည် လက်နက်ငယ် ကျည်ဆန်ထိမှန် ဒဏ်ရာများ ဖြင့် သေဆုံးနေပြီး ၄င်းတို့၏ မော်တော်ဆိုင် ကယ်နှစ်စီးကိုလည်း ဖျက်ဆီးထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

''ကျွန်တော်တို့ဥက္ကဋ္ဌကြီး ဒုတိ ယဗိုလ်ချုပ်ကြီး ယွက်စစ်ကလည်း ပြောပြီး ပြီ။ ဒီကိစ္စကလည်း ကျွန်တော်တို့အဖွဲ့ရဲ့ လက်ချက်မဟုတ်ပါဘူး။ ဖမ်းမိရင်တော့ ကောင်းတာပေါ့ အမှုမှန်ပေါ်လာတော့မှာ ပေါ့''ဟု RCSS/SSA အဖွဲ့မှ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှက ပြောသည်။

The Voice Weekly

No comments:

Post a Comment