Monday, February 2, 2015

ဆရာမနှစ်ဦးအသတ်ခံရမှုနှင့် သံသယဖြစ်စရာများ

အားလုံးသိတဲ့အတိုင်း ဆရာမနှစ်ဦးအသတ်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ရေး ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ဖြစ်နေပြန်ပါပြီ။
အမှုစုံစမ်းရေးအဖွဲ့လည်း တော်တော်စိတ်ဓာတ်ကျလာပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်ကူညီမှု အားနည်းချက်က တစ်ကြောင်း၊ ခေါ်ယူစစ်ဆေးမေးမြန်းတဲ့အခါမှာလည်း ဖုံးကွယ်မှုတွေ ရှိနေတာက တစ်ကြောင်းလို့ ဆိုရပါ့မယ်။ နောက်ထပ် စစ်ဆေးတွေ့ရှိချက်ကလည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ထည့်သွင်းစဉ်းစားစရာဖြစ်နေပါတယ်။
သူကတော့ အခြားမဟုတ်ပါဘူး။ ဆရာမနှစ်ဦးအသတ်ခံရတဲ့ အိမ်အနား က ဒေါ်ခွန်မိုင်ရဲ့သား မာတီး ဆိုတဲ့လူပဲဖြစ်ပါတယ်။

သူတို့ရောက်တဲ့အချိန်ကစပြီး မာတီးကို အိမ်မှာ မတွေ့ရတာပါ။ ည ၁၁ နာရီခွဲလောက် ဘုရားကျောင်းဘက်ကအော်သံကြားလို့ ကိုမျိုးတင့်တို့ လင်မယားနဲ့ အိမ်ရှင် ဒေါ်ခွန်မိုင်တို့ သွားကြည့်ခဲ့ကြ တယ်။ အဲဒီအချိန်မှာလည်း အိမ်မှာ မာတီး မရှိပါဘူး။
ဆရာမနှစ်ဦးအိမ်ရှေ့ရောက်တော့ ဒေါ်ခွန်မိုင်တို့ အော်ခေါ်ပေမယ့် ပြန်ထူးသံမကြားရဘူး။ အိမ်နံရံကိုလက်နဲ့ပုတ်နှိုးခဲ့ပေမယ့် ပြန်ထူးသံမကြားတာနဲ့ ပြန်လာ ခဲ့ကြတယ်။ အိမ်ပြန်ရောက်တဲ့အထိ မာတီးကို မတွေ့ရပါဘူး။ ဒါဆိုရင် အဲဒီညတစ်ညလုံး မာတီးဘယ်သွား နေလဲ သံသယဖြစ်စရာကောင်းပါတယ်။
မနက်မိုးလင်းတဲ့အထိ မာတီး အိမ်ပြန်မလာသေးဘူးဆိုတာ ကိုမျိုးတင့်တို့ မျက်မြင်သက်သေ ရှိနေ ပါတယ်။ သံသယအရှိဆုံးလူဟာ မာတီးပါ ဆိုပြီး ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတယ်။ ဒါပေမယ့် မိခင် ဒေါ်ခွန်မိုင်က သူ့သား မာတီး အဲဒီနေ့ညက အိမ်မှာ ရှိနေတယ်လို့ ထွက်ဆိုထားပါတယ်။ ညအိပ်တဲ့အချိန်ထိ မာတီးကို မတွေ့ရဘူးလို့ထွက်ဆိုထားတဲ့ ကိုမျိုးတင့်တို့ရဲ့ ထွက်ဆိုချက်နဲ့ အိမ်မှာ ရှိပါတယ်လို့ ထွက်ဆို ထားတဲ့ ဒေါ်ခိုင်မွန်တို့ဟာ ကွဲလွဲမှုတွေ ဖြစ်နေတာတွေ့ရပါတယ်။
သို့ဆိုလျှင် ဘယ်သူ့ထွက်ဆိုချက်မှန်မည်နည်း၊ အိမ်မှာ ရှိလျှင် ဧည့်သည် ၃ ဦးလုံး တစ်ယောက် မဟုတ်တစ်ယောက် မာတီးကိုမြင်ပါလိမ့်မည်။ မာတီး အိပ်နေတာ မှန်ခဲ့လျှင်တောင် ဆရာမလေးတွေ အော်သံကြားတုန်းက ဘာလို့လိုက်မကြည့်ခဲတာပါလိမ့်။ ကိုယ့်အိမ်နီးချင်း ဆရာမလေးတွေကို ဧည့်သည် ကိုမျိုးတင့်တို့တောင် စိုးရိမ်ပူပန်စွာ သွားကြည့်သေးရင် မာတီးအနေနဲ့ ပိုပြီးကြည့်သင့်တာပေါ့။ ဒါပေမယ့် အိပ်ရာထဲမှာ အိပ်နေခဲ့တဲ့ ပုံစံမျိုးပြောတာကတော့ ယုံကြည်ဖို့ တော်တော်ခက်ခဲနေပါတယ်။
မည်သို့ပင်ဖြစ်စေ ဆရာမနှစ်ဦး အသတ်ခံရမှု အမှုမှန်ပေါ်ရေး သံသယဖြစ်စရာများ ထပ်တိုး လာပြန်ပါပြီ။
အများတကာက အော်ဟစ်စွပ်စွဲနေသော တပ်တော်သားတွေနဲ့ပတ်သက်လို့ မသင်္ကာစရာ အချက်အလက်များ မတွေ့သေးကြောင်း စစ်ဆေးရေးအဖွဲ့က ပြောပါတယ်။ မာတီး အိပ်တယ် ၊ မအိပ်ဘူး နှစ်မျိုးကွဲပြားနေပါတယ်။ ခေါ်ခွန်မိုင်က အမေဖြစ်တဲ့အတွက် သားကို ကာကွယ်ပြောဆိုပေးနေခြင်းလည်း ဖြစ်နိုင်ပါတယ်။ ကိုမျိုးတင့်တို့ ၃ ဦးပြောသလို အဲဒီနေ့ညက မာတီး အိမ်မှာ မရှိဘူးဆိုရင် ဘယ်သွား နေသလဲဆိုတဲ့ အဖြေက အမှန်တရားကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ ယုံကြည့်မျှော်လင့်မိပါတယ်။
ဇော်လင်းခေါင်
Credit to: နေ့စဉ်သတင်း

No comments:

Post a Comment