Tuesday, February 3, 2015

အဖြစ်မှန်ကို သိစေချင်တယ်

လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာတွေပေါ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ VOA သတင်းဌာနတို့ရဲ့ အင်တာဗျူး အစီအစဉ်မတိုင်မီ ပြင်ဆင်နေတဲ့အချိန်မှာရိုက်ကူး ထားတဲ့ဓါတ်ပုံတစ်ပုံနဲ့ပတ်သက်ပြီး မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်နေတာကို တွေ့ရတော့ တော်တော်စိတ်မကောင်းဖြစ်မိသလို အဲဒီလိုတမင်ရည်ရွယ်ပြီးလုပ်ကြံဖန်တီးခဲ့တဲ့လူရဲ့ အသိဥာဏ်နဲ့ စိတ်ဓါတ် ကလည်း တော်တော်အောက်တန်းကျတယ်လို့ပဲ ဝေဖန်ချင်တယ်။

ဒီဓါတ်ပုံမှာပါတဲ့သူက VOA သတင်းဌာနက သတင်းထောက် စည်သူနိုင်ပါ။ တကယ်တော့ သူ့အနေနဲ့က အင်တာဗျူး တွေမှာတပ်ရတဲ့ မိုက်ခရိုဖုန်းဘက်ထရီကို မေးမြန်းမှုမစမီမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ခါးမှာ တပ်ပေးနေတာပါ။ တပ်ပေးနေတာကလည်း ကျွန်တော်တို့အားလုံးရဲ့အရှေ့မှာတပ်ပေးနေတာ။ VOA မြန်မာပိုင်းဌာနမှုး ကိုသန်းထွန်းလွင် ကိုယ်တိုင်လည်းရှိတယ်။ ကျွန်တော်တို့ ရိုက်ကူးရေးအဖွဲ့တွေရော၊ တပ်ကအဖွဲ့တွေရော၊ VOA အဖွဲ့တွေရော အားလုံးရှေ့မှာ မိုက်ခရိုဖုန်း ဘက်ထရီကို တပ်ပေးနေတာပါ။
အခုဖြစ်တဲ့ပြဿနာက ဒီဓါတ်ပုံကိုဖေ့ဘွတ်ပေါ်ကိုစတင်တဲ့သူကနေစတာပါ။ တင်တဲ့သူကတော့ စည်သူနိုင်ကိုယ်တိုင်ပါပဲ။ အဲဒီမှာ ထူးခြားတာက စည်သူနိုင်ကိုယ်တိုင်က သူ့ဓါတ်ပုံနဲ့ သူလုပ်ပေးခဲ့တဲ့အကြောင်းအရာကို တစ်ခြားသူ တစ်ယောက်က မဟုတ်မမှန်ရေးသားပြီး ၀ါဒဖြန့်ထားတာကို သူ့ဖေ့ဘွတ်အကောင့်မှာ ရှယ်ယာပြန်လုပ်ပြီး ဟုတ်သယောင်ယောင်နဲ့ရောချ ထားတာပါပဲ။
သူဘာလုပ်ခဲ့တယ်ဆိုတာသူကိုယ်တိုင်အသိဆုံးပါ။ ကျွန်တော်အပါအ၀င် ကိုသန်းထွန်း လွင်ရော တပ်က အဖွဲ့တွေရော ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးအရှေ့မှာ လုပ်ခဲ့ တာကို စည်သူနိုင်ကိုယ်တိုင်က ဒီလိုဝါဒပြန် ဖြန့်ထားတာ တွေ့တော့ တော်တော်အောက် တန်းကျတဲ့စိတ်ဓါတ်ပါလားလို့ပဲ ပြောချင်ပါတယ်။ အမှန်တကယ်ဆို စည်သူနိုင် ကိုယ်တိုင်က ဒါဟာမဟုတ်မမှန်ကြောင်းပြန်ရှင်းပြရမှာပါ။
ဒါပေမယ့် သူကိုယ်တိုင်ကိုက ဒီလိုမျိုးလုပ်တယ်ဆိုတော့ တမင်ကိုအပုတ်ချ တိုက်ခိုက် တယ်ဆိုတာ ငြင်းမရပါဘူး။ ဒီတော့ အားလုံးသိတဲ့ ကိစ္စကိုတောင် နာမည်ကြီး သတင်းဌာနတစ်ခုရဲ့ သတင်းထောက် တစ်ဦးဖြစ်တဲ့ စည်သူနိုင်အနေနဲ့ ဒီလို အဆင့်အတန်းမရှိတဲ့အောက်တန်းကျတဲ့လုပ်ရပ်ကိုလုပ်ခဲ့တာဟာ လွန်စွာသေးနုပ် သိမ်ဖျင်းတဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်ပဲဖြစ်တယ်လို့ ပြောလိုက်ချင်ပါတယ်။
စိုးထွဋ်နိုင်
Credit to Khun Tinhtun

No comments:

Post a Comment