Tuesday, February 3, 2015

ကျန်ရှိနေသေးတဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ အခြေအနေ

လေးပွင့်ဆိုင် ဆွေးနွေးမှုအတွက် ကျန်ရှိနေသေးတဲ့ အချက်တွေကို နေပြည်တော် ပညာရေး ဝန်ကြီးဌာနမှာ ဒီနေ့ မနက် ၉ နာရီက စပြီး ဆွေးနွေးနေကြပါတယ်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ကျောင်းသား ကိုယ်စားလှယ်တွေနဲ့ NNER အဖွဲ့ ကိုယ်စားလှယ်တွေ အပြင် တခြား လိုက်ပါမှတ်တမ်းယူသူတွေနဲ့ သတင်းမီဒီယာတွေကို ဝင်ခွင့်ကန့်သတ်ထားတာကြောင့် အစည်းအဝေး ခန်းမကနေ ကျောင်းသားတွေနဲ့ NNER ကိုယ်စားလှယ် အားလုံး ပြန်ထွက်လာတယ်လို့ ဗကသ ကျောင်းသားကိုယ်စားလှယ် ကိုမင်းသွေးသစ်က The Voice ကို ပြောပါတယ်။


အစိုးရအဖွဲ့နဲ့ လွှတ်တော်အဖွဲ့ကတော့ အစည်းအဝေးခန်းမ အတွင်းမှာ ကျန်ခဲ့ပြီးတော့ တိုင်ပင်နေကြတယ်လို့ ကိုမင်းသွေးသစ်က ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က လေးပွင့်ဆိုင် ဆွေးနွေးရာမှာ ဆွေးနွေးချက် မူဘောင်ကိုးချက်ကို ကနဦးဆွေးနွေးခဲ့ပြီး သမဂ္ဂ ဖွဲ့စည်းခွင့် ဥပဒေပြင်ဆင်ရေးတွင် ကျောင်းသားကိုယ်စားလှယ်များ ပါဝင်ခွင့် စတဲ့ အချက်တွေအတွက် ဒီနေ့ ဆက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

The Voice Weekly

No comments:

Post a Comment