Wednesday, February 25, 2015

ပေါ်တာဆွဲမည်ဟု မမှန်သတင်းလွှင့်သူကို ဖမ်းဆီးအရေးယူမည်ဟုဆို

ကိုးကန့်ဒေသတွင် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ပြည်သူများကို ပေါ်တာဆွဲမည် ဟု ကောလာဟလများ ထွက်ပေါ် နေသဖြင့် ပြည်သူများ ထိတ်လန့် လျက်ရှိရာ ပေါ်တာဆွဲမည်ဟု မဟုတ်မမှန်သတင်းလွှင့်သူများ ကို ဖမ်းဆီးအရေးယူရန် မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ညွှန်ကြားထား ကြောင်း သတင်းရရှိသည်။
ကိုးကန့်တိုက်ပွဲရက်ကြာ ရှည်ဖြစ်ပွားနေသောကြောင့် လို အပ်ချက်အရ ပေါ်တာဆွဲမည်ဟု မြို့နယ်အသီးသီး၌ ကောလာဟလများ ထွက်ပေါ်နေသည်။
ယင်းသတင်းများ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ 7Day Daily က အာဏာပိုင်များထံ ဆက်သွယ်မေးမြန်းရာ ထိုသတင်းမဟုတ်မှန်ကြောင်းပြောဆိုပြီး အထိတ်တလန့်ဖြစ်အောင် လှုံ့ဆော်ပြောဆို သူများကို ဖမ်းဆီးအရေးယူသွားမည်ဟု အာဏာပိုင်များက ပြောသည်။

‘‘မနေ့ကလည်း ပဲခူးဘက်မှာ အရက်မူးပြီး ပေါ်တာဆွဲနေတယ် လို့ပြောလို့ အဲဒီလူကို ဖမ်းဆီး ထားပါတယ်။ ပေါ်တာဆွဲမယ်ဆို တာ မဟုတ်ပါဘူး။ ပြည်သူတွေ ကိုအထိတ်တလန့်ဖြစ်အောင် ပြောဆိုသူတွေကို အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားပါမယ်’’ ဟုမြန်မာနိုင်ငံရဲတပ်ဖွဲ့ (နေပြည်တော်)မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးဇော်မင်းဦးက ပြော ကြားသည်။
‘‘ပေါ်တာဆွဲမယ်ဆိုတာ မဟုတ်ရပါဘူးဗျာ။ မဆွဲပါဘူး။ ပြည်သူတွေကို စိတ်ချမ်းသာ အောင် ထားနေပါတယ်ဗျာ။ ကောလာဟလတွေ ပြောနေကြတာပါ။ အဲဒီလိုပြောပေးကြပါဗျာ’’ ရန်ကုန်တိုင်းနယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။
အချို့မြို့နယ်များတွင် ပေါ် တာဆွဲမည်ဟု သတင်းများထွက် ပေါ်နေခြင်းနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း၊ ထိုကဲ့သို့ ပြောဆိုသူများကို အသိပေးအကြောင်း ကြားပါရန် လှည့်လည်ကြေညာ လျက်ရှိကြောင်း သတင်းရရှိ သည်။
‘‘ကျွန်တော်တို့ မြို့မှာလည်း အဲဒီလိုသတင်းတွေ ထွက်နေလို့ မဟုတ်ဘူးလို့ ၂၂ ရက် ညက လော်နဲ့ လိုက်ကြေညာနေတယ်။ လူတွေက တကယ်ထင်နေကြ တာ။ အစက ကျွန်တော်တို့လည်း တကယ်ထင်ပြီး ညဘက်ဆို အ ပြင်မထွက်ရဲဘူး’’ဟု ဒိုက်ဦးမြို့ နယ်မှ ကိုသိန်းလင်းကပြောသည်။
ဖေဖော်ဝါရီ ၂၃ ရက် ညက ပဲခူးမြို့၊ ဆိုရှယ်လစ်ရပ်ကွက်၊ ၂၆ လမ်းနေ ကိုအောင်သက်သည် အရက်မူး၍ ပေါ်တာဆွဲနေပြီဟု အော်ဟစ်ပြောဆိုသောကြောင့် ပြည်သူများ ထိတ်လန့်မှုဖြစ်ရာ ထိုကဲ့သို့ ပြောဆိုသူကို ပဲခူးမြို့ နယ် အမှတ်(၁)မြို့မရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သတင်းရရှိ သည်။
‘‘အရင်စစ်အစိုးရ လက် ထက်တုန်းက ခုလိုမျိုးတိုက်ပွဲ တွေဖြစ်ပြီဆို ပေါ်တာဆွဲနေကျ ဆိုတော့ ပြည်သူတွေက လန့်တာ ပေါ့။ အစိုးရအနေနဲ့လည်း မဟုတ်ဘူးဆိုတာ တရားဝင်ကြိုတင် အ သိပေးထားတော့ ပိုကောင်းတာ ပေါ့’’ဟု ပဲခူးမြို့တွင်နေထိုင်သော ဦးမြတ်သူက ပြောသည်။
ဖေဖော်ဝါရီ ၂၂ ရက် ညက လည်း ဒိုက်ဦးနယ်တစ်ဝိုက်မှ ရွာ သား ခုနစ်ဦးခန့်ကို ညအချိန်များ ၌ ပေါ်တာလာဆွဲသွားသည်ဟူ သော သတင်းက ဒေသတစ်ဝိုက် ပျံ့နှံ့နေသောကြောင့် ကျေးရွာ များမှာ လူငယ်များသည် ညအချိန် များတွင် မိမိနေအိမ်များတွင် မအိပ်စက်နိုင်ဘဲ တောထဲသွား တိမ်းရှောင်ခဲ့ကြသည်ဟု သင် အင်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
‘‘အခုကျွန်တော့် ရော်ဘာခြံ နားမှာ ပေါ်တာဆွဲလို့ အလုပ်သ မားတွေ ကြောက်နေကြတယ်။ ဒိုက်ဦးမြို့နယ် သင်အင်းရွာတစ် ၀ိုက်မှာ’’ဟု ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးရှိ ရော်ဘာစိုက်ခင်းပိုင်ရှင်တစ်ဦးက ပြောသည်။
၎င်းတို့အနေဖြင့် ပေါ်တာဆွဲ ခံရသည်ဟူသော အဖြေအတိအ ကျ မသိရသေးသော်လည်း အ ဆိုပါ သတင်းကြောင့် ဒေသခံ အားလုံး စိုးရိမ်နေရသည်ဟုသာ ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။
7Day Daily

No comments:

Post a Comment