Monday, February 2, 2015

သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် စာရင်း၌ အဆင့် ၄ နေရာသို့ ရောက်ရှိလာသည့် မြို့ရန်ကုန်

ရန်ကုန်မြို့သည် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် စာရင်းတွင် အဆင့်(၄) ရောက်နေသည်ဟု သဘာဝဘေးအန္တရာယ် စောင့်ကြည့်လေ့ လာရေး ဆောင်ရွက်နေသည့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များထံမှ သိရသည်။

Urban Research & Development Institute (URDI) ၏ သုတေသ နအရ ရန်ကုန်မြို့ရှိ လူဦးရေမှာ ၅ ဒသမ ၂ သန်းရှိပြီး လူဦးရေအများဆုံးနေထိုင်သည့် မြို့ဖြစ်နေခြင်းကြောင့် ၄င်းတို့ သုံးစွဲသည့် ဇိမ်ခံပစ္စည်းများ၊ မိလ္လာစနစ်နှင့် အမှိုက်စွန့် ပစ်စနစ်များကြောင့် ထိုစာရင်းတွင် အဆင့် (၄) ရောက်ရှိနေခြင်း ဖြစ်သည်ဟု သိရသည်။

''မြို့ပြဒေသမှာ လူတွေနေထိုင် လာတာနဲ့အမျှ စားသုံးမှုတွေ များလာတော့ လေထုညစ်ညမ်းမှုတွေ၊ ရာသီဥတု ဆိုးရွား မှုတွေ ဖြစ်လာမယ်။ အချက်အချာကျတဲ့ နေရာတွေမှာ အရင်းအမြစ်တွေ ဖော်ထုတ် ရမယ်။ ပြည်သူတွေပါဝင်လာအောင် Climate Changes နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ကို သင်ပေးရမယ်။ ပြောင်းလဲလာမှုတွေကို သိမြင်လာအောင် ပွင့်လင်းစွာ ချပြဖို့လိုလာ ပြီ''ဟု ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုဆိုင်ရာ မဟာဗျူဟာရေးဆွဲရေး ပြင်သစ်အကြံပေး ကုမ္ပဏီ(Transitions) မှ CEO Mr: Bruno Rebelle ကပြောသည်။

ဇန်နဝါရီ ၃ဝ ရက်က ရန်ကုန် မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည့် ရှေ့အနာ ဂတ် ရန်ကုန်အတွက် ပူးပေါင်းဆောင်ရွက်မှု ညီလာခံတွင် ပြည်တွင်း၊ ပြည်ပ ပညာရှင် များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ထိုဆွေးနွေး ပွဲတွင် ယင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင် အာရှ နိုင်ငံများထဲတွင် ဆယ်စုနှစ်အတွင်း ရာသီဥတုပြောင်းလဲမှု (Climate Changes) ကြောင့် ထိခိုက်ခံစားမှု အများဆုံးနိုင်ငံများ ၌ ထိပ်ဆုံးမှ နိုင်ငံတစ်ခုအဖြစ် ပါဝင်နေ ကြောင်းကိုလည်း Climate Change Myanmar 2014 စာရင်းအရ သိရသည်။

''လူဦးရေများပြားလာတဲ့ ရန်ကုန် မြို့က ၂ဝ၅ဝ မှာ အပူချိန်တွေ၊ ရာသီဥတု တွေ ပြောင်းလဲလာမယ့် အကျိုးသက်ရောက် မှုတွေ ရှိလာနိုင်တယ်။ နာဂစ်ကို ပြန်ကြည့် ရင် ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးက မုန် တိုင်း သိပ်မထိခဲ့ဘူး။ လက်ရှိအခြေအနေ မှာ ရန်ကုန်က ထိခိုက်မှုတွေဖြစ်နေပြီ။ ရေ ရှည်ဖွံ့ဖြိုး တိုးတက်အောင် လုပ်ကိုလုပ်ရ တော့မယ်''ဟု Urban Research & Development Institute (URDI) Program Specialist ဦးကျော်သူက ဆိုသည်။


‪‎TheFlowrNews‬
Yangon Media Group

No comments:

Post a Comment