Wednesday, February 4, 2015

ဘဏ္ဍာငွေများကို ၀န်ကြီးဌာနများက နေ့ပြန်တိုးပေးခြင်း၊ ကိုယ်ပိုင်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းများပြုလုပ်နေဟု လွှတ်တော်ကိုယ်စားလှယ်များပြောကြား

ပြည်ထောင်စုဝန် ကြီးဌာနများသည် နိုင်ငံတော်ဘ ဏ္ဍာငွေများကို နေ့ပြန်တိုးပေး ခြင်း၊ ကိုယ်ပိုင် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းစသည့် အလွဲသုံး စားမှုများ ပြုလုပ်နေကြသည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ပြောကြားလိုက်သည်။

အစိုးရ၀န်ကြီးဌာနများသည် နိုင်ငံတော်၏ ဘဏ္ဍာငွေများ လက်ဝယ် ကိုင်ဆောင်ထားပြီး မိမိပိုင် ငွေစု စာအုပ်များသို့ထည့်သွင်း၍ အတိုး ပေးစားခြင်း၊ ငွေကြေးများထောက်ပံ့ချေးငှားပြီး လုပ်ငန်း ဆောင်ရွက်မှုမရှိခြင်းများ အရေးယူဆောင်ရွက်မှု အားနည်းသောကြောင့်ဖြစ်သည်ဟု ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်ဒေါ်စန္ဒာမင်းက ဌာနများအလွဲသုံးစားမှုအထောက်အထားများကို လွှတ်တော်တွင် ထောက်ပြပြောဆိုခဲ့သည်။



‘‘နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ တွေကိုတစ်နှစ်ထက်တစ်နှစ် ပိုတိုး ပေးနိုင်ဖို့ လွှတ်တော်က ခွင့်ပြု ပေးလေ ဘဏ္ဍာငွေအလွဲသုံးစားမှု ပြုလုပ်မှုတွေပိုများလေဖြစ်တာကိုတွေ့ရှိရပါတယ်’’ဟု ဒေါ်စန္ဒာမင်းက ဖေဖော်ဝါရီ ၃ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်၌ဆွေးနွေးပြောဆိုခဲ့သည်။

၂၀၁၃-၁၄ဘဏ္ဍာနှစ် ဒုတိယခြောက်လနိုင်ငံတော်၏ စာရင်းများ စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ်ကန့်ကွက်ချက်များ၊ အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအမှတ်စဉ် (၁/၂၀၁၅)တွင်အထက်ပါ အချက်များနှင့် ၀န်ကြီးဌာနများ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုများ စစ်ဆေးတွေ့ရှိခဲ့ကြောင်းပါရှိသည်။

ထိုကဲ့သို့ ဘဏ္ဍာငွေများအ လွဲသုံးစားမှုများအတွက် အစိုးရ ၀န်ကြီးဌာနများမှ တာဝန်ယူမှု၊ တာဝန်ခံယူရန် လိုအပ်ပြီး တစ်နှစ် ထက်တစ်နှစ်အထက်ပါပုံစံအ တိုင်း ပြုလုပ်နေပါက အာဆီယံ အသိုက်အ၀န်း ဒေသတိုင်းပြည် များနှင့် ရင်ပေါင်တန်းနိုင်ရန်မှာ လုံးဝဖြစ်နိုင်မည်မဟုတ်ကြောင်း ယင်း အစီရင်ခံစာ အပေါ်ပါဝင် ဆွေးနွေးခဲ့သည့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါ်ခင်စန်း လှိုင်ကပြောကြားသည်။

အစိုးရဌာနများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း ဖောက်ဖျက်မှုများပြားလာသောကြောင့် ပြည်သူ့ ဘဏ္ဍာငွေဆိုင်ရာဥပဒေရေးဆွဲပြဋ္ဌာန်းရန် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ အကြံပြုဆွေးနွေးမှုအပေါ် ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က လုပ်ဆောင်ပေးမည်ဟု ပြန်လည် ဖြေကြားသွားခဲ့သည်။

၂၀၁၃-၁၄ဘဏ္ဍာနှစ် အတွင်း ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေများ ပါဝင်သော နိုင်ငံတော်ဘဏ္ဍာငွေများမှ ရငွေနှင့်သုံးငွေများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက စစ်ဆေးခဲ့ရာ စုစုပေါင်း ရငွေနှင့်သုံးငွေ၁၈, ၈၂၃, ၈၂၆အနက်၁၂,၁၆၅,၈၅၅ကျပ် ဘီယီယံကို ထုတ်နုတ် စစ်ဆေးနိုင်ခဲ့ကြောင်းအစီရင်ခံစာတွင်ပါရှိသည်

7Day Daily

No comments:

Post a Comment