Thursday, February 19, 2015

ပြင်ဆင်ချက်ပေါင်းများစွာပါဝင်သော ပညာရေးဥပဒေကြမ်း ပြည်သူများလေ့လာနိုင်ရန် ဖော်ပြ

အမျိုးသားပညာရေး ကော်မရှင်နှင့် အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့ ကို ပယ်ဖျက်ထားသော အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ဖေဖော်ဝါရီ ၁၇ ရက်တွင် တင်သွင်းခဲ့ပြီးနောက် တစ်နေ့တွင်ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြထားသည်။
အစိုးရ၊ လွှတ်တော်၊ ကျောင်းသားသပိတ်ခေါင်းဆောင်များနှင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) တို့ လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေး၍ သဘောတူညီရေးဆွဲ ခဲ့သော အမျိုးသားပညာရေးဥပ ဒေ ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်ချက် ၇၃ ချက်ထည့်သွင်းထားသည်။
‘‘နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားတဲ့အတိုင်း လွှတ်တော်ကို တင်သွင်းလိုက်တာပါ။ သပိတ်စစ် ကြောင်းတွေ ရပ်တန့်လိုက်တဲ့အ တွက်လည်း ၀မ်းသာပါတယ်’’ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ကျောင်းသားများနှင့် NNER မှ ပညာရှင်များက ဗဟိုချုပ်ကိုင် မှုများရှိနေကြောင်း ဝေဖန်ခဲ့သော အမျိုးသားပညာရေးကော်မရှင် နှင့် အဆင့်မြင်ပညာပေါင်းစပ်ညှိ နှိုင်းရေးကော်မတီကို ပယ်ဖျက်ခဲ့ ပြီး အမျိုးသားသင်ရိုးညွှန်းတမ်း ရေးဆွဲရေးကော်မတီကို ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြု သော လွတ်လပ်သည့် ပညာရှင် များဖြင့် ဖွဲ့စည်းရန် ထည့်သွင်း ခဲ့သည်။
ဥပဒေကြမ်းတွင် ဒီမိုကရေစီ ပညာရေးလွတ်လပ်ခွင့်ကို အာမခံခြင်း ခေါင်းစဉ်ဖြင့် ကျောင်းသား သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းထူထောင်လှုပ်ရှားခွင့် ရရှိရန်၊ သမဂ္ဂအဆောက်အအုံများကို တက္ကသိုလ်အသီးသီး၏ ပရ၀ဏ် တွင် တက္ကသိုလ်ရန်ပုံငွေဖြင့် ကျခံ တည်ဆောက်ရန်၊ ကျောင်းအုပ် ချုပ်ရေးအဖွဲ့တွင် ကျောင်းသား နှင့် ဆရာသမဂ္ဂမှ ကိုယ်စားလှယ် များပါဝင်ခွင့်ရှိရန် စသည့်အချက် များ ထည့်သွင်းထားသည်။
ထို့ပြင် အခြေခံပညာအဆင့် ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် ကြီး ကြပ်မှုတို့ကို ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့က ဆောင်ရွက်ရမည်ဆိုသောအချက်ကို ပယ်ဖျက်လိုက်ပြီး ၀န်ကြီးဌာန များအနေဖြင့် အစိုးရ၏ သဘော တူညီချက်ဖြင့် လိုအပ်သောနည်း ဥပဒေများ၊ စည်းမျဉ်းနှင့် စည်း ကမ်းများ ထုတ်ပြန်နိုင်သည်ဆို သည့် အချက်အစား ၀န်ကြီးဌာန များအနေဖြင့် အစိုးရ၏ သဘော တူညီချက်ဖြင့် လိုအပ်သော နည်း ဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ရာတွင် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ၊ ဆရာသမဂ္ဂကိုယ်စားလှယ်များ၊ မိဘများ၊ လွတ်လပ်သော ပညာရှင်များ၊ ပညာရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များရယူ ထည့်သွင်းရမည်ဟု ပြောင်းလဲထည့်သွင်းထားသည်။
မဟာဗျူဟာများ၊ မူဝါဒများနှင့် ယင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်မှု၊ စီမံချက်၊ ပညာရေးဖွံ့ဖြိုးမှုစီမံကိန်းများ၊ ပညာ ရေးနှင့် သက်ဆိုင်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ် သက်သော သတင်းအချက်အ လက်များ ပြည်သူလူထုသိရှိ ရယူနိုင်သည်ဆိုသော အချက်ကို အဆိုပါဥပဒေကြမ်းတွင် ထည့်သွင်းထားသည်။
7Day Daily

No comments:

Post a Comment