ဖေဖော်ဝါရီ ၂၂ ရက်နံနက် က ဆန္ဒဖော်ထုတ်သူ ၅၀ ကျော်မှာကသာခရိုင်အတွင်း
မြန်မာ့ဆက် သွယ်ရေး MPT ၏ ဂျီအက်စ်အမ် ဖုန်းလိုင်းများဆက်သွယ်ရာတွင်
သုံးလကျော်ပြတ်တောက်နေမှုကို အမြန်ဆုံး ဖြေရှင်းပေးရန် ဆန္ဒ
ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ကသာမြို့ခံ
ဆန္ဒဖော်ထုတ်သူများ ကတယ် လီဖုန်းလိုင်းများ ကောင်းမွန်ရေး၊
အင်တာနက်လိုင်းများကောင်းမွန် ရေး၊ ဖုန်းခေါ်ဆိုခများလျှော့ချပေး ရေးတို့ကို
တောင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
‘‘သူတို့တွေက အုပ်ချုပ်ရေး ပိုင်းကိုခွင့်ပြုချက်တင်ပြီးလုပ်ကြ တယ်ဆိုတာသိရတယ်။ တခြား ပဋိပက္ခအသွင်ဆောင်တာ ဘာမှ မရှိလို့ ကျွန်တော်တို့ရဲစခန်းမှာ အမှုဖွင့်ထားတာမရှိပါဘူး’’ဟု ကသာမြို့မ ရဲစခန်းမှ တာဝန်ကျ ဒုတပ်ကြပ်တင်အောင်ခိုင်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်အတွင်းရှိ ကသာ၊ ထီးချိုင့်၊ ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ အင်းတော်နှင့် ပင်လည်ဘူးမြို့နယ်များ၏ ဂျီအက်စ်အမ်ဖုန်းလိုင်းဆက်သွယ်မှု ပြတ်တောက်နေသည်မှာ သုံးလကျော် ကြာပြီ ဖြစ်ကြောင်း ဆန္ဒဖော်ထုတ် သူများကပြောသည်။
‘‘ဟန်းဖုန်း ဂျီအက်စ်အမ် လိုင်းအထွက် ကောင်းတယ်။ အဝင်ကျ ဆက်သွယ်မှုဧရိယာ ပြင်ပဖြစ်နေတာ။ ကြိုးဖုန်းတော့ရ တယ်။ နယ်ဘက်ကျကြိုးဖုန်း မကိုင်နိုင်ဘူး။ စီဒီအမ်အေကျဈေးကြီးတော့ မကိုင်နိုင်ကြဘူး။ ဂျီအက်စ်အမ်ပဲကိုင်ကြတယ်’’ ဟုကသာမြို့နယ် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရုံးမှ တာဝန်ရှိသူတစ် ဦးကပြောသည်။
ဂျီအက်စ်အမ်လိုင်းမမိသည် မှာ တစ်လခန့်သာရှိသေးပြီး ဖုန်း ဆက်ရာတွင် ဆက်သွယ်မှုဧရိယာ ပြင်ပဖြစ်နေ၍ ဂျီအက်စ်အမ်တိုင် နှစ်တိုင်စိုက်ထူထားကာ ယခုတစ် တိုင် ဖွင့်ထားပေးပြီး နောက်တစ် တိုင်ကို ကေဘယ်ကြိုးဆွဲနေပြီ ဖြစ်ကြောင်း ၎င်းက ဖုန်းဖြင့် ဖြေ ကြားသည်။
‘‘ကသာက ဒေသခံစာရေး ဆရာတွေ ဆန္ဒပြကြတာပါ။ လူ အယောက် ၂၀ လောက်ပဲရှိပါ တယ်’’ဟု ကသာမြို့နယ် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရုံး၏ စက် ခန်းတာဝန်ရှိသူ ဒေါ်ကြင်စုက ပြောသည်။
7Day Daily

No comments:
Post a Comment