Wednesday, February 25, 2015

ကိုးကန့်တိုက်ပွဲတွင် ပါဝင်ပတ်သက်ကြောင်း တပ်မတော်ပြောကြားမှု ‘၀’ နှင့် မိုင်းလားအဖွဲ့ ပူးတွဲကြေညာချက် ယနေ့ထုတ်ပြန်မည်


ကိုးကန့်တိုက်ပွဲတွင် ‘၀’ နှင့် မိုင်းလားအဖွဲ့တို့ ပါဝင်နေ ကြောင်း တပ်မတော်၏ ပြောကြား ချက်နှင့် ပတ်သက်၍ ‘၀’ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်နှင့် မိုင်းလားအဖွဲ့တို့က ပူးတွဲကြေ ညာချက်တစ်စောင်ကို ဖေဖော်ဝါ ရီ ၂၅ ရက်တွင် ထုတ်ပြန်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ထိုသို့ ထုတ်ပြန်နိုင်ရန် ‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် မိုင်းလားအဖွဲ့တို့ ဖေ ဖော်ဝါရီ ၂၄ ရက်တွင် အစည်း အဝေးပြုလုပ်ခဲ့ကြောင်း တရုတ် မြန်မာနယ်စပ်ရှိ အဆိုပါအဖွဲ့နှင့် နီးစပ်သူတစ်ဦးက အတည်ပြု ပြောကြားသည်။


ဖုန်ကြားရှင်၏ တပ်များ ကိုး ကန့်ဒေသသို့ ၀င်ရောက်တိုက် ခိုက်မှုတွင် ‘၀’တပ်ဖွဲ့ထုတ်လက် နက်များဖမ်းဆီးရမိခဲ့ခြင်းကြောင့် ‘၀’တပ်ဖွဲ့ ပါဝင်ပတ်သက်မှုရှိနေကြောင်းနှင့် ဖုန်ကြားရှင်၏ သမက် ဦးစိုင်းလင်း၏ မိုင်းလားအဖွဲ့ (NDAA)၊ KIA ၊ SSA (၀မ်ဟိုင်း) နှင့် TNLA ၊ AA အဖွဲ့တို့ပါဝင်နေ ကြောင်း ဒုဗိုလ်ချုပ်ကြီး မြထွန်းဦး က နေပြည်တော်တွင် စနေနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲ၌ ပြောကြားခဲ့သည်။

ကိုးကန့်တိုက်ပွဲတွင် TNLA နှင့် AA (ရက္ခိုင့်တပ်မတော်)တို့ ပါဝင်တိုက်ခိုက်ကြောင်း ပြောကြား ထားပြီး KIA ကမူ ၎င်းတို့မပါဝင်ကြောင်း ငြင်းဆိုထားသည်။ ‘၀’တပ်ဖွဲ့ကမူ အခြေအနေများ ရှုပ်ထွေးနေချိန်တွင် မှန်းဆပြောကြားရန် မသင့်ကြောင်း အဆိုပါအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောသည်။
‘‘ကျွန်တော်တို့အခုချိန်မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ကောင်း ကောင်းမပြောနိုင်သေးပါဘူး။ အ ခြေအနေအားလုံးကို သေချာမသိ သေးဘဲနဲ့ ရမ်းပြောလို့လည်း မ ကောင်းပါဘူး။ ကြေညာချက် ထွက်မှာပါ’’ဟု ‘၀’ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်၊ ‘၀’ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA/UWSP)၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့်က 7Day Daily အား ဖုန်းဖြင့် ဖြေကြား သည်။

ဖုန်ကြားရှင်၏ ဖုန်ညီအစ်ကို ဆွေမျိုးများမှာ ဗမာပြည်ကွန်မြူ နစ်ပါတီ၏ ခေါင်းဆောင်ဟောင်း များဖြစ်ပြီး ‘၀’ခေါင်းဆောင်များအ ပေါ် သြဇာလွှမ်းမိုးမှုရှိရာ ဖုန်ကြား ရှင်အပေါ် အကူအညီများသေချာ ပေါက်ပေးနိုင်မည် ဖြစ်သော်လည်း တိုက်ပွဲဧရိယာတွင် ပါဝင်မည် မဟုတ်ကြောင်း တရုတ်-မြန်မာ နယ်စပ် စစ်ရေးလေ့လာသုံးသပ် သူတစ်ဦးက ပြောသည်။

ထို့ပြင် ‘၀’တပ်ဖွဲ့မှာ လက်နက်နှင့် ခဲယမ်းမီးကျောက်များကို ဖုန်ကြားရှင်တပ်ဖွဲ့အား ကူညီထောက်ပံ့မှုများရှိနိုင်ပြီး KIA မှာမူ ဖားကန့်နှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေ၍ ကိုးကန့် တပ်ဖွဲ့ကို ကူနိုင်ခြေမရှိကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလ်လင့်တနာက ပြောသည်။
‘‘မိုင်းလားအဖွဲ့က ကိုးကန့် ကို ၀င်တိုက်ပေးမယ်လို့တော့ မ ထင်ဘူး။ ဒါပေမဲ့ မိုင်းလားခေါင်း ဆောင် စိုင်းလင်းက ဖုန်ကြားရှင် ရဲ့ သမက်။ ဒါကြောင့် ဖုန်ကြား ရှင်နဲ့ စိုင်းလင်းကြားမှာ အဆက် အသွယ်တွေရှိမှာပဲ။ ဒါပေမဲ့ ‘၀’က တော့ သူ့နယ်ထဲမှာ စစ်ပြင်တာ ကို ခွင့်ပြုမယ်မထင်ဘူး’’ဟု ၎င်းက ပြောသည်။

‘၀’နှင့် မိုင်းလားအဖွဲ့တို့မှာ အစိုးရနှင့် အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးရယူထားသည်မှာ ၂၅ နှစ်ကြာပြီ ဖြစ်သည့် လက်နက်ကိုင်အဖွဲ့များဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပြုလုပ်နေ သည့်အဖွဲ့များဖြစ်ကြသည်။ ကိုးကန့်တိုက်ပွဲတွင် ပါဝင် ပတ်သက် သူများ တာဝန်ယူရမည်ဟု ကာကွယ်ရေးဦးစီးချုပ်က ပြောကြားထားပြီး ၀နှင့် မိုင်းလားအဖွဲ့တို့က မူ ပါဝင်ပတ်သက်မှုမရှိကြောင်း ကာကွယ်ရေးဦးစီးချုပ်အား ပြန်လည်ပြောကြား ထားသည်။

လက်ရှိကိုးကန့်တိုက်ပွဲအ ခြေအနေမှာ တပ်မတော်က စစ်ဗျူဟာအရ အရေးကြီးတောင်ကုန်း များကို သိမ်းပိုက်နိုင်ပြီး နှစ်ဖက် အကျအဆုံးများရှိနေဆဲ ဖြစ် ကြောင်း အစိုးရသတင်းထုတ်ပြန် ချက်များက ဖော်ပြသည်။ ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးကြေညာထားပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက်မှစ၍ ပြန်လည်တည်ငြိမ်စပြု လာသော လောက်ကိုင်ဒေသသို့ စစ်ဘေးရှောင်ဒုက္ခသည်များ ပြန်လည် အခြေချဝင်ရောက်လာ ကြောင်း အစိုးရသတင်းစာများက ဖော်ပြသည်။
လောက်ကိုင်ဒေသတွင် တပ်မတော်သားများ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် (ဓာတ်ပုံ−လင်းဘိုဘို/အီးပီအေ)
7Day Daily

No comments:

Post a Comment