Sunday, February 8, 2015

ဝှိုက်ကတ်ကိစ္စ ဆန္ဒဖော်ထုတ်ပွဲရွှေ့ဆိုင်းသော်လည်း တောင်းဆိုချက်နှစ်ချက် မလိုက်လျောလျှင် တစ်နိုင်ငံလုံး အတိုင်းအတာ ဆန္ဒပြမည်


ယာယီသက်သေခံကတ် ပြား (White Card)မဲပေးခွင့်ပြုခြင်းကိုကန့်ကွက်ကြောင်း ဆန္ဒထုတ် ဖော်ပွဲအစီအစဉ်ကို ခေတ္တဆိုင်းငံ့ ထားသော်လည်း တောင်းဆိုထား သည့် အချက်နှစ်ချက်ကို အစိုးရ မလိုက်လျောပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒဖော်ထုတ် သွားမည်ဖြစ်ကြောင်း ဝှိုက်ကတ် ဆန့်ကျင်ရေးကော်မတီ (WCC) မှသတင်းရရှိသည်။
မူလက ဆန္ဒဖော်ထုတ်ပွဲကို ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၈ ရက် တွင် ပြုလုပ်သွားရန် စီစဉ်ထား သည်။ သို့သော် ဖေဖော်ဝါရီ ၅ ရက်က သာသနာရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊သမ္မတရုံးဒုတိယဝန်ကြီးဦးကျော် ကျော်ဝင်းနှင့် လဝကညွှန်ကြား ရေးမှူးချုပ်ဦးမောင်မောင်သန်း တို့ ပါဝင်သောအဖွဲ့က မကွေး ဆရာတော်အပါအဝင်ရဟန်းသံ ဃာတော်များ၊ WCC တို့နှင့် အင်းစိန်ရွာမကျောင်း၌ လာရောက်တွေ့ဆုံညှိနှိုင်းခဲ့သည်။
ယင်းသို့ တွေ့ဆုံရာတွင် WCC ဘက်မှ ၂၀၁၅ ရွေးကောက်ပွဲအပါအဝင် လာမည့်
ရွေးကောက်ပွဲများတွင် ယာယီသက်သေခံကတ်ပြားများကို မဲပေးခွင့်မပြုရန်၊ အခြေခံဥပဒေပြင်ဆင်ရေးဆန္ဒခံယူပွဲတွင် ယာယီသက်သေခံကတ်ပြားများ မဲပေးခွင့်ပေးထားခြင်းကိုပယ်ဖျက်ရန်တောင်းဆိုခဲ့သည်။
အစိုးရဘက်က နိုင်ငံတော် သမ္မတထံတင်ပြရမည့်အတွက် အချိန်ပေးရန်တင်ပြခဲ့ပြီး ဖေဖော် ဝါရီ ၁၀ ရက်တွင် အကြောင်းပြန် ရန် ပြေလည်မှုရရှိခဲ့သည်။ ထို့ ကြောင့် ဆန္ဒဖော်ထုတ်ပွဲကို ယင်းမတိုင်မီ ဆိုင်းငံ့ထားခြင်း ဖြစ် ကြောင်း WCC ဦးဆောင်ကော် မတီဝင်ဦးဝင်းကိုကိုလတ်ကပြော သည်။
‘‘အကြောင်းပြန်ချက်မှာ အာမခံချက်မရှိဘူးဆိုရင် ဆန္ဒဖော်ထုတ်ပွဲကို ရန်ကုန်မှာ ခုနစ်ရက် ဆက်တိုက်လုပ်မယ်။ မထူးခြား ရင် နေပြည်တော်အထိချီတက် မယ်’’ဟု ဦးဝင်းကိုကိုလတ်ကဆို သည်။ ထို့အပြင် တစ်နိုင်ငံလုံး၌ယာယီသက်သေခံလက်မှတ်မဲ ပေးခွင့်မပြုရေးဆန္ဒဖော်ထုတ်ပွဲ များကို မြို့အသီးသီး၌ပြုလုပ်ရန် အဖွဲ့အစည်းများက သက်ဆိုင်ရာ သို့ခွင့်ပြုချက်တောင်းခံ၍စီစဉ် နေကြောင်း သတင်းရရှိသည်။
7Day Daily

No comments:

Post a Comment