Sunday, February 8, 2015

လုံခြုံရေးစိတ်မချရ၍ သပိတ်မှောက် ကျောင်းသားများ ကိုးပင်ရွာတွင် ညအိပ်မည့် အစီအစဉ်ပြောင်းလဲ


မန္တလေးမှရန်ကုန်သို့ ခရီးရှည်လမ်းလျှောက်နေသော သပိတ်မှောက်ကျောင်းသားများ သည် ဖေဖော်ဝါရီ ၇ ရက်ညတွင် ကိုးပင်ကျေးရွာ၌တည်းခိုရန်စီစဉ် ထားသော်လည်း လုံခြုံရေး စိတ် မချရသဖြင့် အောင်လံမြို့သို့ သွားရောက်တည်းခိုခဲ့ကြသည်။
ဖေဖော်ဝါရီ ၇ ရက်က ဆတ်သွားကျေးရွာမှထွက်ခွာလာသော သပိတ်မှောက်ကျောင်းသားများသည် ကိုးပင်ရွာ၌ တည်းခိုရန် စီစဉ်ထားသော်လည်း သပိတ်မှောက်ကျောင်းသားများကို စောင့်ကြည့်နေသော ရဲတပ်ဖွဲ့များ ရှိနေသောကြောင့် လုံခြုံရေးစိတ်မချရ၍ ကိုးပင်ရွာနှင့် ၃၁ မိုင်ဝေးသော အောင်လံမြို့သို့ ကားဖြင့် သွားရောက်ခဲ့ကြောင်း သပိတ် စစ်ကြောင်းနှင့်အတူလိုက်လံသတင်းယူနေသည့် 7 Day သတင်းထောက်က သတင်းပေးပို့သည်။

ဆတ်သွားကျေးရွာမှ ထွက် ခွာလာသော သပိတ်မှောက် ကျောင်းသားများသည် ကိုးပင်ရွာ သို့လမ်းလျှောက်ချီတက်လာခဲ့ပြီး ညနေ ၆ နာရီတွင်ရောက်ရှိခဲ့သည်။
‘‘ကိုးပင်မှာ ကျွန်တော်တို့ အတွက် လုံခြုံရေးစိတ်မချရဘူး။ ရဲတပ်ဖွဲ့တွေလည်း ရောက်နေ တယ်။ တောင်သာ အဝင်မှာလို ဖြစ်မှာကြောက်လို့ ကားနဲ့ကဲ့ပြီး အောင်လံမှာသွားတည်းတာပါ’’ဟု ကျောင်းသားသပိတ် လမ်း ကြောင်း တာဝန်ခံကျောင်းသား သပိတ်ခေါင်းဆောင်တစ်ဦးဖြစ် သူကိုမြတ်သူကပြောသည်။
သပိတ်မှောက်ကျောင်းသား များတည်းခိုမည့် အောင်လံမြို့ တွင်လည်း စောင့်ကြည့်သည့် ရဲတပ်ရင်းတစ်ခု ရောက်ရှိနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ (နေပြည်တော်)မှ ဒုရဲမှူးကြီးဇော်မင်းဦးက 7 Day Daily အားပြောသည်။
သပိတ်မှောက်ကျောင်းသား များအား အောင်လံမြို့ လူမှုအသင်း အဖွဲ့အစည်းများက ကားအစီးရေ ၂၀ ကျော်ဖြင့် ကိုးပင်ကျေးရွာသို့ လာရောက်ခေါ်ဆောင်ခဲ့သည်။ သပိတ်မှောက်ကျောင်းသားများသည် ည ၉ နာရီအချိန်တွင် အောင်လံမြို့သို့ ရောက်ရှိပြီးထောင်နှင့်ချီသော ဒေသခံများကကြိုဆိုခဲ့ကြသည်။ မြို့အ၀င်တွင်အရက်မူးနေသူတစ်ဦးက တားဆီးခဲ့ပြီး ၎င်းကိုမြို့ခံများက ခေါ်ဆောင်သွားခဲ့သည်။
7Day Daily

No comments:

Post a Comment