Wednesday, February 25, 2015

ကော်ပိုရေးရှင်းကြီးများ၏ အခွန်ရှောင်ခြင်းများကို အင်ဒိုနီးရှားနှိမ်နင်းသွားမည်
အင်ဒိုနီးရှားနိုင်ငံသည် ကော် ပိုရေးရှင်းများ၏ အခွန်တိမ်းရှောင်မှုများကို နှိမ်နင်းသွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်းတန်ဖိုးပြောင်း လဲခြင်းဖြင့် အ ခွန်ရှောင်နေကြကြောင်း ယခုနှစ်တွင် အခွန်ရူပီးငွေ ၂၀၀ ထရီလီယံ (စင်ကာ ပူဒေါ်လာ ၂၁ဘီလီယံ) တန်ဖိုး နိုင်ငံ တော်ဝင်ငွေမှ လျော့နည်းနေကြောင်း၊ အဓိကအားဖြင့် ကုန်ပစ္စည်းကဏ္ဍမှ ဖြစ်ကြောင်း အခွန်ရုံးအကြီးအကဲ သစ်က ရိုက်တာသတင်းကို ပြောပြ ခဲ့ကြောင်း The Straits Times က ရေးသားခဲ့သည်။

ဈေးနှုန်းတန်ဖိုးပြောင်းလဲခြင်း နည်းအရ အင်ဒိုနီးရှားကုမ္ပဏီတစ်ခု သည် ၎င်း၏လက်အောက်ခံနိုင်ငံ ခြားရှိကုမ္ပဏီအား ဈေး ကွက်ပေါက် ဈေးထက်လျှော့၍ ရောင်းချခဲ့ကြောင်း၊ ကုမ္ပဏီခွဲက ဈေးကွက်သို့ပြန်လည် ရောင်းချခဲ့ကြောင်း၊ အခွန်ရုံးညွှန်ကြား
ရေးမှူးချုပ် ဆီဂစ်ပနီယာဒီပရာမူဒီ တိုက အင်တာဗျူးတစ်ခုတွင် ပြော ကြားခဲ့သည်။
ဤသို့ရောင်းချခြင်းဖြင့် ကုမ္ပဏီ က နိုင်ငံခြားမှ အမြတ်များရရှိခဲ့သည် ဟု ပရာမူဒီတိုက ပြောသည်။
ဤနယ်ပယ်၌ ဖြစ်နိုင်ဖွယ်ရာ များစွာရှိကြောင်း၊ မိမိတို့အားလုံးကို သံသယရှိနေကြောင်း၊ ၎င်းတို့က ဈေး နှုန်းပြောင်းလဲခြင်း နည်းစနစ်ကို အ သုံးပြုနေကြကြောင်း၊ ယခုနှစ်တွင် ၎င်းတို့ကို ခြေရာခံလိုက်မည်ဖြစ် ကြောင်း ၎င်းက ပြောခဲ့သည်။
Ref : The Straits Times
‪#‎Democracytoday‬

No comments:

Post a Comment