Wednesday, February 18, 2015

အထည်ချုပ်လုပ်သား၂၀၀ဝခန့်၏ အလုပ်သမားသပိတ်စစ်ကြောင်း ညှိနှိုင်းခြင်း


ပြေလည်မှုမရ၊ ဆက်လက်ဖြေရှင်းပေးမည့်အခြေအနေကို စောင့်ဆိုင်း မည်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇-အထည် ချုပ်လုပ်သား ၂၀၀ဝခန့် ပါဝင်သည့် အလုပ်သမား သပိတ်စစ်ကြောင်း သည် သုံးပွင့်ဆိုင်ညှိနှိုင်းခြင်း ပြေ လည်မှုမရသော်လည်း စစ်ကြောင်း ပိတ်သိမ်းပြီး မူလ ဆန္ဒပြတောင်းဆို နေသည့် စက်ရုံများရှေ့တွင် ပြန်လည်တောင်းဆိုကာ ညှိနှိုင်းဖြေရှင်း ပေးမည့် အခြေအနေကို ဆက်လက် စောင့်ဆိုင်းသွား မည်ဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများမှ သိရသည်။

ဖေဖော်ဝါရီ ၁ရရက်တွင် အင်း စိန်မြို့နယ် တညင်းကုန်းလမ်းဆုံ မှစတင်ကာ ရွှေပြည်သာမြို့နယ်အ တွင်းတွင် ဆန္ဒပြတောင်းဆိုနေသည့် အီလန်မြန်မာ၊ ဖို့ဒ်ဂလိုရီ၊ ကော့စ တက် စသည့် အထည်ချုပ်စက်ရုံသုံး ရုံမှ အလုပ်သမားများသည် အနိမ့်ဆုံးလုပ်ခလစာ အမြန်ဆုံး သတ်မှတ် ပေးရေး နှင့်လက်ရှိတွင် ၎င်းတို့သုံးရုံတွင် ဖြစ်ပေါ်နေသည့် ဆန္ဒပြတောင်း ဆိုမှုများကို အမြန်ဆုံးညှိနှိုင်းဖြေ ရှင်းပေးရေးတို့အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးအထိ ချီ တက်ရန် သပိတ်စစ်ကြောင်း အစပြု ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် အလုပ်သမား ဝန်ကြီးဌာန၊ သက်ဆိုင် ရာလုံခြုံရေးအာဏာပိုင်များက မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် သ ပိတ်ခေါင်းဆောင် အလုပ်သမားများ နှင့် ခေါ်ယူ ညှိနှိုင်းခြင်းကြောင့် သပိတ် စခန်းကို အင်းစိန်တွင်ပင် ခေတ္တရပ် နားထားခဲ့ကာ ညှိနှိုင်းခဲ့ပြီး ညှိနှိုင်း မှုမှာ စက်ရုံသုံးရုံလုံးအတွက်ပြေလည် မှုမရရှိခဲ့ကြောင်း သပိတ်ခေါင်းဆောင် ရွှေပြည်သာမြို့နယ် အခြေခံအထည်ချုပ် အလုပ်သမားအဖွဲ့အစည်းဥက္ကဋ္ဌ ဦးမျိုးမင်းမင်းက ဆိုသည်။
''သုံးရုံလုံးအတွက် ပြေလည်မှု မရခဲ့ဘူး။ ဒါပေမဲ့ သပိတ်စစ်ကြောင်းကိုတော့ ဆက်လက်ညှိနှိုင်းဖို့ရှိတဲ့ အတွက် ခဏရပ်ထားမယ်။ လက်ရှိ ဆန္ဒပြနေတဲ့စက်ရုံတွေရှေ့မှာတော့ သပိတ်စခန်းတွေဆက်ပြီး ဖွင့်ထားမယ်။ ညှိနှိုင်းမှုကို တစ်ရက်နှစ်ရက် လောက်စောင့်ကြည့်မယ်။ အဆင်မပြေ ရင်တော့ ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့ရုံးရှေ့မှာ သပိတ်စခန်းဖွင့် ဖို့လုပ်မယ်''ဟု ယင်းက ပြောသည်။
အလုပ်သမားများ တောင်းဆို သည့်နှုန်းထားနှင့် အလုပ်ရှင်များပေး သည့်နှုန်းထားသည် အလွန်ကွာဟ နေသည့်အတွက် ပြေလည်မှု မရရှိခြင်း ဖြစ်သည်။

Democracy today

No comments:

Post a Comment