Wednesday, February 25, 2015

သပိတ်မှောက် ကျောင်းသားများ ရန်ကုန်ဝင်မည် ဟု ကြေညာ၊ သပိတ်ဖြိုခွင်းရန် ပြည်သူများ တောင်းဆို

အမျိုးသားလွှတ်တော်က ကြားနာမှုအစီအစဉ် ကြေညာခဲ့ပြီးနောက် လက်ပံတန်းမြို့တွင် ရောက်ရှိရပ်နားထားသော သပိတ်မှောက် ကျောင်းသားများက ရန်ကုန်မြို့သို့ ချီတက် ၀င်ရောက်မည် ဟု ကြေညာခဲ့ပြီး ထိုသို့ ၀င်ရောက်လာလျှင် အင်အားသုံး ဖြိုခွင်းပေးရန် ပြည်သူများက တောင်းဆိုနေကြောင်း သတင်း ရရှိသည်။ လက်ပံတန်းမြို့တွင် ရောက်ရှိရပ်နားနေသော ဗကသ ခေါင်းဆောင် အောင်မှိုင်းဆန်းက ”ကျွန်တော်တို့ ဒီလ ၂၈ ရက်နေ့အပြီး ဥပဒေပြင်ပေးဖို့ ရာဇသံ ပေးထားတယ်။ ဒီရာဇသံကို မနာခံဘဲ အာခံတဲ့သဘောနဲ့ လွှတ်တော်က ကြားနာပွဲ အစီအစဉ်တွေ ထုတ်လာတယ်။

ဒီလုပ်ရပ်ဟာ ကျွန်တော်တို့လို ပြည်သူ သန်း ၅၀ လုံးက ထောက်ခံမှုပေးထားတဲ့ ကျောင်းသားတွေကို စိန်ခေါ်လိုက်တာပဲ။ ကျွန်တော်တို့ရဲ့ ရာဇသံကို မနာခံနိုင်ဘူး ဆိုရင်တော့ ကျွန်တော်တို့ကလည်း ရန်ကုန်မြို့ကို သပိတ်တိုက်ပွဲ ဆက်လုပ်သွားရမှာပဲ” ဟု ပြောသည်။ “ဒါဆိုရင်တော့ ဒီသပိတ်ကို အင်အားသုံးပြီး နှိမ်နင်း ဖြိုခွင်းပေးဖို့ ကျွန်တော်တို့ဘက်ကလည်း တောင်းဆိုချင်ပါတယ်။ ပထမဆုံး ဆရာ၊ ဆရာမတွေကို စော်ကားတယ်။ ဒုတိယ သံဃာတော်တွေကို စော်ကားတယ်။ ဆက်ပြီး စော်ကားဖို့ ဘုရားပဲ ကျန်တော့တယ်။ ဒါလည်း ဒီကော်ငတွေ လုပ်ချင် လုပ်မှာပဲ။ သူတို့ဘာသာ တိုက်ခန်းတွေ၊ မော်တော်ကားတွေ ရတာ မရတာ တော့ မသိဘူး။ တစ်နိုင်ငံလုံးလဲ ဒီမျိုးမစစ်တွေကြောင့် သောကတွေ ပွားနေရတယ်။ ဘုန်ကြီးအလုပ် ဘုန်းကြီးလုပ်ပါ ဆိုပြီး ပြောတဲ့ NNER အဖွဲ့ကလည်း အဓိက ခလောက်ဆန်နေတာပဲ။ အခုဆို သံဃမဟာနာယက ဆရာတော်ကြီးတွေတောင် လက်မခံဘူး၊ သာသနာတော် ထိခိုက်နိုင်တယ် ဆိုတာ ထုတ်ပြောလာပြီ။ စဉ်းစားကြည့်။ ဒီဆရာတော်ကြီးတွေရဲ့ စကားကိုတောင် မထေမဲ့မြင် မိုက်ရိုင်းစော်ကားတဲ့ ကောင်တွေကို ဖြိုခွင်းဖို့ အချိန်တန်ပြီ လို့ပဲ တောင်းဆိုချင်တယ်။ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့ ကျွန်တော်တို့ အနေနဲ့ ဘာသာ သာသနာနဲ့ သံဃာကို စော်ကားတဲ့ ကျောင်းသားအမည်ခံတဲ့ လုပ်စားနိုင်ငံရေးသမားတွေကို တားဆီးပိတ်ပင်သွားမှာပါ။ ဖြတ်သန်းမယ့် မြို့ရွာတွေက သံဃာတော်တွေနဲ့ ပူးပေါင်းပြီး ဆုံးမသွားမှာပကါ” ဟု မြန်မာအမျိုးသားလူငယ်အသင်းမှ ကိုရဲဇာနည်ဝင်းက ပြောသည်။ “ပထမဆုံး မဘသ ဆရာတော်ကြီးတွေကို စော်ကားတယ်။ ဒုတိယ သံဃမဟာနာယက ဆရာတော်ကြီးတွေကို စော်ကားတယ်။ ဒီနိုင်ငံမှာ ရှိရှိသမျှ သံဃာအားလုံးကို စော်ကားလိုက်တာပဲ။ ဒီတော့ ဘုန်းကြီးအလုပ် ဘုန်းကြီး လုပ်နေပါတယ်။ သပိတ်ထဲမှာ ပါနေတဲ့ ဦးဇင်းပုရစ်တို့ကို သတိပေးထားပြီးပြီ။ ဒီလို ဓိဌိတွေကို အမြန်ဆုံး စွန့်ခွါဖို့ ပြောထားပါတယ်။ ရန်ကုန်ကို ချီတက်လို့ အစိုးရက နှိမ်နင်းမယ်ဆိုရင်လည်း ကမ္မသကာလို့ သဘောထားရမှာပဲ။ သံဃာကို စော်ကားလို့ သံဃာ့ဂိုဏ်းသင့်တယ် လို့ပဲ နှလုံးသွင်းရမှာပါ” ဟု မဘသမှ ဆရာတော် ဦးကောဝိဒက မိန့်သည်။ ဗကေသ ကျောင်းသားသပိတ်စစ်ကြောင်းသည် ဖဖော်ဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့သို့ ဆက်လက်ချီတက်သွားမည် ဖြစ်ပြီး အမျိုးသားရေးအင်အားစုများ က အမြို့မြို့အနယ်နယ်ရှိ သံဃာတော်များနှင့် ပူးပေါင်း၍ လမ်းတစ်လျှောက် တားဆီးပိတ်ဆို့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်

No comments:

Post a Comment