Saturday, March 14, 2015

ကျောင်းသားတပ်မတော် မြောက်ပိုင်းဖြစ်ရပ် အစီရင်ခံစာဖြန့်ချိမည်


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)က လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က မြန်မာပြည် မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ကို မကြာမီရက်ပိုင်း အတွင်း ပြည်သူလူထုထံ ဖြန့်ချိသွားမယ်လို့ ပြောပါတယ်။

‘ဂုဏ်သိက္ခာ” (Dignity)လို့ အမည်ပေးထားတဲ့ အင်္ဂလိပ်- မြန်မာနှစ်ဘာသာနဲ့ ရေးသားထားတဲ့ စာမျက်နှာ ၁၀၀ ကျော်ပါ အစီရင်ခံစာကို လာမယ့် မတ်လ ၁၅ ၇က်နေ့ တနင်္ဂနွေနေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ထုတ်ဝေ ဖြန့်ချိဖို့ အစီအစဉ်ရှိနေတာပါ။

ဒီအစီရင်ခံစာကိုရေးသားခဲ့တဲ့ အမှန်တရားနှင့် တရာမျှတမှုဖော်ထုတ်ရေး ကော်မတီက တာဝန်ခံ ဦးကျော်ကျော်လင်းက ‘အဓိကကတော့ ၁၉၉၁ – ၉၂ ကျနော်တို့ အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သမိုင်းမှတ်တမ်းတခု ပြန်ဖော်ထုတ်ဖို့ရယ် နောက်ပြီးတော့ အဲဒီဖြစ်စဉ်မှာ နစ်နာခဲ့တဲ့ ရဲဘော်တွေ ရှိခဲ့တယ် သူတို့အတွက် တစုံတရာ အမှန်တရားတခု တာဝန်ခံမှုတခု ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ပြန်လည်ဖော်ထုတ်ပေးတဲ့ သဘောပါ’လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒီအစီရင်ခံစာ ရေးသားဖို့အတွက် ကျောင်းသားတပ်မတော် ဗဟိုက အမှန်တရားနှင့် တရာမျှတ မှုဖော်ထုတ်ရေး ကော်မတီကို ၂၀၁၂ ဇန်န၀ါရီလကတည်းက ဖွဲ့စည်းဆောက်ရွက်ခဲ့ တာပါ။

မူလက အစီရင်ခံစာကို ၂၀၁၃ မေလမှာ ထုတ်ဝေဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ခုအချိန်မှ ထွက်ရှိလာတာလည်းဖြစ်ပါတယ်။

DVB

No comments:

Post a Comment