Saturday, March 14, 2015

မိုရေးမြစ်ဖြတ် မဲဆောက်-မြဝတီ ဒုတိယမြစ်ကူးတံတားသစ်တည်ဆောက်မည် -- တည်ဆောက်မှုအတွက် ဘတ်ငွေ ၃ ဒသမ ၉ ဘီလီယံ လိုအပ်ဟုဆို



တတ်ခ်ပြည် နယ် မိုရေးမြစ်ဖြတ်တံတားထိုးရန် အတွက် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဌာနက ရန်ပုံငွေ ဘတ် ၃ ဒသမ ၉ ဘီလီယံ လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါတံတားမှာ မဲဆောက်ခရိုင်နှင့် မြန် မာနိုင်ငံ မြဝတီသို့ ဆက်သွယ် သွားရောက်နိုင်သည့် တံတားဖြစ် ကြောင်း သိရသည်။

ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီး ပရာဂျင်ဂျန်တောင်ကပြောကြား ရာတွင် ၎င်းအနေဖြင့် ပို့ဆောင်ရေး၊ ယာဉ်သွားလာရေးပေါ်လစီ နှင့် စီမံ ကိန်းဌာနကို ညွှန်ကြားထားပြီဖြစ် ကြောင်း၊ ဘတ်ဂျက်ခန့်မှန်းချက်ကို အမြန်ဆုံးတင်ပြ ရန် ဖြစ်ကြောင်း တံတားဆောက်လုပ်ရေးနှင့် ချဉ်းကပ်လမ်းများ အတွက်ဖြစ်ကြောင်း ပြောခဲ့သည်။

၎င်းကထိုင်းဘက်မှ ဘတ် ၂ ဒသမ ၉ဘီလီယံကုန်ကျ၍ မြန်မာဘက်မှ ဘတ်တစ်ဘီလီယံကုန်ကျမည် ဟု ခန့်မှန်းထားကြောင်း မြန်မာက ထိုင်းကို တံတားကုန်ကျငွေထက်ဝက် ကျခံရန် ပြောထားသည်ဟုဆိုသည်။

တံတားတစ်စင်းတည်းပင်လျှင် ဘတ်သန်း ၈၀၀ ကုန်ကျ၍ချဉ်းကပ် လမ်း ဘတ် ၁ ဒသမ ၆ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး ဘတ်တစ်ဘီလီယံမှာ စစ်ဆေးရေးဂိတ်ဆောက်ရန် နှင့် ဘတ်သန်း ၃၀၀ မှာ မြေပြင်ဆင်မှုအတွက် ကုန်ကျမည်ဟုဆိုသည်။ အကောင်အထည်ဖော်မှုကို တတ် ပြည်နယ်၌ စတင်နေပြီး စက်တင် ဘာလ၌ စတင်တည်ဆောက်ကာ သုံးနှစ်အတွင်း ပြီးစီးမည်ဟုဆိုသည်။ ထိုင်းနိုင်ငံဘက် မဲဆောက်ခရိုင် တတ်ဟီယံထိုင်ကျေး ရွာ၌ စတင်လုပ် ဆောင်နေပြီဟု ဆိုသည်။

ဤတံတားမှာ တတ်အထူးစီး ပွားရေးဇုန်အတွက် အထောက် အကူ ပြုမည်ဖြစ်ပြီး အရှေ့အနောက်စီးပွား ရေးဖြတ်လမ်းဖြစ်ကာ လာအိုနယ်စပ် မုစဒန်ပြည်နယ်ကို ဆက်သွယ်ပေး မည်ဟုဆိုသည်။

၎င်းတံတားမှာ နှစ်လမ်းသွားဖြစ်ပြီး ထရပ်ကားကြီးများကို ခွင့်မပြုဟုဆိုသည်။ တံတားချဉ်း ကပ်လမ်း အပါ အဝင် ၂၁ကီလိုမီတာ ရှည်မည်ဖြစ်သည်။

Ref:Bangkok Post
Democracytoday

No comments:

Post a Comment