Tuesday, March 3, 2015

ရဟန်းသံဃာတော်များ၊ အမျိုးသားရေးအသင်းအဖွဲ့များနှင့် ကျောင်းသားမိဘများစုဝေး၍ ကျောင်းသားသပိတ်စစ်ကြောင်း အဆုံးသတ်ပေးရန် ယနေ့တွင် သွားရောက် မေတ္တာရပ်ခံကြမည်

ရဟန်းသံဃာ တော်များ၊ အမျိုးသားရေးအသင်းအ ဖွဲ့များနှင့် ကျောင်းသား မိဘများ စု ဝေး၍ ကျောင်းသားသပိတ်စစ် ကြောင်းအား အဆုံးသတ်ပေးရန် မတ် ၃ရက်တွင်သွားရောက် မေတ္တာ ရပ်ခံကြ မည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသားသပိတ် ရန်ကုန် သို့ ချီတက်လာလျှင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲရက်အတွင်း မလိုလားအပ်သော အဓိကရုဏ်းများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်၍ မတ်၂ ရက်၌ ရွှေတိဂုံဘုရား အနောက်ဘက် မုခ်တွင် ရဟန်း သံဃာတော်များ၊ အမျိုး သားရေးအသင်းအဖွဲ့များနှင့် ကျောင်း သားမိဘများက စုဝေးတိုင်ပင်၍ ယင်း ကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

''အဓိကကတော့ ရန်ကုန်မှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကလဲ နီးနေပါပြီ။ ဒီအချိန်မှာ သပိတ်စစ် ကြောင်းတွေ ဝင်လာခဲ့မယ်ဆိုရင် အဝင်မခံဘူးဆိုပြီး အစိုးရဘက်က ပြောထားတာရှိတော့ ထိပ်တိုက်ရင် ဆိုင်မှုတွေဖြစ်လာရင် စာမေးပွဲဖြေ နေတဲ့သူတွေကိုပါ ထိခိုက်မှာ စိုးရိမ် လို့ သပိတ်စစ်ကြောင်းရပ်ပေးဖို့ သွား ရောက် တောင်းပန်မေတ္တာရပ်ခံကြမှာ ပါ''ဟု အစည်းအဝေးတွင်ပါဝင်ဆွေး နွေးခဲ့သည့် ဦးချစ်ကိုကိုက ပြောသည်။
အစည်းအဝေးကို မွန်းလွဲ ၁ နာရီတွင်စတင်ခဲ့ခြင်းဖြစ်ပြီး အစည်း အဝေးပြီးနောက် ကြေညာချက်တစ် စောင်ကို ထုတ်ပြန်ကြေညာခဲ့ကာ ကျောင်းသားသမဂ္ဂမှ ဦးဆောင်၍ အမျိုးသားပညာရေးဥပဒေပြင်ဆင် ရေးသပိတ်စစ်ကြောင်းအား ရန်ကုန် မြို့အထိ ချီတက်လာမည်ကို စိုးရိမ် ကြောင်း၊ တစ်မျိုးသားလုံးနှင့် သက် ဆိုင်သောကိစ္စအတွက် ကိုယ်ကျိုးမငဲ့ လုပ်ဆောင်နေမှုအပေါ် ကျွန်ုပ်တို့ အနေဖြင့် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ကြေညာချက်တွင် ထည့် သွင်းခဲ့ခြင်းဖြစ်သည်။

ကလေးငယ်များ စာမေးပွဲရက် အတွင်း မလိုလားအပ်သော အဓိ ကရုဏ်းများ ပေါ်ပေါက်လာမည်ကို စိုးရိမ်နေကြခြင်းဖြစ်ပြီး သပိတ်စစ် ကြောင်းမှ ကျောင်းသားများအား ချီ တက်ခြင်းကို အဆုံးသတ်ရန် မေတ္တာ ရပ်ခံချက် ပေးပို့သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းထားသည်။
NH (Kalaymyo)
ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
Yangon Media Group

No comments:

Post a Comment