Tuesday, March 3, 2015

နယ်မြေခံတပ်ရင်းများအား ချဉ်းကပ်လာသော ကိုးကန့်သောင်းကျန်းသူ အဖွဲ့ဝင်တစ်ဦးနှင့် တိရစ္ဆာန်များ မိုင်းနင်းမိ၍ သေဆုံး

ဖုန်ကြားရှင် ခေါင်းဆောင်သော ကိုးကန့်သောင်းကျန်းသူအဖွဲ့သည် ၎င်းတို့စနစ်တကျမွေးမြူထားသော တိရစ္ဆာန်များအား နယ်မြေခံတပ်ရင်းများသို့ သွားရောက်တိုက်ခိုက်ရာ တွင် ရှေ့မှသွားရန် ခိုင်းစေမှုများကြောင့် တိရစ္ဆာန်များမှာ မိုင်းများနင်းမိပြီး သေဆုံးခဲ့ ရသောဖြစ်စဉ်များ မတ်လ ၂ရက်နေ့၊ မနက် ၇ နာရီခွဲအချိန်ခန့်တွင် နယ်မြေခံတပ်ရင်း တစ်ရင်းအနီးတွင် ဖြစ်ပေါ်ခဲ့သည်ဟု သတင်းရရှိသည်။
မတ်လ ၂ ရက်နေ့၊ မနက် ၇ နာရီခွဲအချိန်ခန့်တွင် နယ်မြေခံတပ်ရင်း တစ်ခုအနီးတွင် မိုင်းများပေါက်ကွဲခဲ့သော ကြောင့် တာဝန်ရှိသူများမှ သွားရောက်ကြည့် ရှု့ခဲ့ရာ ကိုးကန့်သောင်းကျန်းသူ တစ်ဦးနှင့် ဒိုဘာမင် အမျိုးအစားခွေးကြီး (၆) ကောင် နှင့် စခန်းနှင့် ကိုက် ၁၀၀ ကျော်အကွာ အဝေးခန့်တွင် ကျွဲများ သေဆုံးနေ သည်ကို တွေ့ရှိရကြောင်း နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူ အရာရှိတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ယင်းကဲ့သို့ မိုင်းရှင်းလင်းရေးအသုံးပြုရန်အတွက် ဒေသခံများထံမှ ကျွဲ၊ နွား များနှင့် အိမ်မွေးတိရစ္ဆာန်များအား ကိုးကန့်သောင်းကျန်းသူများအဖွဲ့မှ ကြိုတင် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် ကျေးရွာများအတွင်း မူးယစ် ဆေးဝါး သုံးစွဲနေသော လူငယ်များအား မူးယစ်ဆေးဝါးပေး မည်အကြောင်းပြပြီး အစိုးရတပ်စခန်းများသို့ သွားရောက် တိုက်ခိုက်ရာ တွင် ရှေ့မှ အရင် သွားနှင့်စေကာ ဓါးစာခံများအဖြစ်အသုံးပြု လျက်ရှိကြောင်း ဒေသခံ တစ်ဦးမှ လည်း ပြောပြပါသည်။
ကိုးကန့်သောင်းကျန်းသူအဖွဲ့၏ လုပ်ရပ်များကြောင့် ဒေသခံများသာမက တိရစ္ဆာန်များပါမကျန် ၎င်းတို့၏ အသုံးချခံများဖြစ်နေရကြောင်းနှင့် ကိုး ကန့်သောင်းကျန်းသူအဖွဲ့တွင် ကိုးကန့်လူမျိုးများသာမကဘဲ KIA၊ TNLA၊ AA စသည့်အဖွဲ့ဝင်များလည်း ပါဝင်တိုက်ခိုက်နေကြောင်း စစ်ဘေးရှောင်နေ ရာမှ ပြန်လည်ရောက်ရှိလာသော လောက်ကိုင်မြို့ခံ တစ်ဦးမှပြောကြား သွားခဲ့ပါသည်။
စိုင်းနေအောင် (တာရွှေထန်)
နေ့စဉ်သတင်းများ

No comments:

Post a Comment