Saturday, March 14, 2015

ဆယ်လ်ဖီ နေရာမှာ ဘယ်လ်ဖီ အစားထိုး ၀င်ရောက်မူ တွင်ကျယ်လာ


မိုဘိုင်းဖုန်းတွေ ခေတ်စား လာချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံ ရိုက်ကူးခြင်း (ဆယ်လ်ဖီ) ယဉ်ကျေးမှုဟာ တစ်ကမ္ဘာလုံးကို ရိုက်ခတ် လာခဲ့ ပါတယ်။ လူမှုကွန်ရက်တွေ မှာလည်း ဆယ်လ်ဖီ ဓာတ်ပုံတွေဟာ အရှိန်အဟုန် ကောင်းစွာနဲ့ နေရယူခဲ့ ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၄ မှာ တော့ ဆယ်လ်ဖီ နေရာမှာ ဘယ်လ်ဖီ (Bel-fie)ဆိုတဲ့ စကားလုံး ၀င်ရောက် လာတာ တွေ့ ရပါတယ်။ ဘယ်လ်ဖီ ဆိုတာ တင်ပါးအလှ ဦးစားပေး ရိုက်ကူးမှုကို ဆိုလိုခြင်း ဖြစ်ပါတယ်။

ထင်ရှား ကျော်ကြားတဲ့ ဟောလီးဝုဒ် ကြယ်ပွင့်တွေဟာ သူတို့ရဲ့တင်ပါးတွေကို ဦးစားပေး ရိုက်ကူးခဲ့ တာကြောင့် ဘယ်လ်ဖီဆိုတဲ့ စကားလုံးဟာ လူမှုကွန်ရက်တွေမှာ ရေပန်းစားလာခြင်း ဖြစ်ပါတယ်။ တင်ပါး ဦးစားပေး ရိုက်ကူးမှုတွေဟာ အမျိုးသမီးတွေ အပေါ် များစွာ ရိုက်ခတ် လာခဲ့ပြီး ထိပ်တန်း ကြယ်ပွင့်တွေလို လိုက်လံ ပြုလုပ်ခဲ့ ပါတယ်။ ဒေးလီးမေးလ် သတင်းတစ်ရပ် အဆိုအရ အမျိုးသမီးတွေဟာ တင်ပါးတွေကြီးအောင် ပြုလုပ်ဖို့ ကြိုးစားမူက အရင်ကထက် ပိုမိုများပြား လာတယ်လို့ ဆိုထား ပါတယ်။

အရင်က ထင်ရှားကျော်ကြား သူတွေထဲမှာ တင်ပါးအလှကို ဦးစားပေးတာ ဂျနီဖာလိုပက်ဇ် လောက်သာ ရှိခဲ့ပေမယ့် လက်ရှိ အချိန်မှာတော့ တင်ပါးအလှကို ဦးစားပေးသူ အရေအတွက်ဟာ တဖြည်းဖြည်း များပြား လာပါတယ်။ ရုပ်သံစတား ကင်မ်ဒါရှီယန်ဟာ လှပတဲ့ တင်ပါးကို ပိုင်ဆိုင်ထား တာကြောင့် ကျော်ကြားသူ အဖြစ် ရောက်ရှိ လာတာ ဖြစ်ပါတယ်။ ကင်မ်ဒါရှီယန်ဟာ တင်ပါး အလှကို ပေါ်လွင်စေမယ့် ဆယ်လ်ဖီ ဓာတ်ပုံကို ရိုက်ကူးပြီး လူမှုကွန်ရက်မှာ တင်ခဲ့ရာ အားပေးမှု အများအပြား ရရှိခဲ့ပါတယ်။ ဒီနောက် ထင်ရှား ကျော်ကြားသူတွေဟာ တင်ပါး အလှကို ဦးစားပေးတဲ့ ဓာတ်ပုံတွေ အပြိုင်အဆိုင် ရိုက်ကူးပြီး လူမှုကွန်ရက်တွေမှာ ပြသခဲ့ပါတယ်။ ဘီယွန်ဆေး၊ အလာဇီယာ၊ နစ်ကီမီနာတို့ရဲ့ တင်ပါး အလှ ဦးစားပေး ဓာတ်ပုံတွေဟာ လူမှု ကွန်ရက်တွေနဲ့ အနုပညာ သတင်းတွေကို ဦးစားပေး ဖော်ပြတဲ့ ၀က်ဘ်ဆိုက်တွေမှာ မကြာခဏ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အကျိုးဆက် ကတော့ အမျိုးသမီး တွေဟာ တင်ပါး အစားထိုး ကုသမှု ပြုလုပ်ရာမှာ အရင်ကထက် ပိုလာခြင်း ဖြစ်ပြီး ၂၀၁၄ အတွင်းမှာ (၉၆) ရာခိုင်နှုန်း အထိ တိုးလာ တယ်လို့ သိရပါတယ်။ အခြားတစ်ဖက် မှာလည်း တင်ပါး ဦးစားပေး ရိုက်ကူးမှု ဘယ်လ်ဖီ ယဉ်ကျေးမှုဟာ အနုပညာရှင်တွေ သာမက သာမန် အမျိုးသမီးတွေ ကြားမှာလည်း ရေပန်းစား နေကြောင်း ဒေးလီးမေးလ် သတင်းမှာ ဖော်ပြထား ပါတယ်။

Messenger News Journal

No comments:

Post a Comment