Saturday, March 28, 2015

နယူးယောက်တွင်အဆောက်အအုံပြိုကျ လူ၁၂ဦးထိခိုက်ဒဏ်ရာရ


နယူးယောက်မြို့တွင် အဆောက် အအုံနှစ်ခု ပြိုကျသောကြောင့်လူ ၁၂ ဦးထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း၊ ထိုအဆောက်အအုံများအနီးရှိ အ ဆောက်အအုံများကိုပါ မီးလောင် သွား ကြောင်း ၊ ထိုအဖြစ်အပျက်မှာ မတ် ၂၆ ရက်၌ ဖြစ်ပွားခဲ့ကြောင်း၊ ရှေးဦးခန့်မှန်းချက်အရ ယင်းအဖြစ်အပျက်မှာ ဓာတ်ငွေ့နှင့် ဆက် နွှယ်သော ပေါက် ကွဲ မှုကြောင့်ဖြစ်ကြောင်း သိ ရသည်။

လူသိထင်ရှားဖြစ်သော East Village ရှိလမ်းကို ဖြတ်လျက်တည် ရှိသည့် 121 Second Avenue မှ ကူးသန်းရောင်းဝယ်ရေးအဆောက် အအုံနှင့် လူနေအဆောက်အအုံတို့ ၏ မျက်နှာစာတွင် ပေါက်ကွဲမှုဖြစ် ပြီးနောက် လူ ၁၂ ဦးထိခိုက်ဒဏ်ရာ ရရာ လူလေးဦးတို့မှာ စိုးရိမ်ရသော အခြေအနေရှိသည်ဟု သိရသည်။ အနီးရှိအဆောက်အအုံပြိုကျပြီး ဧ ရာမမီးတောက်ကြီးပေါ် ထွက်လာ သည်ဟု မီးသတ်ဌာနကဆိုသည်။

ထိုအဆောက်အအုံပြိုကျပြီး မီးလောင်မှုဖြစ်ရခြင်းအကြောင်း ရင်းကို စုံစမ်း စစ်ဆေးနေကြောင်း၊ ရှေးဦးသိရ သည်မှာ ထိုအဆောက် အအုံ ၌ ရေပိုက် ဆက်ခြင်းနှင့် ဓာတ် ငွေ့ဖြင့်လုပ်ရသော အလုပ်ကြောင့် ဖြစ် သည်ဟု ဆိုကြောင်း နယူးယောက် မြို့တော်ဝန် ဘီလ်ဒီဘလာဆီယိုက ဆိုသည်။

123 Second Avenue အ ဆောက်အအုံမှာလုံးဝပြိုကျသွားပြီး 121 Second Avenue အဆောက် အအုံမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးသွား၍ တခြား အဆောက်အအုံနှစ်ခုလည်း ပျက်စီးသွားသည်ဟု မီး သတ်ဌာနက ဆိုသည်။

AFP
‪‎Democracytoday‬

No comments:

Post a Comment