Thursday, March 26, 2015

စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျရှုံးကျောင်းသားများအား ပြန်လည် သင်ကြားစစ်ဆေးပေးမည့် ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများချထားပေးမည်


အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျရှုံး သည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်လည် စစ်ဆေးသင်ကြားခြင်းများ ပြုလုပ်သည့်အချိန်တွင် တာဝန်ယူ ဆောင်ရွက်ပေးရမည့် ဆရာ၊ ဆရာမ များကို ချီးမြှင့်ငွေများ ချထားပေးမည် ဖြစ်ကြောင်း သိရသည်။
အခြေခံပညာ အလယ်တန်းတတ် မြောက်မှုစစ်ဆေးခြင်း(အဋ္ဌမတန်း)နှင့် မူလတန်းအဆင့် တတ်မြောက်မှု စစ်ဆေးခြင်း (စတုတ္ထတန်း) စစ်ဆေး ခြင်းများကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆ရက်နေ့အထိ ကျင်းပခဲ့ပြီး စာမေး ပွဲဖြေဆိုရက်များတွင် တာဝန်ယူစောင့် ကြပ်ပေးခဲ့ရသော ဆရာ၊ ဆရာမများ အတွက် ချီးမြှင့်ငွေများကိုယခုလဆန်း ပိုင်းက ချထားပေးခဲ့ပြီးဖြစ်ကြောင်း ယင်းအတန်းများ၏ အောင်စာရင်း များထွက်ရှိပြီး ကျရှုံးသူများကို ပြန် လည် စစ်ဆေးမှုပြုလုပ်ချိန်တွင်လည်း အခကြေးငွေများ ချီးမြှင့်ပေးမည်ဖြစ် ကြောင်း အမှတ်(၁)အခြေခံပညာဦး စီးဌာနမှ သိရသည်။

''မြို့နယ်တွေကို ပြီးခဲ့တဲ့စာမေးပွဲ အခန်းစောင့်ခတွေကို ချထားပေးပြီး သားဖြစ်သလို လာမယ့်ပြန်ကုစားမယ့် အစီအစဉ်တွေမှာလဲ ဆရာတွေကို ထပ်ချီးမြှင့်ပေးမှာပါ''ဟု အမှတ်(၁)အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောကြားသည်။
အလယ်တန်းအဆင့် တတ် မြောက်မှု စစ်ဆေးခြင်းတွင် တာဝန် ယူစောင့်ကြပ်ပေးခဲ့ရသော ကြီး ကြပ်ရေးမှူး ဆရာ၊ ဆရာမများသည် တစ်ရက်လျှင် ကျပ် ၁ဝဝဝ ရရှိမည်ဖြစ် ပြီး၊ လက်ထောက်ကြီးကြပ်ရေးမှူး အဖြစ် တာဝန်ယူရသော ဆရာ၊ ဆရာမ များသည် တစ်ရက်လျှင် ကျပ် ၅ဝဝ ရရှိမည်ဖြစ်ကြောင်း၊ အဖြေလွှာစစ် ဆေးခအဖြစ် အဖြေလွှာတစ်ခုလျှင် ကျပ် ၁၈ဝ ရရှိမည်ဖြစ်ကြောင်း သိရ သည်။
အခြေခံပညာ မူလတန်းအ ဆင့် တတ်မြောက်မှုစစ်ဆေးခြင်း တွင်ကြီးကြပ်ရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ရသော ဆရာ၊ ဆ ရာမများသည် တစ်ရက်လျှင် ၇၅ဝ ကျပ်၊ လက်ထောက်ကြီးကြပ်ရေးမှူး များသည် တစ်ရက်လျင် ၅ဝဝကျပ်၊ အဖြေလွှာစစ်ဆေးခအဖြစ် အဖြေ လွှာတစ်ခုလျှင် ကျပ် ၁ဝဝရရှိမည်ဖြစ် ကြောင်းသိရသည်။
''လာမယ့်အောင် စာရင်းမှာ ကျတဲ့သူတွေကို ပြန်ကုစားရင်းတာ ဝန်ယူရမယ့် ဆရာတွေကို ထပ်ပြီး ချီးမြှင့်မယ့် အစီအစဉ်တွေကတော့ ဘတ်ဂျက်အသစ် စာရင်းထဲပါသွား မှာဖြစ်တဲ့အတွက် နောက်နှစ်ကျမှရ တော့မှာဖြစ်ပါတယ်''ဟု ယင်းကထပ်မံ ပြောကြားသည်။
တချို့နေရာများတွင် ဆရာ ဆရာမများကို ချီးမြှင့်ပေးသည့် အခန်း စောင့်ခ၊ စာစစ်ခများမရရှိသေးသည့် အကြောင်းအရင်းများမှာ မြို့နယ်ပညာ ရေးမှူးများက ဘဏ်များသို့ သွားရောက် ထုတ်ယူနိုင်ခြင်း မရှိသေးခြင်းကြောင့်ဖြစ် ကြောင်း သိရသည်။
ATK
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment