Sunday, March 22, 2015

အိန္ဒိယကထိန်းချုပ်ထားသော ကတ်ရှ်မီးယားဒေသရှိ စစ်စခန်းတစ်ခုအား စစ်သွေး ကြွများပြင်း ထန်စွာတိုက်ခိုက်


အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသော ကတ်ရှ်မီးယားဒေသ အတွင်းရှိ စစ်စခန်းတစ်ခုကိုမတ် ၂၁ ရက် နံနက် ပိုင်းမှ စတင်၍ စစ်သွေးကြွများက ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်သွေးကြွများသည် အသေခံတိုက်ခိုက်ရေးအဖွဲ့များဖြစ်သည်ဟု ယုံကြည်ရပြီး ၎င်းတို့သည် အိန္ဒိယနိုင်ငံ က ထိန်းချုပ်ထားသော ကတ်ရှ်မီးယား ဒေသ၏ ဆောင်းရာသီမြို့တော် ဂျမ် မူးမြို့တောင်ဘက် ၅၃ ကီလိုမီတာ(၃၂ ဒသမ ၉ မိုင်)ခန့်အကွာ ဆမ်ဘာရှိ စစ်အခြေစိုက် စခန်းကို လက်ပစ်ဗုံးများ၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဒေသအတွင်းမှ ထွက်ပေါ်လာသောသတင်းများအရ လက်ရှိတွင် စစ်သေွးကြွများနှင့် အိန္ဒိယ တပ်ဖွဲ့ များ အကြား အပြန် အလှန်ပြင်းထန်စွာ တိုက်ခိုက်လျက်ရှိနေကြောင်း သိရသည်။

ထို့အပြင် မတ် ၂ဝ ရက်က ကာသူအာခရိုင်အတွင်းရှိ ရဲစခန်းတစ်ခုကို စစ်သွေးကြွများက ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အတွက်အရပ်သား တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Ref: Xinhua
မြ၀တီ

No comments:

Post a Comment