Tuesday, March 10, 2015

ဒေသအချို့တွင် လာမည့်တစ်ပတ်အတွင်း အပူချိန်နှင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ ပိုမိုတိုးမြင့်လာနိုင်

-မြန်မာနိုင်ငံ၏ နေ ရာဒေသအချို့တွင် လာမည့်တစ်ပတ် အတွင်း အပူချိန် ၃၈ ဒီဂရီစင်တီ ဂရိတ်မှ ၄၀ ဒီဂရီစင်တီ ဂရိတ်ကျော် အထိ မြင့်မားလာနိုင်ပြီး၊ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းများမှာလည်း တိုးမြင့်လာနိုင်ကြောင်း သိရသည်။
မြင့်မားသော အပူချိန်ကို ခံရ နိုင်သောမြို့များမှာ ကလေးဝ၊ မကွေး၊ မန္တလေး၊ မုံရွာ၊ ပုသိမ်၊ တောင်ငူနှင့် ရန်ကုန်မြို့တို့ဖြစ်ပြီး၊ ခရမ်းလွန်ရောင် ခြည် လွန်ကဲအဆင့် ၁၁ ထက် ကျော် လွန်နေသော တိုင်းဒေသကြီးနှင့် ပြည် နယ်များမှာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းဒေသတို့ ဖြစ်ကြောင်း သိရသည်။

''အမြင့်ဆုံးအပူချိန် ကို မတ် ၁၂ ရက်ကနေ ၁၅ ရက်အတွင်းမှာ ကြုံ တွေ့နိုင် တယ်။ အပူရှိန်တွေကြားက လေထု မငြိမ်မသက်မှုတွေ လဲ ဖြစ်နေ တယ်။ အပူချိန်ရော၊ ခရမ်းလွန် ရောင်ခြည်ရော မှန်မှန်တိုးလာပါ တယ်'' ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။
အပူချိန်နှင့် ခရမ်းလွန်ရောင် ခြည်မြင့်တက်လာခြင်းကြောင့် နံနက် ၁၁နာရီမှ မွန်းလွဲ ၃ နာရီအတွင်း နေပူထဲ သွားလာမှုရှောင် ရှားခြင်း၊ မဖြစ်မနေသွားလာရပါက နေရောင် ခြည်ကာကွယ်နိုင်သော ထီး၊ ဦးထုပ်၊ အရောင်ဖျော့အဝတ်အစား၊ နေကာ မျက်မှန်နှင့် နေလောင်ဒဏ်ကို ကာ ကွယ်နိုင်သည့် လိမ်းဆေးများကို အသုံး ပြုသင့်ကြောင်း သိရသည်။
MMA
Democracytoday

No comments:

Post a Comment