Thursday, March 26, 2015

ပညာရေးဝန်ကြီးဌာန၏ ဦးစီးဌာနအရေအတွက် လျှော့ချ

အုပ်ချုပ်ရေးအသွင် သဏ္ဌာန်ပြောင်းလဲရန် ပညာရေးဝန်ကြီးဌာနကို  ဦးစီးဌာနခုနစ်ခုဖြင့်  ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်း လိုက်ကြောင်း    သတင်းရရှိသည်။
လက်ရှိဦးစီးဌာန ကိုးခုဖြင့် ဖွဲ့စည်းထားသော ပညာရေးဝန် ကြီးဌာနတွင် လာမည့်ဘဏ္ဍာနှစ် မှစတင်၍ ဦးစီးဌာန ခုနစ်ခုဖြင့် လုပ်ငန်းတာဝန်များ ပြောင်းလဲ ထမ်းဆောင်မည်ဖြစ်သည်။

အဆင့်မြင့်ပညာဦးစီးဌာန အောက်မြန်မာပြည်နှင့် အထက် မြန်မာပြည်၊ အခြေခံပညာဦးစီး ဌာန အမှတ် (၁)၊ (၂)၊ (၃)ဟူ၍ ဦးစီးဌာန ငါးခုရှိပြီး ပြင်ဆင်ဖွဲ့ စည်းသည့် ဖွဲ့စည်းပုံအရ အခြေခံ ပညာဦးစီးဌာနနှင့် အဆင့်မြင့် ပညာဦးစီးဌာန နှစ်ခုဖြင့် လုပ်ငန်း များ ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်း ရရှိသည်။

‘‘အရင်တုန်းကတော့ အခြေခံပညာနဲ့  အဆင့်မြင့်ပညာကို သက်ဆိုင်ရာဒေသအလိုက် သီးခြားစီ အုပ်ချုပ် စီမံ နေတာပါ။ အခု ကတော့ ဒေသအလိုက် မခွဲခြားတော့ဘဲ ဦးစီးဌာနတစ်ခုအောက် ကို အကုန်လုံး ရောက်သွားမှာပေါ့’’ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ပညာရေးဝန်ကြီးဌာနသည် ၁၉၉၈ အထိ အခြေခံပညာဦးစီး ဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနဖြင့် စီမံအုပ်ချုပ်ခဲ့ပြီး အထက်မြန်မာပြည်၊ အောက်မြန်မာပြည်နှင့်အမှတ် (၁)၊ (၂)၊ (၃) ဟူ၍ ဖွဲ့စည်းပုံများ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ပြင်ဆင်ဖွဲ့စည်းလိုက်သော ဖွဲ့စည်းပုံအသစ်အရ ပညာရေးဝန် ကြီးဌာနတွင် ပြည်ထောင်စုဝန် ကြီးရုံး၊ အဆင့်မြင့် ပညာဦးစီးဌာ န၊ အခြေခံပညာဦးစီးဌာန၊ ဆရာ အတတ်ပညာဦးစီးဌာန၊ လူ့စွမ်း အားအရင်း အမြစ်နှင့် ပညာရေးစီ မံကိန်းဦးစီးဌာန၊ မြန်မာနိုင်ငံပညာရေးသုတေသနဦးစီးဌာန၊ မြန်မာ စာနှင့် ဘာသာစကားပညာရေးဦး စီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနတို့ရှိလာမည် ဖြစ်သည်။

 ပညာရေးဝန်ကြီးဌာနတွင် အရာထမ်း၊ အမှုထမ်းအင်အား ငါးသိန်းခန့် တာဝန်ထမ်းဆောင်လျက်ရှိပြီး ပြင်ဆင် ဖွဲ့စည်း လိုက်သော ဖွဲ့စည်းပုံအရ အရာထမ်း၊ အမှုထမ်းအင်အား ရှစ်သောင်းခန့် တိုးမြှင့် ခန့်ထားရန် အဆိုပြုထားသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှစ ၍ ၀န်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြောင်းလဲဖွဲ့စည်းမည်ဖြစ်ပြီး ၀န်ကြီးဌာနများရှိ ဦးစီးဌာန ၂၀ အားလျှော့ချ၍ ၀န်ထမ်းများကို လိုအပ်သောဌာနများသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေမည် ဖြစ် ကြောင်း  ဇန်န၀ါရီလကုန်တွင် သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း က ပြောကြား ထားသည်။

7Day DAILY

No comments:

Post a Comment