Tuesday, March 24, 2015

လိင်စိတ်ကြွဆေးများရောင်းချခြင်းမပြုရန် ဆေးဆိုင်တာဝန်ရှိသူများကို ရဲတပ်ဖွဲ့က ခံဝန်လက်မှတ် ထိုးခိုင်းထား၊ ရောင်းချခြင်းရှိမရှိကို ရဲတပ်ဖွဲ့က အသွင်ယူသက်သေဖြင့် ဖမ်းဆီးသွားမည်


ရန်ကုန်တိုင်းဒေသကြီးတွင်ရောင်းချလျက်ရှိသည့်ဆေးဆိုင်များတွင် လိင်စိတ်ကြွ ဆေးများ ရောင်းချခြင်းမပြုရန် ဆေးဆိုင် တာဝန်ရှိသူများကို ရဲတပ်ဖွဲ့က ခံဝန် လက်မှတ်ထိုးခိုင်းထားကြောင်း ရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိ ရသည်။

လိင်စိတ်ကြွဆေး ရောင်းချခြင်း များ ရှိမရှိကို အသွင်ယူသက်သေများ ဖြင့် ဖမ်းဆီးခြင်း လုပ်ငန်းများကို လည်း အထူးစီမံချက်ဖြင့် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း မင်္ဂလာ တောင်ညွန့်မြို့နယ် ရဲစခန်းမှမြို့နယ်မှူး ရဲမှူး သိန်းအောင်ကပြောသည်။

မင်္ဂလာတောင်ညွန့်ရဲ စခန်းမှ မြို့နယ်မှူးရဲမှူးသိန်းအောင်က ''ပညာ ပေးကာလတော့ပြီးပြီ။ ၂၃ရက်က စပြီးဆေးဆိုင်တွေမှာ လိင်စိတ်ကြွ ဆေးတွေ ရောင်းချမှု ရှိမရှိကို ရှောင် တခင်စစ်ဆေးမှုတွေနဲ့ အသွင်ယူ သက်သေတွေနဲ့ ရှာဖွေပြီး ရောင်းချ တာတွေ့ရင်တည်ဆဲဥပဒေအရထိထိ ရောက်ရောက်အရေးယူ မှုတွေလုပ် မယ်။ သင်္ကြန်ကာလအတွင်းမှာ ဒီလို ဆေးတွေကို အမျိုးကောင်းသမီးတွေ မသုံးမိဖို့ အရေးကြီးတယ်။ မလိုလား အပ်တဲ့ ရာဇဝတ်မှုတွေလဲ ဖြစ်ပွားနိုင် ပါတယ်''ဟုပြောကြားသည်။

မြောက်ဒဂုံရဲစခန်းမှ မြို့နယ်မှူး ရဲမှူးလှသန်းက ''ဆေးဆိုင်တွေကိုလိင် စိတ်ကြွဆေးမရောင်းချဖို့ခံဝန်လက် မှတ်ထိုးခိုင်း ထားတယ်။ ၂ဝရက်ကစ ပြီး ပညာပေးပြောကြားမှုတွေ၊ အသိ ပေး ညွှန်ကြားမှုတွေ အကုန်လုံးကို ဆေးဆိုင် တာဝန်ရှိသူတွေ အကုန်လုံး ကိုပြောကြားထားပါတယ်''ဟုပြော သည်။

လိင်စိတ်ကြွဆေးရောင်းချသည့် ဆိုင်များကို အများပြည်သူများ အနေ ဖြင့် တွေ့ရှိခဲ့ပါကလည်း နီးစပ်ရာရဲစ ခန်းသို့ သတင်းပေး တိုင်ကြားနိုင် ကြောင်း သိရသည်။ ကျောက်တံ တားမြို့နယ် ရဲစခန်းမှ စခန်းမှူးဒု ရဲမှူးဝင်းတင်က ''နယ်ထိန်းတွေကို တော့ ဆေးဆိုင်တွေမှာ လိင်စိတ် ကြွဆေးတွေ ရောင်းချမှု ရှိမရှိကို စုံစမ်းခိုင်းထားပါတယ်။ ဒီနေ့မတ် ၂၃ရက်မှာတော့ ဖမ်းဆီးရမိတာ မရှိ ပါဘူး''ဟုပြောသည်။

ပန်းဆိုးတန်းရှိ အိမ်သုံးဆေး ရောင်းချသည့် ဆိုင်တစ်ဆိုင်မှ တာ ဝန်ရှိသူတစ်ဦးက ''လိင်စိတ်ကြွဆေး တွေမရောင်းဖို့သတိပေးပြောကြား ထားတာတွေရှိပါတယ်။ ဒီလိုဆေးတွေ ကို ရောင်းချတဲ့ ဆိုင်တော်တော် များများလဲရှိတယ်။ ဒီလိုဆေးတွေ အသုံးပြုလို့ ဘဝပျက်ခဲ့ကြတဲ့ မိန်း ကလေးတော်တော်များများလဲ ရှိပါ တယ်။ လိင်စိတ်ကြွဆေးကမိန်းမတွေ အတွက်လဲ ရှိသလို၊ ယောက်ျား လေးတွေအတွက်လဲ ရှိတယ်။ ဒီလို စီမံချက်ချပြီး ဖမ်းတာ ကောင်းပါတယ်'' ဟုပြောသည်။

KMZ
Yangon Media Group

No comments:

Post a Comment