Tuesday, March 10, 2015

သပိတ်အခြေအနေလက်ရှိအနေအထား

ယနေ့ နေ့လည် တစ်နာရီ မိနစ်နှစ်ဆယ်ခန့်တွင် ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အပြန်အလှန်ရိုက်နှက်နေကြပြီဖြစ်ကြောင်း အဆိုပါ နေရာရှိ ဆဲဗင်းဒေးသတင်းထောက်က သတင်းပေးပို့သည်။
ကျောင်းသားများနှင့်သာမက ပြည်သူများနှင့်ပါ ရဲတပ်ဖွဲ့နှင့် ရိုက်နှက်နေကြကြောင်း သတင်းရရှိသည်။ ရဲတပ်ဖွဲ့ဝင်များက ကျောင်းသားများ စီးနင်းလာသည့် သပိတ်ကားအား ရိုက်နှက်ထားပြီး ကျောင်းသားများအား စတင်ဖမ်းဆီးနေပြီဖြစ်ကြောင်းသိရသည်။ ရဲတပ်ဖွဲ့ဝင်များက မြင်ရာ တွေ့ရာများအား လိုက်လံရိုက်နှက်နေပြီး ထိန်းချုပ်မှုကင်းလွတ်သည့် အနေအထားတွင် ရှိနေသည်ဟု ဆဲဗင်းဒေးသတင်းထောက်က သတင်းပေးပို့သည်။
UPDATE >>>>>>>>>>
လက်ရှိအခြေအနေတွင် ရဲတပ်ဖွဲ့ဝင်များက ကျောင်းသားများအား ဖြိုခွင်းလိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ကျောင်းသားများ ထိုင်သပိတ်ဆင်နွဲနေသည့် နေရာတွင် ကျောင်းသားများမရှိတော့ဘဲ တည်းခိုရာ ဘုန်းကြီးကျောင်းသို့လည်းကောင်း အခြားနေရာများသို့လည်းကောင်း ထွက်ပြေးသွားကြပြီဖြစ်ကြောင်း သိရသည်။
ဘုန်းကြီးကျောင်းထဲဝင်ပြေးသည့် ကျောင်းသားများကို ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ရိုက်နှက်ဖမ်း ဆီးနေပြီဖြစ်သည်။

7 Day Daily

No comments:

Post a Comment