Wednesday, April 22, 2015

ရပ်နေသည့် ထားဝယ် အထူးစီးပွားရေးဇုန်အတွက် ဂျပန် ပြန်လည်ပူးပေါင်းမည်

(တိုကျို)။ ။ မြန်မာနိုင်ငံတွင်းရှိ ရပ်တန့်နေသည့် စီမံကိန်းဖြစ်သည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံက ဇူလိုင်လတွင် ပါဝင်ရန် လက်မှတ်ရေးထိုးမည် ဖြစ်သည်။
Dawei-Special-Economic-Zone-construction-1
ဂျပန်နိုင်ငံသည် မြန်မာနှင့် ထိုင်းနိုင်ငံတို့နှင့်အတူ ထားဝယ် အထူးစီးပွားရေးဇုန်တွင် ညီတူညီမျှ မိတ်ဖက်ပြုကာ ပါဝင်မည်ဖြစ်ကြောင်း အမျိုးသား စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် အာခွန်တမ်ပီတာယာ တပိုင်ဆစ်က ပြောသည်။

၂၀၁၃ခုနှစ် ဇွန်လအတွင်းက ထိုင်းနှင့် မြန်မာနိုင်ငံတို့က ထားဝယ်စီးပွားရေးဇုန်တွင် ရှယ်ယာအချိုးတူဖြင့် ကနဦး ရင်းနှီးမြှုပ်နှံမှု ဘတ်ငွေ ၁၂ သန်းကို သဘောတူညီခဲ့ခြင်းဖြစ်သည်။ ထိုအပြင် ဆိပ်ကမ်း၊ ရထားလမ်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေအရင်းအမြစ်များ၊ စက်မှုနယ်မြေ၊ ဆက်သွယ်ရေးနှင့် မြို့ ပြတည်ဆောက်ရေးအဖွဲ့တို့အတွက်ပါ နှစ်နိုင်ငံက သဘောတူညီခဲ့ကြသည်။
"ဂျပန်နိုင်ငံက နှစ်နှစ်နီးပါး စဉ်စားပြီးနောက် ထားဝယ်ဇုန်မှာ ပါဝင်ဖို့ကို ဆုံးဖြတ်လိုက်တာပါ။ မြန်မာအစိုးရက အခြေခံအဆောက်အအုံ ပထမဖွံ့ဖြိုးဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုများအတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးလာလို့ ယခုလို ပြောင်းလဲဆုံးဖြတ်လာခြင်းဖြစ်ပါတယ်" ဟု အာခွန်ကပြောသည်။
"ဂျပန်နိုင်ငံက အိမ်နီးချင်းနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံရေး ဂိတ်တံခါးအဖြစ် ထိုင်းနိုင်ငံကို အသုံးပြုလိုနေတဲ့ နိုင်ငံလည်းပဲ ဖြစ်ပါတယ်"ဟု ဆက်လက်ပြောကြားသည်။
ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပါဝင်နိုင်သည့် စီမံကိန်းတစ်ရပ်ကို ရေးဆွဲသွားရန်လည်း သဘောတူညီမှု ရရှိကြောင်း သူကပြောခဲ့သည်။
Mizzima 

No comments:

Post a Comment