Wednesday, April 8, 2015

ပျောက်ဆုံးမြန်မာရေလုပ်သား ၁၅ဦး၏ရုပ်အလောင်းများ ရှာတွေ့

ရုရှားသင်္ဘောနစ်မြှုပ်ပြီးနောက် ပြန်လည်လွတ်မြောက်လာသော မြန်မာသင်္ဘောသားများ(ဓာတ်ပုံ−ရုရှားနိုင်ငံဆိုင်ရာမြန်မာသံရုံး)

ရုရှားငါးဖမ်းသင်္ဘော တိမ်းမှောက်မှုတွင်ပျောက်ဆုံးနေ သော မြန်မာရေလုပ်သား ၁၉ဦး အနက် ၁၅ဦး၏ ရုပ်အလောင်း များရရှိထားကြောင်း ရုရှားနိုင်ငံ ဆိုင်ရာမြန်မာသံရုံးက ဧပြီ ၇ရက် တွင် သတင်း ထုတ်ပြန်သည်။

ကယ်ဆယ်ရေးအဖွဲ့များက တိမ်းမှောက်သည့် ငါးဖမ်းသင်္ဘော ပေါ်တွင်လိုက်ပါသွားသော ၁၃၂ဦးအနက် ၆၃ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ၅၆ဦးကို ရုပ်အလောင်းများဆယ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ အသက်ရှင် လျက်ကယ်ဆယ်ခဲ့သော ၆၃ဦးနှင့် ၅၃ဦး ရုပ်အလောင်းများကို တင်ဆောင်လာသော ကယ်ဆယ်ရေးသင်္ဘောသည် ရုရှားနိုင်ငံ တောင်ပိုင်း Sakhalin မြို့သို့ ဧပြီ ၇ရက်ကရောက်ရှိလာခဲ့သည်။

Sakhalinမြို့သို့ ရောက်ရှိ လာသည့် ရုပ်အလောင်းများကို ရုရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးက  သွားရောက်စစ်ဆေးရာ ဆယ်ယူ လာသည့် အလောင်း ၅၆လောင်း တွင် မြန်မာရေလုပ်သား ၁၅ဦးပါ ၀င်သည်ဟု မြန်မာသံရုံးက အ တည်ပြုထုတ်ပြန်သည်။

ဆယ်ယူရရှိ၍ အတည်ပြုနိုင် သော ရုပ်အလောင်းများသည် မြင့်ဇော်ဝင်း၊ ရာဂျေး၊ ကျော် သက်ထွေး၊ ခင်မောင်မြင့်၊ ကျော် နေမင်း၊ ပြုံးမောင်မောင်၊ စော သက်ပိုင်၊ ညီထွဋ်၊ ကျော်သက်နိုင်၊ လွှမ်းမိုးအောင်၊ ကောင်းမြတ် ထွန်း၊ ကျော်စွာလင်း၊ ဟန်လင်း အောင်၊ ကျော်ဝင်းဆန်း၊ တိုး ထက်တို့ဖြစ်ကြောင်းထုတ်ပြန် သည်။

ပျောက်ဆုံးနေဆဲဖြစ်သော လေးဦးမှာ ဆန်းဝင်းလှိုင်၊ ကိုကို မောင်၊ သက်ဆွေနှင့် သိန်းထွန်း တို့ဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

အသက်ရှင်လျက် ကယ် ဆယ်ရရှိသော မြန်မာရေလုပ် သား ၂၂ဦးကို Sakhalinမြို့ရှိ Pacific Plazaဟိုတယ်၌ ထားရှိထားကြောင်းသတင်းရရှိသည်။

အသက်ရှင်ကျန်ရှိသော မြန် မာရေလုပ်သားများအား ဆေးစစ် မှုများပြုလုပ်၍ မိဘများထံအပ်နှံ မည်ဖြစ်ပြီး ၎င်းတို့အား တာဝန်ယူပို့ဆောင်ပေးရန် တိမ်းမှောက်သည့် သင်္ဘောကုမ္ပဏီ Mage II anနှင့် ညှိနှိုင်းနေကြောင်း ထုတ်ပြန်ထားသည်။

ရုရှားအလုပ်သမားဝန်ကြီးဌာနက သေဆုံးမိသားစုဝင်များအား ရုရှားငွေရူဘယ်တစ်သန်း(ကျပ်သိန်း ၁၈၀ကျော်) စီထောက်ပံ့ပေးမည်ဟု မြန်မာသံရုံးကပြောသည်။

ရုရှားငါးဖမ်းသင်္ဘောပေါ်သို့ သင်္ဘောသားလုပ်သား ၄၂ဦးအား တင်ပို့ပေးသော ကုမ္ပဏီငါးခုကို ဧပြီ ၃ရက်က သင်္ဘောသားတင်ပို့ မှုရပ်ဆိုင်းလိုက်သည်။

လက်ရှိတွင်သင်္ဘောသားစုစုပေါင်း ၁၃ဦးပျောက်ဆုံးနေပြီး၎င်းတို့အနက်မြန်မာရေလုပ်သားလေးဦး ပါဝင်နေသည်။

7Day

No comments:

Post a Comment