Wednesday, April 8, 2015

၄၈ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ သမ္မတအိမ်တော်တွင် ယနေ့ပြုလုပ်မည်

နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများပါဝင်သော ၄၈ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို နိုင်ငံတော်သမ္မတရုံးတွင် ယနေ့ (ဧပြီ ၈ ရက်)ညနေ၌ ပြု လုပ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ တွင် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ချောမွေ့ရေး၊ တစ်နိုင် ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင် ရာစာချုပ်
(NCA) မူကြမ်း အတည်ပြုနိုင်ခဲ့ခြင်းကိစ္စ၊ ရွေးကောက်ပွဲ မတိုင်မီကြားကာလ နိုင်ငံရေး တည်ငြိမ်ရေးတို့ကို ဆွေးနွေးမည့် တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံရသူများထံမှ သိရသည်။
‘‘အရင်တစ်ခါကလို ၄၈ ပွင့် ဆိုင်တွေ့ဆုံပွဲပဲ ဖြစ်နိုင်ပါတယ်။ ဒီတစ်ခါတော့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွေက ဥက္ကဋ္ဌတွေလည်း ပါမယ် ထင်တယ်’’ဟု တွေ့ဆုံပွဲသို့တက်ရောက်မည့် ချင်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးနိုထန်ကပ် က ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီက နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် ၄၈ ပွင့်ဆိုင်တွေ့ ဆုံပွဲပြုလုပ်ခဲ့ပြီး သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ ပါဝင်ခဲ့ကြသည်။
သို့သော် ယင်းတွေ့ဆုံပွဲ သည် နိုင်ငံရေးအရ သဘောတူညီချက်တစ်ရပ်မျှ ချမှတ်နိုင်ခဲ့ခြင်း မရှိခဲ့၍ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်များက ကျေနပ်အားရမှုမရှိကြောင်း တွေ့ဆုံပွဲ အပြီးတွင် ထုတ်ဖော်ပြောကြားခဲ့ သည်။
ယခုလ ၁၀ ရက်တွင် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရာ၌ အ ကျပ်အတည်းမဖြစ်စေရန် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တိုင်းရင်း သားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးတို့ ပါဝင်သည့် ခြောက်ပွင့် ဆိုင်တွေ့ဆုံမှုကို ကျင်းပပြုလုပ် မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြော ကြားခဲ့ပြီးနောက် ၄၈ ပွင့်ဆိုင်တွေ့ ဆုံမှုကို ယခုလ ၈ ရက်တွင် ပြုလုပ်မည်ဟု နိုင်ငံတော် သမ္မတရုံးက တက်ရောက်မည့်သူများကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
ခြောက်ပွင့်ဆိုင်ကို ဧပြီ ၁၀ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်းပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားခဲ့ပြီး နောက် ဧပြီ ၈ ရက်တွင် ၄၈ ပွင့်ဆိုင်တွေ့ဆုံမှုကို ပြုလုပ်ရန် သမ္မတရုံးမှ သက်ဆိုင်သူများကို ဖိတ်ကြားခြင်းသည် နိုင်ငံရေးအရ ရိုးသား မှုမရှိကြောင်း ခြောက်ပွင့်ဆိုင်တွေ့ ဆုံမှုတွင် တစ်ပွင့်အဖြစ်ပါဝင်မည့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ အေးမောင်က ပြောသည်။
‘‘ကျွန်တော်တို့ ခြောက်ပွင့် ရက်ရွှေ့လား၊ မရွှေ့လားဆိုတာ သူတို့ (သမ္မတ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်)တို့ အပေါ်မှာပဲ မူတည်တယ်။ အခုလို လုပ်တာက တော့ မရိုးသားဘူး’’ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဆို သည်။
ပြီးခဲ့သည့် ဇန်န၀ါရီက ပြုလုပ်ခဲ့သည့် ၄၈ ပွင့်ဆိုင်တွေ့ဆုံပွဲကို သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးတို့လည်း တက်ရောက်ခဲ့ကြသည်။
7Day Daily

No comments:

Post a Comment