Sunday, April 5, 2015

တရုတ်နိုင်ငံနိုးထလာခြင်းအကြောင်းရင်းလေးခု



တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံစလုံး မဟာဗျူ ဟာအဆင့်နှင့် မီဒီယာအဝန်းအဝိုင်းတွင် အပြန် အလှန်ယုံကြည်မှုကင်းမဲ့နေခြင်းသည် သဘောပေါက် နားလည်မှုရရှိအောင် မလုပ်ဆောင်နိုင်ခြင်းနှင့် လွဲ မှားသောကောက်ချက်ချမှုများကို ဆက်တိုက်ဖြစ် ပေါ်စေခဲ့သည်။ 

ထိုအခြေအနေသည် ပူးပေါင်း ဆောင်ရွက်မှုလမ်းကြောင်းတွင် ကန့်လန့်ခံနေခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ပတ်ဝန်းကျင်ကိုလည်း ညစ်နွမ်း စေခဲ့သည်။

အမေရိကန်ဘက်တွင်မူ တရုတ်နိုင်ငံကို အိုင် ဒီရော်လော်ဂျီရပ်တည်ချက်မှ ရှုမြင်လိုခြင်းကို ရှောင်ကြဉ်ခြင်းက အဓိကကျသည်။ထိုအတားအဆီး ကို ဖယ်ရှားနိုင်ခြင်းမရှိလျှင် နှစ်နိုင်ငံဆက်ဆံရေး သည်မကြာခဏအတက်အကျများရှိနေမည့်အလား အလာရှိသည်။

ဒုတိယအချက်မှာ နှစ်နိုင်ငံစလုံးသည် တစ်နိုင်ငံ ချင်းစီ၏ အကျိုးစီးပွားများနှင့် စိုးရိမ်မှုများကို လေး စားမှုရှိရန် သင်ယူနိုင်ခြင်းရှိမရှိဆိုသည့်အချက်ဖြစ် သည်။ တရုတ်ပြည်သူများအတွက် အမေရိကန် သည် တရုတ်နိုင်ငံ၏အကျိုးစီးပွားပါဝင်ပတ်သက် သော အရေးကိစ္စအားလုံးလိုလိုတွင် အတိုက်အခံ ဘက်က ရပ်တည်ရန်ပို၍လိုလားသည်ဟု ယူဆကြ သည်။ ဥပမာ-တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံ များထံမှ ရန်စမှုများရင်ဆိုင်ရချိန်တွင် အဖြစ်မှန်များ မျက်ကွယ်ပြုပြီး တရုတ်နိုင်ငံကိုသာ လက်ညိုးထိုး စွပ်စွဲခဲ့သည်။ 

ထိုသို့စွပ်စွဲလိုက်ခြင်းအားဖြင့် အမေရိ ကန်သည် တရုတ်ပြည်သူများကြားတွင် ယင်း၏ ပုံရိပ်ကို ပို၍ဆိုးရွားသွားအောင်လုပ်ဆောင်ခဲ့သည်။

ဤအခြေအနေကိုပြင်ဆင်ရန် ကန်-တရုတ်နှစ် နိုင်ငံသည် အပြုသဘောဆောင်သည့်လေသံမျိုး ပိုမို ပြသသင့်ပြီး ရာသီဥတုပြောင်းလဲမှု၊ အကြမ်းဖက် ဝါဒတိုက်ဖျက်ရေး၊ ကူးစက်တတ်သောရောဂါများ တိုက်ဖျက်ရေး၊ ဆိုက်ဘာလုံခြုံရေးတို့တွင် ထင်သာ မြင်သာသည့်ပူးပေါင်းဆောင်ရွက်မှု ပိုမိုရရှိအောင် လုပ်ဆောင်သင့်သည်။ 

နှစ်နိုင်ငံစလုံးသည် ကြွယ်ဝ ချမ်းသာ၍တည်ငြိမ်သော အာရှဒေသကို လိုအပ်နေ သည်။ နှစ်နိုင်ငံ စလုံးကသဘောတူမည့် နယ်ပယ် များကို ရှာဖွေသတ်မှတ်ကာ ထိုနယ်ပယ်များတွင် အလုပ်လုပ်သင့်သည်။ မိမိတို့သဘောမတူနိုင်သည့် နယ်ပယ်များတွင် မတူညီသည်များကို ဘေးဖယ် ထားပြီး နောက်ထပ်ဆွေးနွေးမှုရအောင်ဆောင်ရွက် ကြရမည်ဖြစ်သည်။

အာဆီယံအဖွဲ့က ဦးဆောင်ခဲ့သည့် နိုင်ငံပေါင်း စုံနှင့်သက်ဆိုင်သောမူဘောင်များကို ထောက်ခံ ကြောင်း မိမိတို့နှစ်နိုင်ငံစလုံး ပူးတွဲဖော်ပြသင့်သည်။ ကန်-တရုတ်ပဋိပက္ခနှင့်ပတ်သက်ပြီး ဒေသတွင်း နိုင်ငံများ စိုးရိမ်ပူပန်မှုအနည်းဆုံးဖြစ်စေရန်နှင့် တစ်ဖက်ဘက်တွင်ရပ်တည်ရမည်ဆိုသည့်စိုးရိမ်မှုများကို အနည်းဆုံးဖြစ်အောင်လျှော့ချသင့်သည်။

တရုတ်နိုင်ငံဘက်တွင်မူ မိမိတို့၏ အိမ်နီးချင်း များကို မိမိတို့၏ အပြုအမူများက မည်သို့သက် ရောက်မှုရှိမည်ဆိုသည်ကို ဂရုတစိုက်လေ့လာသုံး သပ်သင့်ပါသည်။ မိမိတို့၏ သဘောထားအမြင်ကို လူအများ ပိုမိုသိရှိစေရန် အရေးကြုံမလာမီ ပို၍ လက်ဦးမှုရယူပြီး ရှင်းလင်းတင်ပြမှသာလျှင် ပြင်ပ ကမ္ဘာကြီးသည် မိမိတို့၏ စဉ်းစားတွေးခေါ်မှုနှင့် စိတ်စေတနာများကို ဓမ္မဓိဋ္ဌာန်ကျကျအချိန်နှင့် တစ်ပြေးညီ နားလည်နိုင်ကြမည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍနှင့် ယင်း၏အပြည်ပြည်ဆိုင်ရာတာဝန်ရှိမှုများကို တရုတ်ပြည်သူများက မည်သို့ရှုမြင်ကြသနည်း။ အမေရိကန်နှင့်အတူတကွ ကမ္ဘာလုံးဆိုင်ရာတာဝန် ယူမှုကို တရုတ်နိုင်ငံက မျှဝေရယူသင့်ပါသလား။

ယနေ့ကမ္ဘာကြီးသည် ဒေသပေါင်းစုံမှပဋိပက္ခ များကြောင့် ဒုက္ခတွေ့နေရသည်။ ယူကရိန်းအရေး ကိစ္စသည် အေးချမ်းမှုမရရှိသေးဘဲ အရှေ့အလယ် ပိုင်းဒေသတွင်လည်း ပဋိပက္ခများဆက်လက်ဖြစ်ပေါ် နေဆဲဖြစ် သည်။ တရုတ်နိုင်ငံသည် ပါဝင်သင့်သည့် အခန်းကဏ္ဍမှ လုံလောက်စွာပါဝင်ခြင်းမရှိသေးဘဲ တာဝန်ယူမှုများ လျော့ပါးလာသည်ဟု ယူဆနေကြ သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်မှ ပြဿနာအများစု သည် ခြေလှမ်းမှားခြင်းမှစကာ ရှုပ်ထွေးမှုဆီသို့ နောက်တစ်ဆင့်တွင် ဦးတည်သွားသည်ဟု ယူဆ သည်။ အရေးကိစ္စတစ်ခုကို ဖြေရှင်းရန်အလွယ် ဆုံးနည်းမှာ ရင်ဆိုင်တိုက်ခိုက်နေခြင်းကို ရပ်တန့် လိုက်ပြီး သက်ဆိုင်ရာအစုအဖွဲ့များကြားတွင် စေ့စပ် ညှိနှိုင်းမှုရရှိအောင်လုပ်ဆောင်ခြင်းဖြစ်သည်။ 

ကမ္ဘာ့ နိုင်ငံများသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေး ကို ဝင်ရောက်စွက်ဖက်ခြင်းမပြုသင့်ဆိုသည့်အချက် အား တရုတ်နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်လက်ခံ ယုံကြည်ထားကြသည်။ ထို့ကြောင့်ငြိမ်းချမ်းသော ဖြေရှင်းမှုရရှိအောင် ကြိုးပမ်းရန်ရည်ရွယ်ချက်ဖြင့် အဓိကအရေးကိစ္စများကို စေ့စပ်ဆွေးနွေးမှုများတွင် တရုတ်နိုင်ငံက ပါဝင်သွားမည်ဖြစ်သည်။ သို့သော် ပဋိပက္ခတွင်ပါဝင်သည့်ဘက်တစ်ဖက်ကို ပါဝင် ပတ်သက်ခြင်း သို့မဟုတ် ပြဿနာကြီးထွားစေမည့် ဆောင်ရွက်ချက်များလုပ်ဆောင်ခြင်းတို့ကို တရုတ် နိုင်ငံကလုပ်မည်မဟုတ်ပါ။ 

တရုတ်နိုင်ငံ၏ ကမ္ဘာ့ရေးရာတာဝန်ယူမှုသည် မည်သို့ဖြစ်သနည်း။ ပထမဦးစွာ ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံရှိသော နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိတို့ ၏ နိုင်ငံကို ချမ်းသာကြွယ်ဝမှုပိုမိုဖြစ်ထွန်းစေပြီး တည်ငြိမ်မှုဆက်လက်ရှိနေစေခြင်းသည် ကမ္ဘာကြီး ၌ တရုတ်နိုင်ငံပါဝင်ဆောင်ရွက်နေသည့် အလွန် အရေးကြီးသောအချက်ဖြစ်သည်။

ကမ္ဘာ့လုံခြုံရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနျူကလီးယား ကိစ္စ၌ ကြားဝင်ဆောင်ရွက်ပေးသူအဖြစ် ကမ်း လှမ်းခဲ့ပြီး အာဖဂန်နစ္စတန်တွင် တည်ငြိမ်မှုပိုမို ရရှိအောင်လုပ်ဆောင်ပေးခဲ့သည်။ အလားတူ ဒေသတွင်းလုံခြုံရေး၊ ကမ္ဘာ့လုံခြုံရေးတို့နှင့်ပတ် သက်ပြီး စေ့စပ်ဆွေးနွေးမှုအများအပြားတွင် မိမိတို့ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ 

သို့သော် တရုတ် နိုင်ငံသည် အခြားသောနိုင်ငံများကို ကြီးမားစွာ သြဇာလွှမ်းမိုးမှုရှိသည့်နိုင်ငံအဖြစ် မိမိကိုယ်ကိုယ် ခံယူထားခြင်းမရှိပါ။ နိုင်ငံတကာကပါဝင်ပတ်သက် မှုလိုအပ်လာမည်ဆိုလျှင် သက်ဆိုင်ရာနိုင်ငံများ၏ သဘောထားအမြင်နှင့်ဒေသတွင်းသဘောထားအမြင် တို့ကဦးစွာထွက်ပေါ်လာရ မည်ဖြစ်ပြီးကုလသမဂ္ဂ၏ အခွင့်အာဏာကို ကျော်လွှား၍မရနိုင်ဟူသောအချက် သည် မိမိတို့၏ သဘောထားအမြင်ဖြစ်ပါသည်။

အမေရိကန်နိုင်ငံအခြေစိုက် ASIA SOCIETY က ကြီးမှူးကျင်းပသည့် ASIA SOCIETY DIALOGUE တွင် တရုတ်နိုင်ငံ ပြည်သူ့ကွန်ဂရက်၏ နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ ဖုရင်း ပြောကြားသည့် အဖွင့်မိန့်ခွန်းမှ ယခုဆောင်းပါးကို ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။ ဤဆောင်းပါးတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ်သို့ တရုတ်နိုင်ငံရောက်ရှိလာရခြင်း အကြောင်းရင်းများကို အပိုင်းလေးပိုင်းခွဲ၍ China Today စာစောင်၌ Answers to Fours Key Questions about China’s Rise ခေါင်းစဉ်ဖြင့် ရေးသား တင်ပြထားပါသည်။

The Union Daily

No comments:

Post a Comment