Thursday, April 9, 2015

နစ်မြုပ် ရုရှား ငါးဖမ်းသဘောင်္က မြန်မာတဦးနဲ့ ဆက်သွယ်မေးမြန်းချက်

ငါးဖမ်းသဘောင်္

ရုရှ ငါးဖမ်းသင်္ဘော Dalny Vostok (ဓာတ်ပုံ – Itar-Tass)
ဧပြီလ ၂ ရက်နေ့ အစောပိုင်းက နိုင်ငံတကာမှ သင်္ဘောသား ၁၃၂ ဦးပါဝင်သည့် ရုရှား ငါးဖမ်းသင်္ဘော Dalny Vostok သည် ဒေသ စံတော်ချိန် နံနက် ၄ နာရီခန့်တွင် Kamchatka ကျွန်းဆွယ်အနီး Okhotsk ပင်လယ်တွင်းသို့ နစ်မြုပ်သွားခဲ့ပြီး သင်္ဘောပေါ်ပါသူများ ထဲတွင် ၆၃ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကာ ၅၆ ဦး၏ ရုပ်အလောင်းများ ဆယ်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းသင်္ဘောပေါ်ပါသူများတွင် မြန်မာနိုင်ငံသား ၄၂ ဦး ပါရှိသည်။ ထို ၄၂ ဦးထဲမှ အသက်ရှင် ကျန်ခဲ့သူ ၂၂ ရှိပြီး အသက်သေဆုံး သူ ၁၆ ဦး၊ ပျောက်ဆုံး ၄ ဦး ရှိကြောင်း နောက်ဆုံးသတင်းများတွင် ဖော်ပြခဲ့သည်။
အသက်ရှင် ကျန်ခဲ့သူ မြန်မာနိုင်ငံသား ၂၂ ဦးသည်လည်း ပင်လယ်ပြင်မှတဆင့် အသက်ကယ်သင်္ဘောများ၏ အကူအညီနှင့် ဧပြီ လ ၇ ရက်တွင် Sakhalin မြို့ Korsakovဆိပ်ကမ်းသို့ ရောက်ရှိမည် ဖြစ်ရာ ယခုဆိုလျှင် ထိုမြို့ရှိ Pacific Plaza ဟိုတယ်တွင် ယာယီ တည်းခိုနေကြောင်း၊ မကြာမီ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိနိုင်ရန် ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက ကူညီဆောင်ရွက် ပေးနေကြောင်း သိရှိရသည်။
လတ်တလော Pacific Plaza ဟိုတယ်၌ တည်းခိုနေသော အသက်ရှင်လွတ်မြောက်လာသူ တဦးဖြစ်သည့် မြန်မာနိုင်ငံ ရန်ကုန်မြို့ တွင် နေထိုင်သူ အသက် ၂၄ နှစ် အရွယ် ကိုအောင်ကိုဦး ကို သဘောင်္နစ်မြုပ်မှု အတွေ့အကြုံနှင့် ပတ်သက်၍ ဧရာဝတီ သတင်း ဌာနမှ အကြီးတန်း သတင်းထောက် သူဇာက ဆက်သွယ်မေးမြန်းထားသည်။

မေး။  ။ သဘောင်္ မမြုပ်ခင်နာရီပိုင်းလောက်တုန်းက ကိုအောင်ကိုဦးက သင်္ဘောရဲ့ ဘယ်ဘက် အပိုင်းမှာ ရှိနေလဲ။
ဖြေ။  ။ ကျနော်က သင်္ဘောရဲ့ အင်ဂျင်ခန်း အနောက်ပိုင်းလောက်မှာ ဂျူတီကျနေတာပါ။
မေး။  ။ သင်္ဘောနစ်မြုပ်တဲ့ အချိန်က အဖြစ်အပျက်တချို့ကို ပြောပြပေးပါလား။
ဖြေ။  ။ သင်္ဘောစစောင်းတဲ့ အချိန်က မနက် လေးနာရီခွဲလောက်ပေါ့။ ငါးနာရီထိုးတဲ့ အချိန်မှာ သင်္ဘောက တော်တော်စောင်းနေပြီ။ အဲဒီမှာ ကျနော်တို့တွေလည်း အသက်ကယ်အင်္ကျီတွေ ပြေးယူပြီး ၀တ်ကြတယ်။ ကျနော်ကတော့ အဲဒီအချိန်မှာ ဂျူတီယူနေတဲ့အချိန် ပေါ့။ သိမ့်မကြာဘူး ခန့်မှန်း ငါးနာရီခွဲလောက်မှာ သင်္ဘော တခြမ်းစောင်းသွားပြီးတော့ ကျနော်တို့တွေလည်း သွားယူထားတဲ့ အသက်ကယ်အင်္ကျီတွေ ကမန်းကတန်းဝတ်ပြီးတော့ အပေါ်ပြေးတက်တဲ့အချိန်မှာပဲ သင်္ဘောမှာရှိတဲ့ မီးတွေ အားလုံး လုံးဝ မှောင် ကျသွားတယ်။ သင်္ဘောအပေါ်က အခန်းပေါက်ဝကို ရောက်တော့ဗျာ လူတွေက ရေထဲခုန်ချတဲ့သူတွေက ခုန်ချကုန်ပြီ။ ကျနော်မှတ် မိ သလောက်တော့ အဲဒီအချိန်မှာ အဝေးက ကျနော်တို့ကို ကယ်ဖို့ သင်္ဘောတစီးလောက် လာနေပြီလို့ ထင်တယ်။ အနားတော့ မရောက်သေးဘူး။ သင်္ဘောမီးရောင်ကိုတော့ မြင်နေရပြီ။ သင်္ဘောက ခြောက်နာရီလောက်မှာ လုံးဝကို ရေထဲမြုပ်သွားပြီ။ အဲဒီမှာ လူတွေတော်တော်များများကတော့ ရေထဲရောက်ကုန်ကြပြီ။ တချို့လည်း  မရောက်သေးဘူး။
မေး။  ။ ကိုအောင်ကိုဦးကရော ရေထဲ ဘယ်လိုရောက်ခဲ့တာလဲ။
ဖြေ။  ။ သင်္ဘောဦးပိုင်းအပေါ်မှာ ရောက်နေတဲ့ လူတွေက ရေထဲ အားလုံးလိုလို ခုန်ချနေကြတာ၊ တချို့လည်း ရှိတဲ့ အသက်ကယ် လှေတွေအပေါ်ကို ခုန်ချတာပေါ့။ လှေတွေကတော့ မလုံလောက်ဘူးပေါ့နော်။ လူတွေ အရမ်းများတော့ ကျနော်က တော်ရုံနဲ့ ရှေ့မရောက်နိုင်ဘူး ဖြစ်နေတယ်။ ကျနော်တို့ သူငယ်ချင်းတွေ အကုန်လုံးက သင်္ဘောဦးပေါ်မှာပဲ နေနေကြတာ။ အဲဒီသင်္ဘောကြီး လည်း အနောက်ကနေ အကုန်လုံး မြုပ်သွားတော့ ကျနော်တို့တွေလည်း အကုန်ခုန်ချတော့တာပဲ။ ပထမက သင်္ဘောမမြုပ်သေး ဘူး ထင်ပြီး ကျနော်တို့တွေ မခုန်ချသေးဘူး။ နောက်မှ သင်္ဘောက အကုန်မြုပ်လို့ ၀ုန်းခနဲလည်း အသံကြားရော ကျနော်တို့တွေလည်း အကုန်ခုန်ချတော့တာပေါ့။ အဲဒီမှာ နာမည်တော့ မမှတ်မိတော့ဘူး။ ကျနော်တို့ နီးစပ်တဲ့ သူငယ်ချင်း လေးယောက် အတူတူ လက်တွေ တွဲပြီး ရေထဲခုန်ချလိုက်တာတော့ မှတ်မိတယ်။
မေး။  ။ ကိုအောင်ကိုဦး ရေထဲမှာ ဘယ်လောက်ကြာကြာ နေလိုက်ရလဲ။
ဖြေ။  ။ ကျနော်တို့ အသက်ကယ် သင်္ဘောအပေါ်ရောက်တော့ ကိုးနာရီလောက်ဆိုတော့ ရေထဲမှာ နှစ်နာရီကျော်ကျော်လောက် နေလိုက်ရတယ်လို့ ပြောရမယ်။ ကျနော်တို့ ရေထဲခုန်ချတော့ ရေက အနုတ်အောက် ရောက်နေတော့ တော်တော်အေးတယ်ဗျ။ ကျနော်တို့မှာ လုံခြုံတဲ့ အသက်ကယ်အင်္ကျီတွေ ၀တ်ထားလို့သာ တော်တော် ခံသာသွားတာပါ။
မေး။  ။ အသက်ကယ် သင်္ဘောတွေ လာကယ်တော့ ကိုအောင်ကိုဦး သတိရှိသေးလား။
ဖြေ။  ။ အသက်ကယ်သင်္ဘောတွေ တွေ့တော့ ကျနော် အားတော်တော်ရှိသွားတယ်။ မကြာခင် မိနစ်ပိုင်းလောက်မှာပဲ ကျနော်တို့ ရေထဲမှာ ရှိနေတုန်း လာကယ်တဲ့သင်္ဘောက အချက်ပြတော့ အောက်မှာ ရှိနေတဲ့ ကျနော်ကလည်း အချက်ပြန်ပြလိုက်တယ်။ အဲဒါနဲ့ သင်္ဘောအနားရောက်တော့ ကျနော့်ကို ကြိုးတွေနဲ့ ၀ိုင်းပစ်ပြီး အနောက်ကနေ ကရိန်းနဲ့ သယ်မကြတာပေါ့။ အပေါ်ရောက်တဲ့အထိ သတိလစ်တာမျိုး မဖြစ်ခဲ့ပါဘူး။
မေး။  ။ ရေထဲမှာ ရှိနေတုန်း ကိုအောင်ကိုဦးရဲ့ ဘေးပတ်ဝန်းကျင် အခြေအနေလေး ပြောပြပေးပါ။
ဖြေ။  ။ ဘေးပတ်ဝန်းကျင်မှာ တချို့တွေလည်း ကူးခတ်နေတာတွေ တွေ့တယ်။ တချို့ အသက်မရှိတဲ့ အလောင်းကိုလည်း တွေ့တယ်။ ပထမတုန်းက ရေထဲ ရောက်ရောက်ချင်း လူတွေက နီးစပ်ရာ အားလုံးစုပြီး လက်ချင်းချိတ်ထားကြတယ်။ နောက် မိနစ် ၂၀ လောက်လည်း ရောက်ရော လူတွေ နည်းနည်း ကွဲကုန်ကျတယ်။ အဲဒီမှာ လှိုင်းကလည်း နည်းနည်းရှိနေတယ်။ နောက်ပိုင်း လူတွေ တဖြည်းဖြည်း ကွဲကုန်ကြပြီး နှစ်ယောက် တတွဲ ဖြစ်ကုန်ကြတယ်။ နောက်ပိုင်း ကျနော်က တယောက်တည်းပဲ ဖြစ်သွားတယ်။ အဲဒီ ရေထဲ မှာ ကျနော့်သူငယ်ချင်း ကိုညီထွဋ်နဲ့ ပြန်ဆုံသေးတယ်။ နောက်တော့ အသက်ကယ် သင်္ဘောတွေ တွေ့တော့ အတူတူ ကူး ရင်း လူချင်း ကွဲသွားတယ်။
မေး။  ။ အဲဒီ ရေထဲမှာဆုံတဲ့ သူငယ်ချင်း အခြေအနေရော ဘယ်လိုရှိလဲ။
ဖြေ။  ။ အဲဒီသူငယ်ချင်းကတော့ အခု မရှိတော့ပါဘူး။ လာကယ်တဲ့ သင်္ဘောနားရောက်တော့ ကျနော်တို့နှစ်ယောက် အတူတူတွဲပြီး ကူးကြတယ်။ နောက်တော့ သင်္ဘောနဲ့ နီးလာတော့ လှိုင်းက ရိုက်တော့ သူနဲ့ ကွဲသွားတယ်။ အဲဒီမှာ သင်္ဘောက ကြိုးပစ်ချပေးတော့ နှစ်ယောက်သား ကြိုးနားအရောက် ကူးရင်းနဲ့ သူ့အခြေအနေ ကျနော်မသိရတော့ဘူး။ ကျနော် သင်္ဘောပေါ် ရောက်တဲ့အချိန်ထိ လည်း သူ့အခြေအနေ မသိရသေးဘူး။ ကျနော်ထင်တာတော့ သူ့ကိုအသက်ရှင်မယ်ပဲ ထင်ထားတာ။ နောက် အားလုံးကိုလည်း အသက်ရှင်မယ်ပဲ ထင်ထားတာ။ နောက်ပိုင်းမှ သူလည်း သေဆုံးသွားတယ်။ တခြားသူတချို့လည်း သေဆုံးတယ်ဆိုတာ သိရတာပါ။
မေး။  ။ ကိုအောင်ကိုဦးအနေနဲ့ သင်္ဘောပေါ် ရှိနေတုန်းက သင်္ဘော စက်ချွတ်ယွင်းတာမျိုး ရှိခဲ့ဖူးလား။
ဖြေ။  ။ သင်္ဘောက မမြုပ်ခင် မသိမသာ စောင်းနေတုန်းက သင်္ဘောမြုပ်မယ်လို့ မထင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုရင် သင်္ဘောက တခါတလေလည်း အဲဒီလိုစောင်းတာတွေ ဖြစ်ဖူးတယ်။ သင်္ဘောက တခါတလေ လှိုင်းရိုက်ရင် အဲဒီလိုမျိုးပဲ စောင်းတတ်တယ်ဆိုတာမျိုးတော့ ကျနော်တို့ သိထားတယ်။ နောက်တော့ ငါးနာရီလောက်မှ သင်္ဘောမြုပ်တော့မယ်ဆိုတာ သတိထားမိတာ။ သင်္ဘောက အဲဒီ အချိန် တော်တော် စောင်းနေပြီလေ။
မေး။  ။ သင်္ဘောနစ်မြုပ်တဲ့ အချိန်တုန်းက ရာသီဥတု အခြေအနေက ဘယ်လိုရှိသလဲ။
ဖြေ။  ။ အဲဒီအချိန်တုန်းက ရာသီဥတုအခြေအနေက နှင်းတွေ ကျနေတယ်။ နောက်ပြီး လှိုင်းလည်း နည်းနည်း ရှိတယ်။ လှိုင်း တအားကြီးတာမျိုးတော့ မဟုတ်ဘူး။ လှိုင်းရှိတယ်လို့ ပြောရမယ်။ ရာသီဥတု နည်းနည်းဆိုး တယ်လို့တော့ ပြောရမယ်။
မေး။  ။ ကိုအောင်ကိုဦးအနေနဲ့ သင်္ဘောဘာကြောင့်မြုပ်တယ်လို့ သိရလဲ။
ဖြေ။  ။ တချို့ သူငယ်ချင်းတွေ ပြောတာတော့ သင်္ဘောပေါ်က ကာဂို(ကုန်ပစ္စည်း)တွေ စောင်းသွားတယ်လို့ ပြောတာပဲ။ လှိုင်းကြောင့် ကာဂိုတွေက သင်္ဘောတဖက်ကို ရောက်သွားလို့ သင်္ဘောစောင်းသွားတာလို့တော့ ပြောသံကြားရတယ်။ ကျနော်တော့ ဂဃနဏ မသိဘူး။
မေး။  ။ ကိုအောင်ကိုဦးတို့အနေနဲ့ သင်္ဘောပေါ်မှာ ဘာတွေလုပ်ရပါသလဲ။
ဖြေ။  ။ ကျနော်တို့ သင်္ဘောပေါ်မှာ ငါးတွေ ဖမ်းရတာလည်း ရှိတယ်။ နောက်ပြီး ငါးတွေကို ရေခဲရိုက်တာ အပါအ၀င် ငါးတွေကို အသင့် ထုပ်ပိုးပြီးတဲ့အထိ လုပ်ရပါတယ်။ သင်္ဘောက ငါးတွေကို တခါတည်းထုပ်ပိုးပြီး ဈေးကွက်အရောက် တင်ပို့ရတဲ့ သင်္ဘောမျိုးလို့ ပြောရမယ်ထင်တယ်။
မေး။  ။ မြန်မာနိုင်ငံမှာ ရှိတဲ့ မိသားစုတွေနဲ့ ကိုအောင်ကိုဦးတို့ အဆက်အသွယ်ရရှိလား။
ဖြေ။  ။ ကျနော်တို့တွေတော့ အဆက်အသွယ် ရပါပြီ။ တချို့တွေလည်း ရသွားပါပြီ။ တချို့တွေကို အဆက်အသွယ်ရအောင် ဖုန်း နံပါတ်တွေကို ၀က်ဘ်ဆိုက်တွေကနေ တင်ပေးပြီး ဆက်သွယ်ထားတာတွေလည်း ရှိပါတယ်။ နောက်ပြီး သံရုံးကလည်း ကျနော်တို့တွေကို ကူညီပါတယ်။   ။
ဧရာဝတီ

No comments:

Post a Comment