Wednesday, April 8, 2015

လက်မှတ်ဈေးတင်ရောင်းသော ယာဉ်လိုင်း ၁၂ လိုင်းကို အရေးယူထားဟုဆို

သီတင်း တစ်ပတ်အ တွင်း လက်မှတ်ဈေးမြှင့်တင်ရောင်းချမှုဖြင့် ယာဉ်လိုင်း ၁၂လိုင်းကို အရေးယူ ထားကြောင်း မထသအဝေးပြေးမှ သတင်းရရှိ သည်။

၂၀၁၅ ဧပြီလဆန်းမှစ၍ သင်္ကြန်ကာလအတွင်း ကား လက်မှတ်ခ ဈေးတိုးမြှင့် ရောင်းချ သည့် ယာဉ်လိုင်းများကို မထသ (အဝေးပြေး) က  အရေးယူရန် စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

‘‘အခုတော့ ယာဉ်လိုင်းတွေ က ပိုတောင်းတဲ့ ငွေကို ခရီးသည် အတွက် ပြန်တောင်းပေးလိုက်ပြီ။ သင်္ကြန်ပြီးတော့မှ တစ်လိုင်းကို ဒဏ်ကြေးငါးသောင်း တပ်သွား မယ်’’ ဟု မထသ (အဝေးပြေး) ဥက္ကဋ္ဌ  ဦးညွန့်ဝေက ပြောသည်။

အရေးယူခဲ့သည့်အမှု ၁၅ မှု ရှိပြီး မျိုးဆက်သစ်ယာဉ်လိုင်းနှင့် အာရှယာဉ်လိုင်းတို့မှာ နှစ်ကြိမ် နှင့် သုံးကြိမ်ထိ ရှိခဲ့သည်ဟု ၎င်း ကပြောသည်။ လက်မှတ်ခ ဈေးပို တောင်းသည့် ယာဉ်လိုင်း တစ်ခု စီအတွက် တစ်လိုင်းလျှင် ငါး သောင်းကျပ် ဒဏ်ကြေးပေး ဆောင်ရမည်ဟု ၎င်းက ဆက် လက်ပြောသည်။

ယာဉ်လိုင်းများ ကားလက် မှတ်ဈေးတင်ရောင်းပါက မထသ အဝေးပြေးသို့ လာရောက်တိုင် ကြားနိုင်ပြီး မထသက ဈေးပို တောင်းသည့် နှုန်းထားများအား ခရီးသည်အတွက် စိုက်ထုတ်ပေး ထားမည်ဖြစ်သည်ဟု မထသ (အဝေးပြေး) က မတ်လကုန်တွင် ကြေညာထားသည်။

‘‘မထသကို သွားတိုင်ဖို့ထက် မှောင်ခိုဈေးကွက်မှာ လက်မှတ် တွေက အများကြီး ပြန့်နေတာ။ မှောင်ခိုသမားတွေ လက်ထဲမှာ ထိုင်ခုံနေရာပြ စာရွက်တွေနဲ့ လိုက်ရောင်းနေတယ်’’ ဟု မုံရွာ ပြန်ရန် လက်မှတ်ဝယ်ခဲ့သူ ကို မင်းသူမောင်က ပြောသည်။

အောင်မင်္ဂလာအဝေးပြေး ၀င်းအတွင်း တစ်ရက်လျှင် ခရီး သည်ကား အစီး ၅၀၀ ခန့် သင်္ကြန် ကြိုကာလတွင်  ပြေးဆွဲနေ ကြောင်း မထသ (အဝေးပြေး) ဒု တိယဌာနမှူး ဦးမျိုးဝင်းက ပြော သည်။

ယခုနှစ် သင်္ကြန်ပွဲတော်ရက် များအတွင်း အောင်မင်္ဂလာအဝေး ပြေး၌  ရန်ကုန်အခြေပြုယာဉ် လိုင်း ၁၀၂ လိုင်းနှင့် အခြားပြည် နယ်နှင့် တိုင်းဒေသကြီး အခြေပြု ယာဉ်လိုင်း ၁၀၉ လိုင်း ပြေးဆွဲ လျက်ရှိသည်။

လက်မှတ်ဈေးပိုတောင်း သည့် ယာဉ်လိုင်းဆယ်လိုင်းကျော် ကိုလည်း ပြီးခဲ့သည့် နှစ်သင်္ကြန် ပွဲတော်တွင် အရေးယူခဲ့ကြောင်းမထ သ(အဝေးပြေး) မှ သိရသည်။

7Day

No comments:

Post a Comment