Monday, May 18, 2015

ကိုးကန့်တိုက်ပွဲအတွင်း ဖမ်းမိသည့် တရုတ် အမျိုးသား သုံးဦးကို တရုတ်အစိုးရသို့ ပြန်လွှဲပေးမည်

ပွိုင့် ၂၂၀၂ တောင်ကုန်း အနီး မေလ ၁၂ ရက်ကဖြစ်ပွားခဲ့ သော တိုက်ပွဲတွင် တရုတ်အမျိုး သားသုံးဦးဖမ်းဆီးနိုင်ခဲ့ပြီး တရုတ် အစိုးရသို့ ပြန်လွှဲပေးမည်ဟု ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။
ကိုးကန့်တပ်ဖွဲ့များ ခြေ ကုပ်ယူထားသည့် ပွိုင့် ၂၂၀၂ တောင်ကုန်းကို အစိုးရတပ် မတော်က သိမ်းပိုက်နိုင်ရန် ထိုး စစ်ဆင်နေပြီး မေလ ၁၂ ရက်က တိုက်ပွဲဖြစ်စဉ်တွင် တရုတ်လူမျိုး အမျိုးသားသုံးဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ကိုးကန့်ဒေသတွင် ဖေဖော်ဝါရီကပင် စတင်ခဲ့သည့် တိုက်ပွဲကာလအတွင်း တရုတ် နိုင်ငံသားများကို မူးယစ်ဆေးမှု၊ လောင်းကစားမှုတို့ဖြင့် ဖမ်းမိခဲ့ ခြင်းများရှိခဲ့သော်လည်း ယခုမူ တိုက်ပွဲဖြစ်စဉ်အတွင်း ဖမ်းမိခဲ့ ခြင်းဖြစ်၍ ထူးခြားမှုရှိနေကာ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် တရားဝင်လွှဲပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှရဲအရာရှိကြီးတစ်ဦးက ပြော သည်။

‘‘ခါတိုင်း တရုတ်နိုင်ငံသား တွေ မူးယစ်မှုနဲ့မိတာရှိတယ်။ တခြားဟာတွေနဲ့ မိနေတာရှိတယ် လေ။ သူတို့ကတော့ တခြား ပစ္စည်းမပါတဲ့အတွက် ထင်တာ ပေါ့လေ။ စိတ်ထဲထင်တာပေါ့။ ဆိုလိုတဲ့သဘောကတော့ နိုင်ငံ ရေးနည်းနည်းပါတယ်ထင်တယ်။ စစ်ဆင်ရေးနယ်မြေမှာရှိနေခြင်း အားဖြင့် ရိုးသားမှုမရှိဘူးဆိုတာ ပါချင်ပါမှာပေါ့ဗျာ။ အထောက် အထားလေးနဲ့ပြတဲ့သဘော’’ဟု အဆိုပါရဲအရာရှိကြီးက ပြော သည်။
တိုက်ပွဲဖြစ်စဉ်အတွင်း ဖမ်း မိခဲ့သည့် အဆိုပါအမျိုးသားသုံးဦး မှာ တရုတ်နိုင်ငံသားများဖြစ် ကြောင်း အထောက်အထားအခိုင် အမာရရှိထားပြီး မေလ ၁၃ ရက် တွင် ဒေသစစ်ဆင်ရေးဌာနချုပ် (လောက်ကိုင်)မှ လားရှိုးမြို့ရှိ ရှမ်းပြည်နယ် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းလိုက် ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးထားသည့် တရုတ် နိုင်ငံသားသုံးဦး သတင်းနှင့်ပတ် သက်၍ တရုတ်သံရုံးသို့ ဆက် သွယ်မေးမြန်းရာ သံရုံးတာဝန်ရှိ သူတစ်ဦးက အစည်းအဝေးရှိနေ ၍ ပြန်ရှင်းမပြနိုင်သေးကြောင်း တုံ့ပြန်သကဲ့သို့ နိုင်ငံခြားရေးဝန် ကြီးဌာန ညွှန်ကြားရေးမှူးက လည်း ၎င်းတို့အနေဖြင့် သတင်း တစ်စုံတစ်ရာမရသေးကြောင်း ပြောကြားသည်။
7Day Daily

No comments:

Post a Comment