Monday, May 11, 2015

လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့နှင့်တွေ့ဆုံသော ခန်းမတွင် သမ္မတ၏ဗိုလ်ချုပ်ဘဝဓာတ်ပုံ ချိတ်ဆွဲထား

နိုင်ငံတော်သမ္မတ ဦး သိန်းစိန်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ သုံးဖွဲ့ မေလ ၈ ရက် တွင် တွေ့ဆုံဆွေးနွေးသော ကျိုင်း တုံမြို့ ရွှေတြိဂံဧည့်ရိပ်သာ၌ ချိတ် ဆွဲထားသော ဓာတ်ပုံမှာ သမ္မတ ဦးသိန်းစိန်ဗိုလ်ချုပ်ဘဝက တပ်မ တော်သားဝတ်စုံဖြင့် ရိုက်ကူးထား သည့် ဓာတ်ပုံဖြစ်နေသည်ကို တွေ့ရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်း စိန် ‘ဝ’အထူးဒေသ (၂)၊ ရှမ်း ပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် မိုင်းလားအထူး ဒေသ (၄)တို့မှ ထိပ်ပိုင်းခေါင်း ဆောင်များနှင့် တွေ့ဆုံသည့် သတင်းဖော်ပြရာတွင် သမ္မတ ဦးသိန်း စိန်တပ်မတော်သားအဖြစ် တာဝန်ထမ်းဆောင်စဉ် ဗိုလ်ချုပ် အဝတ်အစားဖြင့် ရိုက်ကူးထားပြီး ဗိုလ်ချုပ်သိန်းစိန်ဟု ရေးထား သော ဓာတ်ပုံအောက်၌ ဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ နိုင်ငံတော်သမ္မတ၏ တပ်မတော်သားဝတ်စုံဝတ် ဓာတ် ပုံချိတ်ဆွဲထားမှုနှင့် ပတ်သက်၍ ဝေဖန်သူအချို့ရှိပြီး ယင်းဖြစ်စဉ် မှာ တိုက်ဆိုင်မှုတစ်ခုထက် ပိုနိုင် ကြောင်း မြန်မာ့နိုင်ငံရေး စောင့် ကြည့်လေ့လာသူ ဦးသန်းအောင် ကျော်က ပြောသည်။
အစိုးရအနေဖြင့် နိုင်ငံတော် အဆင့် အခမ်းအနားပုံများ ရိုက်ကူးရာတွင် အထူးအသေးစိတ် ပြင် ဆင်မွမ်းမံလေ့ရှိပြီး နံရံကပ်ပုံများ ကိုလည်း အလေးထားပြသလေ့ ရှိ၍ ယခုဖြစ်စဉ်တွင် ရည်ရွယ် ချက်တစ်ခုခုကို ပြဆိုလိုသည့် သဘောရှိကြောင်း နိုင်ငံရေးလေ့ လာသူအချို့က ဆိုသည်။
သို့သော် တပ်မတော်၏ ထုံးတမ်း စဉ်လာအရ တိုင်းစစ်ဌာ နချုပ်၊ တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့တို့တွင် အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သောတိုင်းမှူး၊ တပ်ရင်းမှူး၊ တပ်ဖွဲ့မှူးတို့၏ ဓာတ်ပုံများ နှင့် တာဝန်ထမ်းဆောင်သည့် အချိန်ကာလဇယားများကို ချိတ်ဆွဲထားရကြောင်းနှင့် သမ္မတဦးသိန်းစိန်မှာ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ ပထမဆုံး တိုင်းမှူးဖြစ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဓာတ်ပုံချိတ်ဆွဲထားခြင်းဖြစ် ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားသည်။
‘‘အဲဒါ တပ်မတော်ထုံးစံပဲ။ အဲဒီမှာ သမ္မတကြီးပုံ တစ်ပုံပဲ ရှိ တာမဟုတ်ပါဘူး။ အခုလက်ရှိ တြိဂံဒေသတိုင်းမှူး ဗိုလ်ချုပ်သန်း ထွန်းဦးဓာတ်ပုံအထိ ခေတ်အ ဆက်ဆက် တိုင်းမှူးပုံတွေ ချိတ် ဆွဲထားပါတယ်။ ဒါက တပ်ရင်း၊ တပ်ဖွဲ့၊ တိုင်းစစ်ဌာနချုပ်တိုင်းရဲ့ ရုံးခန်း၊ အစည်းအဝေးခန်းမနဲ့ ဧည့်ရိပ်သာတိုင်းမှာ ချိတ်ထားပါ တယ်’’ဟု ၎င်းကဆက်လက် ပြောကြားသည်။
အဆိုပါ ဗိုလ်ချုပ်သိန်းစိန်ပုံ အောက်တွင် နှစ်ဖက်ခေါင်း ဆောင်များတွေ့ဆုံပုံကို မြဝတီ သတင်းဌာနဝက်ဘ်ဆိုက်၊ နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက်၊ နိုင်ငံတော် သမ္မတ၏ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်၏ ဖေ့စ်ဘွတ်စ် စာမျက်နှာများ၌ တင်ခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် မည် သည့်အချက်များကို ဆွေးနွေးခဲ့ ကြောင်း အသေးစိတ်ထုတ်ပြန် ခြင်းမရှိဘဲ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ၌ ပူးပေါင်းဆောင်ရွက် ရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ သည်ဟု နိုင်ငံပိုင်သတင်းဌာနများ က ရေးသားဖော်ပြခဲ့သည်။
သမ္မတဦးသိန်းစိန်က UWSP မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ − Ye Htut Facebook)
7Day Daily

No comments:

Post a Comment