Sunday, May 17, 2015

ရွှေ့ပြောင်း ဝင်ရောက်သူများအရေး အစည်းအဝေးတက်ရန် မြန်မာကို တွန်းအားမပေးနိုင်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ထိုင်းဝန်ကြီးချုပ် ချန်အိုချာ 
ပင်လယ်တွင် ရွှေ့ပြောင်းဝင်ရောက်ကာ လှေများပေါ် သောင်တင်နေသူများအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမှ အစည်းအဝေး တက်ရောက်ဖွယ်မရှိဟု ဦးသိန်းစိန်၏ လက်ထောက်က ပြောကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောလိုက်ပြီး ယင်းသည် အိမ်နီးချင်းနိုင်ငံ၏ အခွင့်အရေးပင် ဖြစ်သည် ဟုဆိုကြောင်း www.asianewsnet.net အင်တာနက် စာမျက်နှာတွင် ဖေါ်ပြသည်။

ဘင်္ဂလီ ရွှေ့ပြောင်းသူများအရေးနှင့် ပတ်သက်၍ မည်သို့ စီစဉ်ဆောင်ရွက်ကြမည်ကို ယခုလအတွင်း ဘန်ကောက် တွင် ဒေသတွင်း အစည်းအဝေး ကျင်းပမည်ဖြစ်ရာ နိုင်ငံများအနေဖြင့် ကိုယ့်သိက္ခာနှင့် ကိုယ် ရှိနေမည်ဖြစ်၍ ယင်းအစည်းအဝေးသို့ တက်ရောက်ရန် တွန်းအားပေးနေမည် မဟုတ်ကြောင်း ထိုင်းဝန် ကြီးချုပ် ချန်အိုချာက ဆိုသည်။

မြန်မာနိုင်ငံ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘန်ကောက်တွင် မေ ၂၉ ရက်၌ ကျင်းပမည့် ရွှေ့ပြောင်းသူများအရေး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံက တက်ရောက်မည် မဟုတ်ကြောင်း ပြောခဲ့ခြင်းကို ချန်အိုချာက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

"အစည်းအဝေးကို တက်ချင်တဲ့သူ ဘယ်သူမဆို လာတက်နိုင်တယ်။ ဒါပေမယ့် ဘယ်နိုင်ငံကိုမှ တွန်းအား ပေးသွားမှာ မဟုတ်ပါဘူး။ နိုင်ငံသားက တူညီတဲ့ ဂုဏ်သိက္ခာ ရှိကြတာပဲ" ဟု အိုချာက ပြောခဲ့သည်။

သို့သော်လည်း ယခုအစည်းအဝေးက နိုင်ငံအားလုံး၏ အကျိုးအတွက် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံက အသာစီး ယူမည့် အစည်းအဝေး မဟုတ်ကြောင်း၊ လူ့အဖွဲ့အစည်းအတွက် ငြိမ်းချမ်းရေးများ ဆောင်ကြဉ်းလာနိုင် ရေးသာ ရည်ရွယ်ကြောင်း ချန်အိုချာက ပြောခဲ့သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment