Sunday, May 17, 2015

ဓာတ်ပုံဆရာတစ်ဦး ပေတစ်သောင်းကျော် တောင်သုံးလုံးသို့ တက်ရောက် မှတ်တမ်းတင်နိုင်ခဲ့

မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ အသင်းသားတစ်ဦးသည် အမြင့်ပေ တစ်သောင်း ကျော်ရှိသည့် ကချင် ပြည်နယ်မှ ရေခဲတောင်သုံးလုံးသို့ ဆက်တိုက်တက်ရောက်နိုင်ခဲ့ကြောင်း  သတင်းရရှိသည်။

မြန်မာနိုင်ငံဓာတ်ပုံအသင်း  အသင်းသား ကိုကျော်သာသည် ကချင်ပြည်နယ်ရှိ ဖုန်ကန်ရာဇီရေ ခဲတောင်၊ ဖုန်ရင်ရာဇီရေခဲတောင် နှင့် ဖန်ဂရန်ရာဇီရေခဲတောင်သုံး လုံးသို့ တစ်ဆက်တည်း တက် ရောက်နိုင်ခဲ့ပြီး ရေခဲတောင်များ ၏သဘာဝကို မှတ်တမ်းတင်ခဲ့ ကြောင်း ၎င်းက ဆိုသည်။

ကိုကျော်သာသည် တောင် တက်သမားမဟုတ်ဘဲ ဓာတ်ပုံ ရိုက်ကူးသူတစ်ဦးဖြစ်ပြီး ရေခဲ တောင်များကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးရန် ရည်ရွယ်ချက် ဖြင့် တောင်တက်ခရီး စတင်ခဲ့ သည်ဟုဆိုသည်။

‘‘တက်တုန်းက ဖန်ဂရန်ရာဇီ နဲ့ ဖုန်ရင်ရာဇီရေခဲတောင်ကို မှတ် တမ်းတင်ဓာတ်ပုံရိုက်ဖို့ စီစဉ်ခဲ့ တာ။ ဒါပေမဲ့ ရာသီဥတုဆိုးရွားလို့ ဖုန်ကန်ရာဇီကို တက်ပြီး ကျန်တောင်နှစ်ခုကို ဆက်တက်ခဲ့တာ’’ ဟု ကိုကျော်သာ က ပြောသည်။

တောင်တက်ခရီးစဉ်တွင် အ မြင့်ပေ ၁၁,၉၀၀ ရှိသည့် ဖုန်ကန် ရာဇီရေခဲတောင်ကို ဧပြီ ၂၇ ရက် ၊၁၃,၈၀၀ အမြင့်ပေရှိသည့် ဖုန်ရင်ရာဇီရေခဲတောင်ကို မေလ ၄ ရက်၊အမြင့်ပေ ၁၄,၂၀၀ရှိသည့် ဖန်ဂရန်ရာဇီ ရေခဲတောင်ထိပ်ကို  မေလ ၁၀ ရက်တို့တွင်လည်းကောင်း တက်ရောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအလံနှင့် မြန်မာနိုင်ငံဓာတ်ပုံအသင်း အလံများကို တောင်ထိပ်၌စိုက်ထူခဲ့ကြောင်း   ၎င်းကပြောသည်။

7Day DAILY 

No comments:

Post a Comment