Tuesday, May 26, 2015

လှေစီးဒုက္ခသည်အများစုက မြန်မာနိုင်ငံမှမဟုတ်တာကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေတစ်စတစ်စနားလည်သဘောပေါက်လာကြတယ်

ကပ္ပလီပင်လယ်နှင့် မလက္ကာရေလက်ကြား၌ တရားမဝင်ရွှေ့ပြောင်း သွား လာသော ပင်လယ်တွင်း လှေစီးဒုက္ခသည်များရောက်ရှိနေပြီး ၄င်းတို့ကို လက်ခံ မည့် နိုင်ငံများမရှိသည့်အတွက် ပင်လယ်အတွင်း၌ ဒုက္ခရောက်မည့် အခြေအနေများ ကြုံတွေ့နေခြင်း အပေါ် နိုင်ငံတကာအသိုက်အဝန်းက စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သတင်းများကျယ်ပြန့်စွာပေါ်ထွက်လာ ခဲ့သည်။ အဆိုပါ သတင်းများနှင့်ပတ်သက်ပြီး လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေ မှန်များကို ပြည်သူများ သိရှိနိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းကို သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး ။ ဘင်္ဂလားဒေ့ရှ်ဘက်မှ လှေစီးဒုက္ခသည်တွေကို ယာယီကယ် ဆယ် ထား တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြစ်စဉ်ကိုသိချင်ပါတယ်။ ပြီးတော့ ဘယ်လိုရည်ရွယ်ချက်နဲ့လှေ စီးဒုက္ခသည်တွေကို ကယ်ဆယ် ခဲ့တယ်ဆိုတာကိုလည်း သိရှိလိုပါတယ်။
ဖြေ ။ မြန်မာနိုင်ငံအနေနဲ့ လှေစီးဒုက္ခသည်တွေပင်လယ်အတွင်း မှာ ဒုက္ခရောက်မှာကို နိုင်ငံ တကာအသိုက်အဝန်းနဲ့ ထပ်တူစိုးရိမ်ပါတယ်။ လှေစီး ဒုက္ခသည်တွေ တွေ့ရှိရင်လည်း လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေပေးအပ်ဖို့ အသင့် ရှိပါတယ်။ ပြီးတော့ ရှာဖွေကယ်ဆယ်မှုတွေ ပြုလုပ် နိုင်ဖို့နဲ့ မြန်မာ့တပ်မတော်(ရေ)က ကင်းလှည့်မှု ပြုလုပ် နေတာတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီသဘောထားနဲ့အညီ ကပ္ပလီပင်လယ်နဲ့ မလက္ကာရေလက်ကြားမှာ ဖြစ်ပေါ်နေတဲ့ ရွှေ့ပြောင်း သွားလာသူတွေ၊ ပင်လယ်တွင်းလှေစီး ဒုက္ခသည်တွေ နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံ များနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းဦးဆောင်တဲ့ ပင်လယ်ပြင်အတွင်း တရား မဝင်ရွှေ့ပြောင်းသွားလာမှုများဆိုင်ရာ အရေးပေါ် စီမံခန့်ခွဲရေးကော်မတီကို မေလ၂၂ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ် အစည်းအဝေးကိုလည်း အဲဒီနေ့မှာပဲ ပြုလုပ်ခဲ့ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ မေလ ၂ဝ ရက်နေ့ ညနေ ပိုင်းမှာ လှေစီးဒုက္ခသည် ၂ဝ၈ ဦးပါဝင်တဲ့ စက်လှေ တစ်စင်းနဲ့ အခြားစက်လှေတစ်စင်းကို ရခိုင်ပြည် နယ် မောင်တောမြို့နယ် သင်္ဘောကွေ့ကျွေးရွာအနောက် ဘက် ပင်လယ်ပြင်မှာ တွေ့ရှိခဲ့တဲ့အတွက် အလယ် သံကျော်ကျေးရွာအနီးမှာ ယာယီစောင့်ရှောက်မှုပေး ထားပါတယ်။ ဒီလူတွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင် တဲ့ အဖွဲ့ကသွားရောက်စိစစ်မှုတွေ ပြုလုပ်ခဲ့ရာမှာ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား၊ စစ်တ ကောင်းနဲ့ ဒါကာမြောက်ခြမ်းမှာနေထိုင်တဲ့ ဘင်္ဂလား ဒေ့ရှ်လူမျိုးတွေ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။ သူတို့ ဟာအလုပ်အကိုင် အခွင့်အလမ်းတွေ ရှာဖွေဖို့ ထိုင်း နိုင်ငံနဲ့မလေးရှားနိုင်ငံတွေကို တရားမဝင် သွားရောက် မယ့် သူတွေ ဖြစ်တာလည်း တွေ့ရပါတယ်။

နောက်ပြီး သူတို့ဟာ ရှေ့ဆက်သွားဖို့လည်းအတားအဆီးတွေရှိနေတဲ့အတွက် တဝဲလည်လည်နဲ့ သောင်တင်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုဦးတည် လာရောက်တာမဟုတ်တာတော့ သေချာပါတယ်။ဒီလူတွေ ကို ပင်ရင်းနိုင်ငံကို အမြန်ဆုံးပြန်လည်ပို့ဆောင်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ကို မေလ ၂၃ ရက်ကပြောကြားခဲ့သလို ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူများကို မေလ ၂၄ ရက်နေ့က ပြောကြားပြီးဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူများကလည်း လုပ်ထုံး လုပ်နည်းများနဲ့အညီ ဒီလူတွေကို ကောင်စစ် တွေ့ဆုံမှုတွေပြုလုပ် မယ်၊ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ် မယ်၊ အဲဒီနောက် ပြန်လည်ပို့ဆောင်ရေး လုပ်ငန်း တွေကို အမြန်ဆောင်ရွက်မယ်လို့လည်း ဖြေကြားထား ပါတယ်။

ဒီလူတွေကို စစ်တွေမြို့မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးနဲ့ ရန်ကုန်မြို့မှာ ရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံရုံး တွေမှ တာဝန်ရှိပုဂ္ဂိုလ်တွေ ကကောင်စစ်တွေ့ ဆုံမှုတွေ ပြုလုပ် နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်မှ မေလ ၂၃ ရက်နေ့ က မေတ္တာရပ်ခံ ခဲ့တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန က အဲဒီနေ့မှာပဲ နေ့ချင်းခွင့်ပြုခဲ့ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့နဲ့ ကြိုတင်ညှိနှိုင်းမှုတွေ ပြုလုပ် ပေးထားပြီးတော့ မေလ ၂၅ ရက်နေ့(ဒီနေ့)မှာပဲ သွား ရောက် တွေ့ဆုံမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။

မေး ။ ဒေသတွင်းမှာလည်း ဘယ်လိုဖြစ်ပေါ်တိုးတက်မှု ရှိတယ်ဆိုတာသိရှိလို ပါတယ်။
ဖြေ ။ ဒေသတွင်းအနေနဲ့ ဆောင်ရွက်ချက်တစ်ရပ်ကေ တာ့ ဒီလှေ စီးဒုက္ခသည်တွေ ဦးတည်ရာနိုင်ငံ တွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေနဲ့ မေလ ၂ဝရက်နေ့မှာ မလေးရှားနိုင်ငံပူထရာဂျားရားမှာ တွေ့ဆုံပြီးဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးချက်တွေ အရအင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေက သူတို့နိုင်ငံတွေ ရဲ့အနီး ပင်လယ်ပြင်မှာ ရောက် ရှိနေတဲ့ လှေစီးဒုက္ခ သည်တွေကို မူရင်းနိုင်ငံ ဒါမှမဟုတ် တတိ ယနိုင်ငံကို ပို့ဆောင်ရေးတွေ နိုင်ငံတကာအသိုက်အဝန်းကဆောင် ရွက်သွားမယ်ဆိုရင် တစ်နှစ် ယာယီလက်ခံကယ်ဆယ် ထားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံကတော့ ပြည်တွင်းဥပဒေတွေအရ ဒီလိုယာယီလက်ခံဖို့ မဖြစ်နိုင် ဘူးလို့ ကြားသိရပါတယ်။
မေး ။ အခုလို မြန်မာ့မြေပေါ်ရောက်ရှိနေတာနဲ့ ပတ် သက်ပြီး ရှေ့အလား အလာတွေကိုလည်း သိချင် ပါတယ်။

ဖြေ ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီးအချက်(၃) ချက်နဲ့ ပြန်လည်ဖြေကြားလိုပါတယ်။
ပထမအချက်ကတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံ တကာအသိုက်အဝန်းထဲမှာ တာဝန်သိသိနဲ့ ရပ်တည် နေတဲ့နိုင်ငံဖြစ်တဲ့အတွက် ပင်လယ်ပြင်မှာ ဒုက္ခရောက် နေသူတွေကို ကယ်တင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒီလို ကယ်တင်ခဲ့ခြင်း ဟာလည်း လူသားချင်း စာနာထောက် ထားမှု ပြုလုပ်တဲ့ အနေနဲ့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါ တယ်။ နိုင်ငံတကာ စာချုပ်စာ တမ်းများမှာ လည်း ဒီလို ဆောင်ရွက်ဖို့ ပြဋ္ဌာန်းချက်တွေရှိပါတယ်။ ဥပမာအနေနဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ပင်လယ်ပြင်ဥပဒေ ဆိုင်ရာကွန်ဗင်းရှင်း (United Nations Convention on the Law of the Sea- UNCLOS) စာချုပ်ဝင်နိုင်ငံ ဖြစ်ပြီးတော့ဒီစာချုပ်ရဲ့ ပြဋ္ဌာန်းချက်အမှတ် (၉၈)မှာ ဆိုရင် ပင်လယ်ပြင်မှာရှာဖွေ ကယ်ဆယ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်းကို ပြဋ္ဌာန်းထားပါတယ်။ မြန်မာနိုင်ငံ ဟာ အချို့သော နိုင်ငံတကာစာချုပ်စာ တမ်းများမှာ မပါဝင်နိုင်သေးသည့်တိုင် ဒီစာချုပ်များရဲ့ ရည်မှန်းချက် အတိုင်းကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ ကျင့်ဝတ် ပိုင်းဆိုင်ရာ ဝတ္တရား(Moral Obligation) ရှိပါတယ်။

ဒုတိယအချက်ကတော့ ဒီလိုစောင့်ရှောက်မှု တွေ ပေးထားခြင်းဟာ ယာယီလက် ခံထားခြင်းသာဖြစ် ပါတယ်။ အမြဲတမ်းလက် ခံထားဖို့လုံးဝမရှိပါဘူး။
တတိယအချက်ကတော့ နိုင်ငံတကာလုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ဖွယ်ရှိတာတွေကို နှစ်နိုင်ငံညှိနှိုင်းပြီးတော့ အမြန် ဆုံးဆောင်ရွက်ပြီး ဒုက္ခသည်တွေကို အမြန်ဆုံးပင်ရင်းနိုင်ငံကို ပြန်လည် ပို့ဆောင်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိတာကို ရှင်းရှင်း လင်းလင်း အသိပေးလိုပါတယ်။

မေး ။ ဒီဖြစ်စဉ်များအပေါ် မှာ ဘာများဖြည့်စွက် ပြော ချင်ပါသေးလဲ။
ဖြေ ။ ဒီသတင်းတွေမထွက်ပေါ်လာခင် အရင်ကလည်းဒေသတွင်း မှာ လှေစီးထွက်ခွာသူတွေဟာ မြန်မာနိုင်ငံရခိုင်ပြည်နယ်ဘက်က ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုမှုများရှိပါတယ်။ သို့သော်လည်း ဒီရက်များ အတွင်း ထွက်ပေါ်လာ တဲ့ သတင်းတွေအရ လှေစီး ဒုက္ခသည်အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှဖြစ်တယ် ဆိုတာ တစ်စတစ်စ ပိုမိုပေါ်လွင်လာခဲ့ပါတယ်။ဥပမာအနေနဲ့ပင် လယ်ပြင်မှာရှိနေခဲ့တဲ့ လှေစီး ဒုက္ခသည် ၇ဝဝဝ ခန့်လောက် ရှိတဲ့အထဲက အများ စုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင်အလုပ်သမား တွေ ဖြစ်တယ်။ နိုင်ငံရေးခိုလှုံခွင့်တောင်းတဲ့ ဒုက္ခ သည်တွေမဟုတ်ဘူးလို့ အင်ဒိုနီးရှားတာ ဝန်ရှိသူတွေ က ပြောကြားခဲ့တာကို သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီးက ရည်ညွှန်းပြီး The Weekend Australian သတင်းစာကို မေလ ၂၃ ရက်နေ့က ပြောကြားခဲ့ပါ တယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာဖိနှိပ်ချုပ်ချယ်မှုတွေရှိတဲ့အတွက် လှေစီး ထွက်ပြေးနေရ တာတွေ အများ အပြားရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ မဟုတ်မှန်တာ ထင်ရှားပါတယ်။ ဒေသတွင်း တခြားနိုင်ငံတစ်ခုက ဘဝ တိုးတက်မှုနဲ့ စီးပွားရေးအခွင့်အလမ်းအတွက် တရား မဝင်ထွက်ခွာသူတွေသာ အများစုဖြစ်တယ်ဆိုတာဒေသ တွင်း နိုင်ငံတွေကလည်း ပိုမိုသိရှိ လာပြီဖြစ် ပါတယ်။ လှေစီးဒုက္ခသည်အများစုက မြန်မာနိုင်ငံကမဟုတ်တာ ကိုလည်း ကုလသမဂ္ဂအဖွဲ့အစည်းတွေက တစ်စ တစ်စ နားလည် သဘောပေါက် လာပါတယ်။ ဒီလိုတရား မဝင် ထွက်ခွာမှုတွေဟာ ဒေသတွင်း လူမှောင်ခိုမှု ပြုလုပ်နေကြသူတွေနဲ့ အဲဒီဂိုဏ်းတွေကြောင့် ဖြစ်တယ် ဆိုတာလည်း တစ်စတစ်စ ပိုမိုပေါ်လွင်လာပါတယ်။ ဒါကြောင့် လူမှောင်ခိုကူးမှု၊ လူကုန်ကူးမှုနဲ့ ဆက်စပ် ဖြစ်ပွားနေတဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို တားဆီး နှိမ်နင်းဖို့ ဒေသတွင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်း တွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ ဝိုင်းဝန်း အဖြေရှာသင့်ပါတယ်။

MOI Webportal Myanmar 

No comments:

Post a Comment