Sunday, May 31, 2015

မြ၀တီ-ကော့ကရိတ်လမ်းပိုင်းတွင် ကရင်လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ဂိတ်ကြေးကောက်မည်

အာရှလမ်းမကြီး မြ၀တီ -ကော့ကရိတ်လမ်းပိုင်းအသုံးပြုသည့်ယာဉ်များကိုကရင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များက တစ်ဖွဲ့ချင်းငွေကြေးမကောက်ခံတော့ဘဲ စုပေါင်းဂိတ်ဖွင့်၍စတင်ကောက်ခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၇) ဌာနချုပ် (လှိုင်းဘွဲ့ မြို့နယ်)တွင် မေလ ၂၈ နှင့် ၂၉ ရက်၌ ပြုလုပ်ခဲ့သည့် ကရင့် လက်နက်ကိုင်များညီညွတ်ရေး ကော်မတီ အရေးပေါ်အစည်း အ ဝေးတွင် အထက်ပါအတိုင်း ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြ၀တီမြို့ နယ် ကေအင်န်ယူ ဆက်ဆံရေးရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။
အာရှလမ်းမကြီး မြ၀တီ- ကော့ကရိတ်လမ်းပိုင်းမှာ တရား ၀င်မဖွင့်လှစ်ရသေးသော်လည်း ပြီးခဲ့သည့် သုံးလခန့်မှစတင်ကာ ဒေသတွင်းအခြေစိုက်တပ်မတော်အ ပြင် နယ်ခြားစောင့်မှအဖွဲ့တစ်ဖွဲ့ နှင့် ကရင်လက်နက်ကိုင်အဖွဲ့များ က လမ်းတစ်လျှောက် ဂိတ်ရှစ် ခုဖွင့်ကာ ငွေကြေးကောက်ခံနေ ခြင်းဖြစ်သည်။ ယခင်လမ်း ဟောင်းထက်များစွာ အဆင်ပြေ သောကြောင့် ကုန်တင်ယာဉ်နှင့် အိမ်စီးကားအချို့ ဖြတ်သန်းသွား လာကြသော်လည်း ဂိတ်ရှစ်ခု တွင် ဂိတ်တိုင်းကို ဖြတ်သန်းခပေး နေရ၍ အသုံးပြုသူအများစုအတွက် အဆင်မပြေခဲ့ပေ။ ထို့ပြင် လက်နက်မျိုးစုံဖြင့် စစ်ဆေးရေးလုပ်ကြသောကြောင့် အသုံးပြုသူများ ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်ကြရကြောင်း ယာဉ်မောင်းအချို့က ပြောသည်။
ပြီးခဲ့သည့် မေလ ၂၅ ရက် ကလည်း ကရင်ပြည်နယ်ဝန်ကြီး ချုပ်နှင့် သံဃနာယကဆရာတော်များလိုက်ပါလာသည့်ယာဉ်တန်းကို အဆိုပါလမ်းပေါ်တွင် ဒီကေဘီအေအဖွဲ့က နှစ်နာရီခန့်ကြာတားဆီးစစ်ဆေးခဲ့သောကြောင့် ရှုပ်ထွေးမှုများဖြစ်ပွားခဲ့သည်။
ကရင်အမျိုးသားအစည်းအ ရုံး (ကေအင်န်ယူ) အတွင်းရေးမှူး ချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ် ဦးက ဒေသခံများ စိုးရိမ်ထိတ်လန့် မှုများလျော့နည်းစေရန်နှင့် မလို အပ်သည့် ပြဿနာများမဖြစ်ပွား စေရန် ပူးပေါင်းဂိတ်ဖွင့်ရန် ဆုံး ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပြော ကြားသည်။ ဆုံးဖြတ်ချက်အရ ကော့ကရိတ်ဘက်တွင် တစ်ဂိတ် နှင့် မြ၀တီ(သင်္ကန်းညီနောင်)၌တစ်ဂိတ် ကောက်ခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မဟာမဲခေါင် စီမံကိန်းတွင် ပါဝင်သည့် အာရှလမ်းမကြီးသည် ထိုင်း-မြန်မာ-အိန္ဒိယ နိုင်ငံတို့ကို ဖြတ်သွားပြီး အာရှနိုင်ငံအချို့နှင့် ချိတ်ဆက်ထားသည်။ အာရှဖွံ့ ဖြိုးရေးဘဏ် (Asian Devel-opment Bank) ၏ အစီအစဉ်ဖြင့် ဖောက်လုပ်ခြင်းဖြစ်ပြီး ထိုင်း- မြန်မာဘက်လမ်းပိုင်းကို ထိုင်းနိုင်ငံSee Sang ဆောက်လုပ်ရေးကုမ္ပဏီက ဖောက်လုပ်နေခြင်းဖြစ်သည်။
7Day Daily

No comments:

Post a Comment