Sunday, May 31, 2015

ဘင်္ဂါလီအရေးနှင့် နာဇီတို့၏ ဂျူးလူမျိုးများ မျိုးတုံးသတ်ဖြတ်မှုကို ခိုင်းနှိုင်းဝေဖန်မှုများ မြန်မာကန့်ကွက်


ဘင်္ဂါလီအရေးသည် နာ ဇီခေတ် ဂျူးများကို လူမျိုးတုံး သတ်ဖြတ်မှုနှင့်တူညီနေကြောင်း ခိုင်းနှိုင်းဝေဖန်မှုများ ပါဝင်ခဲ့သည့် နော်ဝေးညီလာခံ တစ်ခုမှ ပြော ကြားချက်များကို မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနက ကန့်ကွက်ပယ် ချခဲ့ကြောင်း ကြေညာချက်ကို မေလ ၃၀ ရက်တွင် ထုတ်ပြန်သည်။
မေလ ၂၆ ရက်တွင်နော်ဝေးနိုင်ငံ အော်စလိုမြို့၌ ရိုဟင်ဂျာများ အား မြန်မာနိုင်ငံ၏ နှိပ်ကွပ်ညှဉ်း ပန်းမှုများ အဆုံးသတ်ရေးအော် စလို ညီလာခံခေါင်းစဉ်ဖြင့် ဆွေး နွေးပွဲပြုလုပ်ခဲ့သည်။ ယင်းဆွေး နွေးပွဲတွင် မစ္စတာဂျော့ခ်ျဆိုးရော့စ်၊ ဒေါက်တာ မဟာသီယာမိုဟာ မက်၊ ဒေါက်တာ ဆာအဒ်ဟာ မစ်ဒ်အယ်လ်ဘာနှင့် တောင်အာ ဖရိက အငြိမ်းစားခရစ်ယာန်ဂိုဏ်း ချုပ်ဆရာတော် ဒက်စ်မွန်တူးတူး တို့၏ ပြောကြားချက်များကို ကန့် ကွက်ကြောင်း မြန်မာက တုံ့ပြန် လိုက်ခြင်းဖြစ်သည်။
‘‘ယင်းတို့၏ ပြောကြားချက် များတွင် မြန်မာနိုင်ငံအနေဖြင့် ရ ခိုင်ဒေသရှိ အသိုက်အ၀န်းနှစ်ခုအ ကြား ဆောင်ရွက်ပေးနေသည့် ယုံကြည်မှုပြန်လည်တည်ဆောက် ရေး၊ နယ်မြေဒေသတည်ငြိမ်အေး ချမ်းမှုအတွက် အစီအမံများ၊ မြန်မာနိုင်ငံအတွင်း ယခင်နှစ် ပေါင်းများစွာကပင် နေထိုင်လာ ခဲ့သည့် ဘင်္ဂါလီများအား နိုင်ငံ သားစိစစ်ရေး လုပ်ငန်းစဉ်များမှ တစ်ဆင့် တရားဝင်နိုင်ငံသားဖြစ် ခွင့်ရရှိရန် ဆောင်ရွက်နေမှု၊ ရေ ရှည်တွင် အသိုက်အ၀န်းနှစ်ခုအ ကြား ခိုင်မာမှန်ကန်သည့် အ ထောက်အထားများဖြင့် လက်တွဲ နေထိုင်နိုင်ရန် အစီအမံတို့ကိုလျစ် လျူရှုပြစ်တင်ဝေဖန်မှုများကို ပြု လုပ်ခဲ့ပါသည်။ ဤသို့ အပြုသ ဘောမဆောင်သည့် ၎င်းတို့၏ ပြောကြားချက်များ ကန့်ကွက် ပါသည်’’ဟု မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန၏ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းညီလာခံတွင် နာဇီ သိမ်းပိုက်ခံ ဟန်ဂေရီနိုင်ငံမှလွတ် မြောက်လာခဲ့ဖူးသူ ဘီလျံနာ ဂျော့ခ်ျဆိုးရော့စ်က ဘင်္ဂါလီ (ရို ဟင်ဂျာ) အတိဒုက္ခနှင့် နာဇီတို့ ဂျူးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအကြား စိုးရိမ်ဖွယ် အပြိုင်တူညီမှုများရှိကြောင်း ပြောကြားခဲ့သည်။ မြန်မာ၏ မူဝါဒများနှင့် လူမျိုးတုံးသတ်ဖြတ်မှု အလေ့အထများကို ချက်ချင်းအဆုံး သတ်ရေးအတွက် မြန်မာအစိုးရ အပေါ် ဖိအားပေးရန် နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် ဖြစ်နိုင် ခြေရှိသမျှ ဆောင်ရွက်ချက်များကို လုပ်ဆောင်ကြရန် အော်စလို ညီလာခံကတိုက်တွန်းခဲ့သည်။
‘‘ရိုဟင်ဂျာတွေရင်ဆိုင်နေရ တာကတော့ တိုင်းရင်းသားအသိုက်အ၀န်းတစ်ခုလုံးကို မြန်မာအစိုးရက စနစ်တကျ သုတ်သင်ပစ်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုပြဋ္ဌာန်းစာအုပ် ဖြစ်စဉ်တစ်ခုပါ’’ဟု ယင်းညီလာခံနောက်ဆုံးကြေညာချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာန၏ ကြေညာချက်တွင် ‘‘လူ မှောင်ခိုကူးသူများနှင့် လူကုန်ကူး သူများ၏ အမြတ်ထုတ်မှုကြောင့် ထိခိုက်ခံစားနေရသည့် လှေစီး ဒုက္ခသည်များအား လူသားချင်း စာနာမှုဆိုင်ရာ စိတ်သဘောထားရှိ၍ ထောက်ပံ့ရေး နည်းလမ်းများ ရှာဖွေကူညီရန်လိုအပ်လျက်ရှိချိန် ၌ နိုင်ငံတစ်နိုင်ငံအပေါ် တစ် ဖက်သတ်ဖိအားပေး အပြစ်ပုံချ သည့် အပြုအမူများသည် မြန်မာ နိုင်ငံအပါအ၀င် သက်ရောက်ခံ နိုင်ငံများ၏ လတ်တလောကြိုး ပမ်းမှုများကို သေးသိမ်ရာရောက် စေပြီး နိုင်ငံတကာက အထင်အ မြင်လွဲမှားမှုများ ဖြစ်စေနိုင်သဖြင့် တစ်ဖက်စောင်းနင်းနိုင်သော အ ဆိုးမြင် ပြောကြားချက်များအား လုံးကို မြန်မာနိုင်ငံက ပယ်ချပါ သည်’’ဟုပါရှိသည်။
7Day Daily

1 comment:

  1. အမျိုးသား(နိုင်ငံသူ နိုင်ငံသား)တို့ ညီညွတ်ဖို့လိုပြီ
    အနောက်နိုင်ငံသားတွေဆိုတာ လွတ်လပ်မှုကို အကြောင်းပြုပြီး ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်တဲ့လူတွေ
    ဒီလိုလူတွေက မိမိတို့နိုင်ငံကို မတော်မတရားစွပ်စွဲနေကြပြီ၊ အမျိုးသားညီညွတ်မှုနဲ့ တုံ့ပြန်ဖို့လိုနေပါပြီ
    ဂျော့ဆိုရို့ဆိုတဲ့လူ မြန်မာနိုင်ငံလာတယ်၊ မြန်မာကိုကူညီချင်လို့မဟုတ်ဘူး၊ ဘင်္ဂါလီကို ကူညီချင်လို့
    ဆိုတာ အခု ဗူးပေါ်သလိုပေါ်နေပြီ
    မြန်မာနိုင်ငံရဲ့ပွင့်လင်းလာမှုကို အခွင့်အရေးယူပြီး ကူညီချင်လို့ပါဆိုတဲ့စကားနဲ့ နိုင်ငံထဲဝင်လာသူတွေ
    သတိထားကြပါ
    ဒီလိုတွေဘယ်လိုပဲစွပ်စွဲ စွပ်စွဲ၊ မြန်မာဆိုတာ မဟုတ်မခံစိတ်ပြင်းပြသူတွေဖြစ်ပေမယ့် လက်ရဲဇက်ရဲတွေ
    မဟုတ်ဘူး၊
    လက်ရဲဇက်ရဲလူစားတွေက အဲဒီစွပ်စွဲတဲ့လူတွေကိုယ်တိုင်ပါ၊ အစုလိုက်အပြုံလိုက်သတ်ခဲ့တာလဲ သူတို့
    သမိုင်းမှာပါ။
    ကျွန်စနစ်ဆိုတာလဲ သူတို့သမိုင်းမှာသာရှိတာပါ။
    အမြတ်ထုတ်ဂုတ်သွေးစုတ်ဆိုတာလဲ သူတို့သမိုင်းထဲမှာပါ။
    မြန်မာ့နာမည်ဖျက်သူ၊ မြန်မာ့ရာဇ၀င်ရိုင်းအောင်လုပ်သတွေကို အမျိုးသားညီညွတ်မှုဖြင့် တုံ့ပြန်ချေမှုန်း
    ကြပါစို့

    ReplyDelete