Monday, May 11, 2015

အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်း ထိုင်းကို ရှုံးနိမ့်


၂၀၁၅ အာဆီယံ အ မျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင် ပွဲဗိုလ်လုပွဲတွင် မြန်မာအသင်း သည် အစဉ်အလာ ပြိုင်ဘက် ထိုင်းအသင်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ကာ ဒုတိယဖြင့်သာ ကျေနပ် ခဲ့ရသည်။

မေလ ၁၀ ရက်က ဗီယက် နမ်နိုင်ငံ ဟိုချီမင်းမြို့ သောင်နက် အားကစားကွင်း၌ ကျင်းပခဲ့သည့် ဗိုလ်လုပွဲတွင် မြန်မာအသင်း သည် ထိုင်းအသင်းကို အပြန်အလှန် ဖိအားပေးကစားနိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သဖြင့် အာဆီယံပြိုင်ပွဲတစ်လျှောက် သုံးကြိမ် မြောက် ချန်ပီယံဆုနှင့် ဝေးကွာခဲ့ရသည်။
ထိုင်းအမျိုးသမီးအသင်းအ တွက် ဂိုးများကို ပွဲချိန် ၃၆၊ ၆၅ နှင့် ၇၁ မိနစ်တို့တွင် သွင်းယူခဲ့ခြင်းဖြစ်ပြီး မြန်မာအမျိုးသမီး အသင်းအတွက် ဂိုးများကို ပွဲချိန် ၅၅ မိနစ်တွင် ခင်မိုးဝေကလည်း ကောင်း၊ ပွဲချိန် ၇၄ မိနစ်တွင် ၀င်းသိင်္ဂီထွန်းကလည်းကောင်း သွင်းယူခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်း သည် စိတ်ဓာတ်ပိုင်းနှင့် ကြိုးစား အားထုတ်မှုပိုင်း ကောင်းမွန်ခဲ့ သော်လည်း တစ်ဦးချင်း ခြေစွမ်းနှင့် ကွင်းလယ်ပိုင်းတွင် ထိုင်းအသင်းကို မယှဉ်နိုင်ခဲ့သဖြင့် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်း သည် ထိုင်းအမျိုးသမီးအသင်းကို ပြီးခဲ့သည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအကြိုဗိုလ်လုပွဲ၊ ၂၀၁၄ အာရှဖလားပြိုင်ပွဲ အုပ်စုပွဲတို့တွင် တွေ့ဆုံစဉ်ကလည်း ရှုံးနိမ့်ထားခဲ့ပြီး ယခုနှစ် အာဆီယံပြိုင်ပွဲ ဗိုလ်လုပွဲ၌လည်း ရှုံးကြွေးထပ်တင်ခဲ့သည်။

ထိုင်းအမျိုးသမီးအသင်း သည် အာဆီယံပြိုင်ပွဲတစ် လျှောက် ဒုတိယအကြိမ်မြောက် ချန်ပီယံဆွတ်ခူးခြင်းဖြစ်ပြီး မြန် မာ၊ ဗီယက်နမ်တို့နှင့် ဗိုလ်စွဲသည့် အကြိမ်အရေအတွက် တူညီသွား သည်။

ထိုင်းအသင်းသည် အာဆီယံ အမျိုးသမီးပြိုင်ပွဲတစ်လျှောက် ချန်ပီယံနှစ်ကြိမ်၊ ဒုတိယတစ်ကြိမ်နှင့် တတိယသုံးကြိမ် ရရှိထားသည်။

အာဆီယံပြိုင်ပွဲတစ် လျှောက် ဗိုလ်လုပွဲသို့ ငါးကြိမ်မြောက် တက်ရောက်နိုင်ခဲ့သည့် မြန်မာအမျိုးသမီးအသင်းမှာ သုံး ကြိမ်မြောက် ဒုတိယဆုရရှိခဲ့ခြင်းဖြစ်သည်

မြန်မာအမျိုးသမီးအသင်းသည် ယခုပြိုင်ပွဲတစ်လျှောက် ချန်ပီယံ နှစ်ကြိမ်၊ ဒုတိယ သုံးကြိမ် ရရှိထားသည်။

မြန်မာအမျိုးသမီးအသင်း သည် ၂၀၀၇ အာဆီယံပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်စွဲပြီးနောက် ဗိုလ်လုပွဲသို့ သုံးကြိမ်မြောက် တက်ရောက်နိုင်ခဲ့သော်လည်း ဗိုလ်စွဲ နိုင်ခြင်းမရှိဘဲ ဒုတိယဆုများသာ ရရှိခဲ့သည်။

ဗိုလ်လုပွဲမတိုင်မီ ကျင်းပခဲ့ သည့် တတိယနေရာလုပွဲတွင် သြ စတြေးလျယူ-၂၀ အသင်းက အိမ်ရှင်ဗီယက်နမ်အသင်းကို ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

တတိယနေရာလုပွဲသည် အပြန်အလှန် သွင်းဂိုးများဖြင့် အကြိတ်အနယ် ဖြစ်ခဲ့သော်လည်း ဗီယက်နမ်အသင်းမှာ ရှုံးနိမ့်ခဲ့သဖြင့် အိမ်ရှင်ပြုလုပ်ခဲ့သည့် ပြိုင်ပွဲတွင် စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

အာဆီယံအမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာနှင့်ထိုင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − AFF)
7Day Daily

No comments:

Post a Comment