Monday, June 8, 2015

ပြည်မြို့တွင် လိုင်စင်မဲ့ ဆိုင်ကယ်များ အရေးယူမည်

 ပြည်မြို့တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို စစ်ဆေး အရေးယူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ကုန်လမ်းပို့ဆောင်ရေး ညွှန် ကြားမှူးဦးစီးဌာနက ထုတ်ပေး သည့် တရားဝင်လိုင်စင်မရှိသော ဆိုင်ကယ်များ စစ်ဆေးအရေးယူခြင်းကို ဇွန်လ ၈ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ပြည်မြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက စီစဉ်ခြင်းဖြစ်ကြောင်း ပြည်မြို့၊ ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။‘‘လိုင်စင်မဲ့ဆိုင်ကယ်တွေကို စစ်ဆေးအရေးယူသွားတော့မယ် ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်သိ အောင် ဆောင်ရွက်ပေးဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရဲ့ ညွှန်ကြား ချက်အရ ကြေညာပေးတာပါ။ ပြည်မြို့နယ်အတွင်းပဲလို့ သိရ တယ်’’ ဟု ဆံတော်ရပ်ကွက် အုပ် ချုပ်ရေးမှူး ဦးညွန့်လှိုင်က ပြော ကြားသည်။

လိုင်စင်မဲ့ဆိုင်ကယ်ဝယ်ယူ မောင်းနှင်ခြင်း ပြစ်မှုထင်ရှားပါက ယာဉ်ကို သိမ်းဆည်းနိုင်ပြီး သွင်းကုန်၊ ထုတ်ကုန်ဥပဒေ ၈/၁၀ အရငွေဒဏ်များ ချမှတ်နိုင်သကဲ့သို့ ထောင်ဒဏ်လည်း အများဆုံး ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း ပြည်ခရိုင်ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

 ‘‘လောလောဆယ်တော့ ဒဏ်ငွေရိုက်မယ်လို့ ကြားနေ တယ်။ ပြည်မြို့ကို လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေ နယ်စပ်ဘက်က အမြဲဝင်ရောက်နေသလို အ ရောင်းအ၀ယ်လည်း ဖြစ်နေတာ ပဲ။ ၀ယ်စီးတဲ့ သူတွေလည်း အ များသားပဲ’’ဟု ပြည်မြို့ဒေသခံ တစ်ဦးက ပြောသည်။
7 day

No comments:

Post a Comment