Monday, June 8, 2015

ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ပေးပို့လာသည့် ပြည်သူ့ရင်ဖွင့်သံများကို လုပ်ပိုင်ခွင့် ဘောင်အတွင်းမှ ကြိုးစားပေးမည်ဟု သူရဦးရွှေမန်းပြောကြား

လူမှုကွန်ရက် စာမျက်နှာ မှတစ်ဆင့် တင်ပြလာသည့် ပြည် သူများ၏ ရင်ဖွင့်သံများကို လက် ခံကြိုဆိုနေပြီး လုပ်ပိုင်ခွင့်မူ ဘောင်အတွင်းမှ ကြိုးစားဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ပြည် ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည်။
‘‘ဖေ့စ်ဘွတ်ခ်မှပေးပို့လာ သော ပြည်သူများ၏ ရင်ဖွင့်စ ကားသံများကို လက်ခံကြိုဆို လျက်ရှိပြီး  လွှတ်တော်ဥက္ကဋ္ဌတစ် ယောက်ရဲ့ လုပ်ပေးနိုင်တဲ့ မူ ဘောင်များအတွင်းမှ တိုင်းပြည် အကျိုး၊ ပြည်သူများအကျိုးအ တွက် ကြိုးစားဆောင်ရွက်သွားပါ မယ်။ မိမိနဲ့အတူ ပူးပေါင်းပါဝင် ကြဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်’’ ဟု သူရဦးရွှေမန်းက ဇွန်လ ၇ရက် တွင် ရေးသားထားသည်။

ထို့ပြင် သူရဦးရွှေမန်းကိုယ် တိုင် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့်တင်ပြလာသော ကိစ္စရပ် များကို ပေးပို့သည့်နေ့စွဲ၊ ပေးပို့ သူအမည်၊တင်ပြသည့်အကြောင်း အရာနှင့် မှတ်ချက်ဟူ၍ စနစ်တ ကျပြုစုထားသည့် အစိမ်းရောင် မှတ်တမ်းဖိုင်များ၊ လက်ပ်တော့ ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုနေသည့် ဓာတ်ပုံလေးပုံကိုလည်း ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ တင်ထားသည်။

အစိုးရသစ်အပြောင်းအလဲ ပြုလုပ်သည့် ၂၀၁၁ နောက်ပိုင်း တွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် အချို့အနေဖြင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ကျယ် ကျယ်ပြန့်ပြန့် အသုံးပြုလာကြပြီး အဆိုပါလူမှုကွန်ရက်အသုံးပြုနေ သူများအနေဖြင့် ယင်းစာမျက်နှာ များကို ၀င်ရောက်ကြည့်ရှုဆက် သွယ်မှုများပြားခဲ့သည်။

လက်ရှိပြည်ထောင်စုဝန် ကြီး တာဝန်ထမ်းဆောင်နေသည့် ဦးရဲထွဋ်၊ ဦးအုန်းမြင့်အစရှိသည့် ၀န်ကြီးများလည်း လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုနေကာ လွှတ်တော်ကိုယ်စားလှယ် အများ စုလည်း အသုံးပြုလျက်ရှိသည်။ ၂၀၁၅ ဖေဖော်ဝါရီလဆန်းမှစ၍ ပြည်ထောင်စုလွှတ်တော် နာယ က သူရဦးရွှေမန်းကိုယ်တိုင် ဖေ့စ် ဘွတ်ခ် စတင်အသုံးပြုနေခြင်းဖြစ် သည် ။
7day

No comments:

Post a Comment