Wednesday, June 17, 2015

မၾကာမီ ၾသစေၾတးလ် တစ်ဒေါ်လာ စင်ကာပူ တစ်ဒေါ်လာဖြစ်လိမ့်မည်ဟု သြစတြေးလျဘဏ် ခန့်မှန်း

သြစတြေးလျ ထိပ်တန်းဘဏ်ကြီးမှ ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ အားပျော့ လာနေသည့် သြစတြေးလျဒေါ်လာသည် လာမည့် ၆ လ (သိှု့မဟုတ်) ၁၂ လတွင် စင်ကာပူဒေါ်လာနဲ့ တန်ဖိုးချင်း ညီမျှသွားမည်ဟု ဆိုသည်။ ၂၀၁၂ ခုနှစ်အစောပိုင်းက အမာဆုံးဆင့် စင်ကာပူဒေါ်လာ ၁ ဒသမ ၃၄ နှုန်းကနေ အကြီးအကျယ် ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

လူသုံးကုန်ပစ္စည်း ဈေးနှုန်းများ ကျဆင်းပြီး၊ အမေရိကန်ဒေါ်လာ မာလာခြင်းက သြစတြေးလျ ဒေါ်လာကို တန်ဖိုးကျဆင်းစေခဲ့သည်ဟု National Australia Bank မှ ဈေးကွက်ဆိုင်ရာ စီးပွားရေး ပညာရှင်အကြီးအကဲ အိုင်ဗင်ကိုလ်ဟွန်းက ပြောကြားခဲ့သည်။ အတိုးနှုန်းများ စံချိန်တင် ကျဆင်းသွားခြင်းကလည်း နောက်ထပ်အကြောင်းရင်း တစ်ခုဖြစ်သည်ဟုး ၎င်းက ပြောကြားသည်။

ယခုအခါ သြစတြေးလျမှာ ပညာသင်မယ့် စင်ကာပူ ကျောင်းသားတွေအတွက် စရိတ်စက သက်သာသွားပြီ ဖြစ်သည်ဟုလည်း The Westiun Singapore ဟိုတယ်တွင် ကျင်းပသွားခဲ့သည့် ဘဏ်၏ အာရှ  ရင်းနှီးမြှုပ်နှံသူ ညီလာခံခရီးစဉ်တွင် ကိုလ်ဟွန်းက ပြောကြားသည်။

NAB (National Bank of Australia) ၏ အာရှ ဈေးကွက် မဟာဗျူဟာနှင့် သုတေသနအကြီးအကဲ ခရစ္စတီတန်ကလည်း စင်ကာပူ ငွေကြေး အာဏာပိုင်အဖွဲ့၏ စင်ကာပူဒေါ်လာကို ယှဉ်ပြိုင်စွမ်းရည် မြင့်မားနေစေလိုသည့် ဆန္ဒသည်လည်း ငွေလဲနှုန်းကို လွှမ်းမိုးပြုပြင်နေသည့် နောက်ထပ် အကြောင်းတရား တစ်ခုဖြစ်သည်ဟု ပြောကြားသည်။

သြစတြေးလျဒေါ်လာနှင့် စင်ကာပူဒေါ်လာ တန်ဖိုးချင်း ညီမျှသည့်အထိ ဦးတည်ရွေ့ရှား သွားရန် မျှော်လင့်နေသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။ လက်ရှိတွင် သြစတြေးလျ တစ်ဒေါ်လာလျှင် စင်ကာပူဒေါ်လာ ၁ ဒသမ ၀၄ ရှိနေသည်။

သြစတြေးလျဒေါ်လာ၏ တန်ဖိုး ကျဆင်းမှုမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ဆက်လက်ကျဆင်းဖွယ် မရှိဟု NBAက ဟောကိန်း ထုတ်ထားကြောင်းလည်း ကိုလ်ဟွန်းက ပြောကြားသည်။
mizzima

No comments:

Post a Comment