Friday, June 19, 2015

မြ၀တီ-ကော့ကရိတ်လမ်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား

ကော့ကရိတ်- အာရှလမ်းမကြီး မြ၀တီ-ကော့ကရိတ် လမ်းပိုင်း တွင် ယနေ့နံနက် ၁၁ နာရီခန့်က မြ၀တီမှ ဖြူးသို့ပြေးဆွဲသည့် ခရီး သည် တင်ယာဉ်တစ်စီး တိမ်း မှောက်ခဲ့ပြီး လူဆယ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
‘‘အာရှလမ်း အလယ်ဂိတ် ကုန်းဆင်းမှာဖြစ်တာ။ ကုန်းတက် မှာ ကားကလပ်ကြွေပြီး ဆင်း တော့ ဘရိတ်ပေါက်၊ ကျောက်နံ ရံနဲ့ ဆောင့်တာ’’ဟု မျက်မြင်တွေ့ ရှိသူတစ်ဦးက ပြောသည်။
 အိုအေစစ် ယာဉ်လိုင်းမှ ယာဉ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီးဒဏ်ရာရရှိသူ စာရင်းကိုရဲတပ်ဖွဲ့က အတည်မပြုသေးသော်လည်း ကော့ကရိတ် ဆေးရုံတွင် ကုသနေသည့် လူနာခြောက်ဦးအနက် သက်သာသူ နှစ်ဦးမှာဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ယာဉ်လိုင်းတာဝန်ခံနှင့် တွေ့ဆုံခဲ့သည့် မြို့ခံသတင်းသမား မောင်ကျော်(ကော့ကရိတ်) က ပြောသည်။

မြ၀တီမြို့သို့ ခေါ်ဆောင် သွားသည့် ခရီးသည်များမှာလည်း ပွန်းပဲ့ဒဏ်ရာအနည်းငယ်သာရရှိ ကြသောကြောင့် ၎င်းတို့၏ နေရပ် အသီးသီးသို့ ပြန်သွားကြပြီဖြစ် ကြောင်း ၎င်းကပြောသည်။
အာရှလမ်းမကြီး မြ၀တီ- ကော့ကရိတ်လမ်းပိုင်းကို အသုံး ပြုသည်မှာ လေးလခန့်သာ ရှိ သေးသော်လည်း အိမ်စီးကား တိမ်းမှောက်မှု ငါးကြိမ်ခန့်ဖြစ်ပွား ခဲ့ပြီး ယခု ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။
7 day

No comments:

Post a Comment