Friday, June 19, 2015

တနင်္သာရီတိုင်းဒေသကြီးတွင် အခြေခံပညာကျောင်း ၁၀၀ ကျော် အဆင့်တိုးမြှင့်

တနင်္သာရီတိုင်းဒေသ ကြီးတွင် ယခု ပညာသင်နှစ် အ တွင်း အခြေခံပညာကျောင်း ၁၀၀ ကျော် အဆင့်တိုးမြှင့် ဖွင့်လှစ် လိုက်ကြောင်း တိုင်းဒေသကြီး ပ ညာရေးညွှန်ကြားရေးမှူးရုံးမှ သ တင်းရရှိသည်။
တိုင်းဒေသကြီး အတွင်း ကျောင်းနေအရွယ် ကလေးများ လွယ်ကူစွာပညာသင်ကြားနိုင်ရန် ဒေသအလိုက် လိုအပ်နေသည့် အခြေခံပညာကျောင်းများကို အ ဆင့်တိုးမြှင့်ဖွင့်လှစ်လိုက်ပြီး မူလ တန်းကျောင်းတွင် သတ်မှတ်ဆ ရာ ငါးဦးအပါအ၀င် ဖွဲ့စည်းပုံအ လိုက် ဆရာအင်အားများ တိုးမြှင့် ခန့်ထားမည်ဖြစ်သည်။
၂၀၁၅-၁၆ ပညာသင်နှစ် တွင် တိုင်းဒေသကြီး၌ အခြေခံပ ညာအထက်တန်းကျောင်းခွဲ ၁၄ ကျောင်း၊ အလယ်တန်းကျောင်းခွဲ  ၂၁ ကျောင်း၊ မူလွန်ကျောင်း ၂၈ ကျောင်းနှင့် မူလတန်းကျောင်းခွဲ ၄၂ ကျောင်းကို အဆင့်တိုးမြှင့်ခဲ့ ခြင်းဖြစ်သည်။

အခြေခံပညာကျောင်းများ အဆင့်တိုးမြှင့်ခဲ့ခြင်းကြောင့် တန င်္သာရီတိုင်းဒေသကြီးအတွင်း တွဲ ဖက်အခြေခံပညာ ကျောင်းများ နှင့် ကိုယ့်အားကိုယ်ကိုးမူလတန်း ကျောင်းများ မရှိတော့ကြောင်း သတင်းရရှိသည်။
‘‘နယ်စပ်တွေဘက်မှာ အ တန်းတွေ တိုးပေးလိုက်တော့ ကျောင်းသားတွေအတွက် အ ဆင်ပြေသွားတာပေါ့။ မဟုတ်ရင် အနီးအနားမှာလည်း အလယ် တန်းကျောင်းမရှိတော့ ထားဝယ် မြို့ပေါ်မှာပဲ သွားထားရတယ် လေ။ တချို့ကလည်း မတတ်နိုင် တော့ ရွာမှာရှိတဲ့မူလတန်းမှာပဲ ပြီးသွားကြရတယ်’’ ဟု မူလွန် ကျောင်းအဖြစ် တိုးမြှင့်လိုက်သည့် ထီးထ ဒေသခံတစ်ဦးက ပြောပြ သည်။
ထို့အပြင် ထိုင်း-မြန်မာနယ် စပ်အနီးရှိ ကျေးရွာများတွင် မူလ တန်း ကျောင်းများသာ များပြားပြီး ကျောင်းသားအချို့သည် မူလ တန်းပညာပြီးဆုံးပါက ထိုင်းနိုင်ငံ သို့ သွားရောက်၍ ပညာသင်ကြားလေ့ ရှိကြောင်း ဒေသခံများထံမှ သိရ သည်။
၂၀၁၄-၁၅ ပညာသင်နှစ် တွင် ကိုယ့်အားကိုယ်ကိုးမူလ တန်းကျောင်းများကို အမကခွဲအ ဖြစ် ၆၃ ကျောင်းနှင့် အမက ကျောင်းအဖြစ် ၁၄ ကျောင်း အပါ အ၀င် တိုင်းဒေသကြီး အတွင်း ကျောင်းပေါင်း ၁၆၈ ကျောင်းကို အဆင့်တိုးမြှင့်ခဲ့ပြီး မြိတ်ခရိုင်တွင် အခြေခံပညာကျောင်း အများဆုံး ဖွင့်လှစ်ထားပြီး ယခုပညာသင်နှစ် တွင် ကျောင်းပေါင်း ၇၆၁ကျောင်း ရှိနေကြောင်း သတင်းရရှိသည်။
တနင်္သာရီတိုင်းဒေသကြီး တွင် ကျောင်းများအဆင့်တိုးမြှင့် လိုက်ခြင်းကြောင့် အထက ၅၆ ကျောင်း၊ အလက ၉၅ ကျောင်း၊ အမက၁,၀၃၄ ကျောင်း၊ အထက ခွဲ ၆၀ ကျောင်း၊ အလကခွဲ ၁၁၆ ကျောင်း၊ မူလွန် ၂၁၉ ကျောင်းနှင့် အမကခွဲ ၁၁၃ ကျောင်းဖွင့်လှစ် ထားပြီး ကျောင်းသားအင်အား သုံးသိန်းခန့်ရှိနေကြောင်းသတင်း ရရှိသည်။
7 day

No comments:

Post a Comment