Friday, June 19, 2015

မင်္ဂလာဒုံမှ ဖယ်ရှားခံကျူးများ အစားထိုးနေရာရရန် တောင်းဆို

မင်္ဂလာဒုံမြို့နယ် ပျဉ်း မပင်ကျေးရွာရှိ မွေးမြူရေး ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဝန်ကြီးဌာနပိုင် စားကျက်မြေတွင် ၀င်ရောက်နေ ထိုင်သူ ၃,၀၀၀ ကျော်ကို အင်အားသုံးဖယ်ရှားခဲ့ပြီးနောက် ဖယ်ရှား ခံ ပြည်သူများက အစားထိုးနေရာ တစ်နေရာ ပြန်ရရန် ဇွန်လ ၁၈ ရက်တွင် တောင်းဆိုထားကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ဇွန်လ ၁၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဖယ်ရှားခံ ပြည်သူများက နိုင်ငံတော်သမ္မတကြီးနှင့် လွှတ်တော်သို့ တင်ပြတောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဖယ်ရှားခံရသူ ၃,၀၀၀ ခန့် သည် ပြီးခဲ့သည့် မေလ ၃၁ ရက် တွင် မွေး/ရေ၀န်ကြီးဌာနပိုင် မြေ နေရာ၌ ၀င်ရောက်ကာ တဲများထိုး ၍ နေရာယူခဲ့ပြီး ဇွန်လ ၆ ရက်၌ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက အင်အားသုံး ဖယ်ရှားချိန်တွင် ကျူးကျော်တဲအလုံးရေ ၁၀၀ ကျော်သာ ရှိနေခဲ့ပြီး မြေနေရာသတ်မှတ်မှုများ စတင်ပြုလုပ်နေချိန်၌ ဖယ်ရှားခံရခြင်း ဖြစ်သည်။

‘‘အိမ်ငှားခတွေ၊ အဆောင် ငှားခတွေ ဈေးကြီးနေတဲ့အတွက် ဒီစားကျက်မြေမှာ နေလို့ရတယ် ဆိုပြီး လူမှုရေးလုပ်ငန်းတွေလုပ် တဲ့ နိုင်/ကျဉ်းဟောင်းတစ်ယောက်က ပြောတဲ့အတွက် အန်တီတို့က သွားပြီးဆောက်လုပ်နေထိုင်တာ ပါ။ ဒီမြေက မွေး/ရေ၀န်ကြီးဌာန ပိုင်ဆိုတာလည်း မသိပါဘူး။ အန်တီတို့က မြအိမ်စည်အခမဲ့အိမ်ရာ ထူထောင်ပေးဖို့အကြောင်း သမ္မတ ကြီးဆီကို စာတင်နေတဲ့အချိန်ပဲ ရှိသေးတယ်။ အခုလို ဖယ်ရှားခံ လိုက်ရတာပါ’’ဟု ဖယ်ရှားခံပြည် သူ ဒေါ်သင်းသင်းက ပြောကြားသည်။

မွေး/ရေ၀န်ကြီးဌာနပိုင် မြေ နေရာတွင် ၀င်ရောက်ဆောက် လုပ်နေထိုင်သော တဲများဖယ်ရှား နေစဉ် ဒေသခံများနှင့် မွေး/ရေ၀န် ကြီးဌာနခေါ်ယူထားသော အရပ် ၀တ်လူများ၊ ရဲတပ်ဖွဲ့များနှင့် ရုန်း ရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဒေသခံ ဘက်မှ အမျိုးသမီးနှစ်ဦးဒဏ်ရာ ရရှိခဲ့သည်။

ဇွန်လ ၆ ရက် နံနက် ၅ နာရီ တွင် မွေး/ရေ၀န်ကြီးဌာနမှ တာ ၀န်ရှိသူများ၊ ယင်းဌာနမှ ခေါ်ယူ ထားသော အရပ်ဝတ်လုံခြုံရေး များနှင့် ရဲတပ်ဖွဲ့အပါအ၀င် စုစု ပေါင်းအင်အား ၃၀၀ ခန့်က ကျူးကျော်များကို ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

၈၈ မျိုးဆက်သစ်လူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံတော်ပါ တီမှ ဦးမောင်မောင်မြင့် (ခေါ်) စောအောင်ထင်နှင့် မသင်းအောင်(ခေါ်) မသိန်းသိန်းတို့က လူ ၃၀၀ ခန့်ကို စည်းရုံးကာ မွေး/ရေ၀န်ကြီးဌာနပိုင် မြေနေရာတွင် မေလ ၃၁ ရက်မှစတင်၍ စနစ်တကျကျူး ကျော်ခဲ့ခြင်း ဖြစ်ကြောင်း မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး ဌာန ၀န်ကြီး ဦးအုန်းမြင့်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားထားသည်။

‘‘ဒီစားကျက်မြေက ပထမက ပိုင်ရှင်လည်းမရှိပါဘူး။ ခြံစည်းရိုး တို့၊ နံရံတို့လည်း မခတ်ထားပါ ဘူး။ ဒါကြောင့် အိမ်လခမတတ် နိုင်တဲ့သူတွေက ၀င်ရောက်နေ ထိုင်တာပါ။ အင်အားသုံးအဖျက် ခံလိုက်ရတဲ့သူတွေထဲမှာ နှစ်ပေါင်း ၃၀ လောက် ခြံစိုက်စားနေတဲ့သူ ၁၁ ဦးလည်း ပါသွားတယ်။ သူတို့ ကတော့ ထောက်ကြန့်ရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်။ ဒီနေ့ထိ ဘာမှ မထူးသေးဘူး’’ဟု ကိုစောအောင် ထင်က ပြောသည်။
7 day

No comments:

Post a Comment