Sunday, June 14, 2015

တနင်္သာရီတိုင်းအတွင်း သိမ်းဆည်းခံ မြေယာပြဿနာ ၈၀ ရာခိုင်နှုန်းကျော်ဖြေရှင်းပြီးဟုဆို

တနင်္သာရီတိုင်းအတွင်း သိမ်းဆည်းခံမြေယာများနှင့် ပတ်သက်၍ တိုင်ကြားစာများအနက် ၈၀ ရာခိုင်နှုန်းကျော် ဖြေရှင်းပြီးဖြစ်ကြောင်း လယ်ယာမြေစုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာများအရ သိရသည်။
တိုင်းဒေသကြီးအတွင်း မြေ အသုံးချမှု စီမံခန့်ခွဲရေးနှင့် ပတ် သက်၍ စုံစမ်းရေးကော်မရှင် အစီရင်ခံစာအပိုင်း (၁) မှ အပိုင်း (၈) အထိ တိုင်ကြားစာ အမှုတွဲ ပေါင်း ၃၃၀ ရှိရာ ဖြေရှင်းရန် အမှု တွဲ ၄၀ သာကျန်ရှိတော့ကြောင်း တိုင်းဒေသကြီး မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးမှူးက ပြောကြားသည်။

တိုင်ကြားစာများကြောင့် မြို့ မြေ၊ ရွာမြေနှင့် အများပိုင်မြေများ၊ တောင်သူ ၂၃၄ ဦး၏ မြေယာများ အပါအ၀င် မြေဧရိယာ ၁,၃၃၄ ဧကကို  သက်ဆိုင်ရာ ဌာနများက ဒေသခံများထံ ပြန်လည်လွှဲ ပြောင်းပေးခဲ့ကြောင်း သတင်းရရှိ သည်။

ထို့အပြင် သစ်တောနယ်မြေ များ၊ မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းများကိုလည်း သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်းပေးထား ကြောင်း သတင်းရရှိသည်။

‘‘သက်ဆိုင်ရာ ၀န်ကြီးဌာန တွေက စွန့်လွှတ်ခဲ့တဲ့ နေရာတွေ မှာ ဒေသခံတွေ လုပ်ကိုင်နိုင်ဖို့ ယာယီလုပ်ကိုင်ခွင့်ပုံစံ (၃) နဲ့ ပုံစံ (၇) တွေ ထုတ်ပေးထားတယ်’’ဟု ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ထားဝယ်ခရိုင်အတွင်း မြေ ဧရိယာ ၈၄၃ ဧကကျော် ပြန်လည်လွှဲပြောင်းပေးခဲ့ရာ ဧက ၅၀၀ ကျော်မှာ ပြန်လည်စိုက်ပျိုးနိုင်သည့် နေရာများဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။

တိုင်းဒေသကြီးအတွင်း စွန့် လွှတ်မြေများကို ဒေသအလိုက် ပြန်လည်လွှဲပြောင်းပေးနေရာ ၂၀၁၅ မေလ အတွင်း နောက်ဆုံးလွှဲပြောင်းပေးခဲ့ပြီး မြိတ်မြို့နယ်မှ တောင်သူ လေးဦးအား စွန့်လွှတ်မြေများ ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး  အတွင်းရှိ တိုင်ကြားစာများသည် စုံစမ်းရေး ကော်မရှင်အစီရင်ခံစာ အပိုင်း (၂) နှင့် အပိုင်း (၄) တို့တွင် ပါဝင်ခြင်း မရှိဘဲ ကာကွယ်ရေး၊ ပြည်ထဲရေး၊သတ္တုတွင်းဝန်ကြီးဌာနများအပါ အ၀င် ၀န်ကြီးဌာန ၁၁ ခုနှင့် တိုင်းဒေသကြီး မြေအသုံးချမှု စီမံခန့်ခွဲ ရေးကော်မတီက ဖြေရှင်းရမည့် အမှုတွဲများဖြစ်ကြောင်း တိုင်းဒေ သကြီးမြေစာရင်းဦးစီးမှူးက ပြောသည်။

အစီရင်ခံစာ၏ အခြား အပိုင်းများတွင် ပါဝင်နေသော အမှုတွဲများအားလုံးဖြေရှင်းပြီးဖြစ်ကာအပိုင်း (၈) တွင် အမှုတွဲ ၁၁၇ ခုအနက် ၇၇ ခုသာ ဖြေရှင်းရသေးပြီး ဖြေရှင်းရန်ကျန်ရှိနေသည့် အမှုတွဲ ၄၀ တွင် မြေဧရိယာ ၁,၀၄၈ ဧက ပါဝင်နေကြောင်း သတင်းရရှိသည်။
7 day

No comments:

Post a Comment