Sunday, June 14, 2015

အမေရိကန်ခရီးသွား အော်ပရေတာအသင်း စစ်တမ်းအရ လည်ပတ်ရန် အကောင်းဆုံး ဒေသစာရင်းတွင် မြန်မာ ၂ နှစ်ဆက်တိုက် ပါဝင်

အမေရိကန်နိုင်ငံရှိ ခရီးသွားလုပ် ငန်း အေဂျင်စီများတွင် ကောက် ယူခဲ့သည့် စစ်တမ်းအရ သွား ရောက်လည်ပတ်ရန် အကောင်း ဆုံးဒေသများ၌ မြန်မာနိုင်ငံသည် ၂ နှစ်ဆက်တိုက် ရပ်တည်နေ ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ် ငန်းရှင်များအသင်းထံမှ သတင်း ရရှိသည်။
 ‘‘အမေရိကန်မှာရှိတဲ့ခရီးသွား အော်ပရေတာအသင်းကနေ နိုင်ငံ တစ်ဝန်းက ခရီးသွားအေဂျင်စီတွေ ကို စစ်တမ်းကောက်ယူခဲ့တဲ့အခါ ခရီးသည်တွေသွားဖို့ စိတ်ဝင်စားမှု အများဆုံးနဲ့ ခရီးစဉ်ရောင်းချမှု အ များဆုံးဒေသထဲမှာ မြန်မာနိုင်ငံက ထိပ်ဆုံးမှာ ၂ နှစ်ဆက်တိုက်ရပ် တည်နေပါတယ်’’ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦး နောင်းနောင်းဟန်က ပြောသည်။


အမေရိကန်ခရီးသွားအော်ပ ရေတာအသင်းအနေဖြင့် အဆိုပါ စစ်တမ်းကို ၂၀၁၃ နှင့် ၂၀၁၄ တို့ တွင် ခရီးသည်များစိတ်ဝင်စားမှု အရှိဆုံးခရီးစဉ်ဒေသများကိုတစ် နှစ်တာကာလပတ်လုံး ကောက်ယူ ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၅ တွင် လည်း မြန်မာနိုင်ငံသည် ထိပ်ဆုံးမှ ရပ်တည်နေသည်။

‘‘ပြီးခဲ့တဲ့ ၂ နှစ်လောက်က စပြီး မြန်မာနိုင်ငံရဲ့နိုင်ငံခြားခရီး သွားဧည့်သည်ဝင်ရောက်မှုက ၅၀ ရာခိုင်နှုန်းလောက် နှစ်စဉ်တိုးနေ တယ်။ လက်ရှိမှာလည်း ဧည့်သည် တွေစိတ်ဝင်စားမှုအခံရဆုံး ဒေသ ထဲမှာ ပါဝင်နေတာကို တွေ့ရပါ တယ်’’ဟု ဦးနောင်းနောင်းဟန်ကရှင်းပြသည်။ ၂၀၁၄ အတွင်း၌ မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည်ပေါင်း ၃ ဒသမ ၀၈ သန်းဝင်ရောက်ခဲ့ပြီး ၂၀၁၃ တွင် ၂ ဒသမ ၀၄သန်းကျော်သာ ၀င်ရောက်ခဲ့၍ခရီးသွားဝင်ရောက်မှု တစ်သန်းကျော်တိုးတက်လာခဲ့ကြောင်း ၀န်ကြီးဌာနစာရင်းများအရသိရသည်။
7 day

No comments:

Post a Comment