Thursday, June 25, 2015

ကိုလံဘီယာတိုက်စစ်မှူး မာတီနက်ဇ်ကို အက်သလက်တီကို ယူရို ၃၅ သန်းဖြင့် ခေါ်ယူ


အက်သလက်တီ  ကိုမက်ဒရစ်အသင်းသည် ပေါ်တို မှ ကိုပါအမေရိကပြိုင်ပွဲဝင် ကိုလံ ဘီယာတိုက်စစ်မှူး ဂျက်ဆင်မာ တီနက်ဇ်ကို ယူရို ၃၅ သန်းဝန်း ကျင်ဖြင့် ခေါ်ယူတော့မည် ဖြစ် သည်။
မာတီနက်ဇ်သည် မူလက  အေစီမီလန်နှင့်ချိတ်ဆက်မှုများရှိ ခဲ့သော်လည်း အက်သလက်တီကို ကပေါ်တိုမှတောင်းသည့် ဈေးကို ပေးနိုင်ခဲ့၍ မက်ဒရစ် အသင်းသို့ ရောက်ခဲ့ခြင်းဖြစ်သည်။ ‘‘အ ပြောင်းအရွှေ့ကိစ္စဒီနေ့ပဲ အပြီး သတ်ခဲ့ပါပြီ။ နောက်ဆုံးအချိန်အ ထိ စိတ်ဝင်စားမှုပြခဲ့တဲ့ မီလန်ကို လည်းကျွန်တော်တို့ ကျေးဇူးတင် ချင်ပါတယ်။ သူတို့စိတ်ဝင်စား တာ ကျွန်တော်တို့ကိုဂုဏ်ပြုသလို ခံစားရပါတယ်’’ ဟု ၎င်း၏အေး ဂျင့်ဖြစ်သူ လူးကစပိန်အေအက်စ် အာကစား သတင်းအား ပြော သည်။
ထို့ပြင်အက်သလက်တီကိုသည် လာလီဂါနှင့်ဥရောပတွင် အောင်မြင်သည့် အသင်းတစ်သင်းဖြစ်ပြီး  ထိုအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြရန်မှာ မာတီနက်ဇ်၏ အိပ်မက်ဖြစ်ကြောင်း ၎င်းကဆိုသည်။ မာတီနက်ဇ်သည် ဗီလာရီးရဲလ်မှခေါ်ယူလိုက်သည့် တိုက်စစ်မှူး လူစီယာနိုဗီယက်တိုပြီးနောက် အက်သလက်တီကိုသို့ ဒုတိယမြောက် ရောက်လာသည့် တိုက်စစ်မှူးဖြစ်သည်။ မာတီနက်ဇ်သည် ပေါ်တိုအသင်းတွင် သုံးနှစ်ကစားခဲ့ရာ၌  လိဂ်ဂိုး  ၆၇ ဂိုးသွင်းယူပေးခဲ့ကာ ပြီးခဲ့သည့် ချန်ပီယံလိဂ်ရှစ်ပွဲတွင် ခုနစ်ဂိုးသွင်းထားခဲ့သည်။
ESPN

No comments:

Post a Comment